Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်
ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ Birthday Show ပွဲ အခွေလေးကိုတော့ ဘယ်တော့ ထွက်မှာလည်းဆိုပြီးတော့ တစ်မေးတည်း မေးနေကြတဲ့ ပရိသတ်တွေကို ဝိုင်းစုက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် ကနေ အခုလို ကြေညာခဲ့ပါတယ်။ အစဉ်မပြတ် အားပေး လာကြတဲ့ ဝိုင်းစုရဲ့ ပရိသတ်တွေကိုလည်း အာဘွားလေး ပေးခဲ့ပါသေးတယ်။
''Birthday Show အခွေလေးကိုတော့ 9လပိုင်းမှာ ထုတ်ဖို့အတွက် Confirm ဖြစ်သွားပါပြီလို့ Show အခွေလေး ထွက်ရင်လည်း အားပေး ကြပါဦးလို့ ယနေ့ထက်ထိ ဝိုင်းစုကို စဉ်ဆက်မပြတ် အားပေးကြတဲ့ ချစ်ပရိတ်သတ်ကြီး အားလုံးကို အာဘွား'' ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။
Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်
ပရိသတ်အကြိုက်နဲ့ထပ်တူကျမယ့် ဇာတ်ကားမျိုးပဲရိုက်ချင်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
Birthday Show ပွဲအခွေလေး မထွက်ခင် စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ၂ မိနစ်နဲ့ ၂၉ စက္ကန့်စာ ဗီဒီယိုအမြည်းလေးကို သူ့ရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း တင်ခဲ့ပါသေးတယ်။
''ဝိုင်းစုရဲ့ Birthday Showအခွေ ဘယ်တော့ထွက်မှာလဲလို့ တစ်မေးတည်းမေးပြီး အားပေးဖို့စောင့်မျှော်နေကြတဲ့ ချစ်တဲ့ ချစ်ဆုံးများအတွက်
Birthday Showပွဲနေ့တုန်းက မျက်လှည့်သီချင်းမတိုင်ခင် ပြသွားတဲ့ Video File လေး အရင်တင်ပေးပြီး အမြည်းကျွေး လိုက်တယ်နော်'' ဆိုပြီးတော့ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၅၁ မိနစ်အချိန်တုန်းက ဝိုင်းစုခိုင်သိန်းဆိုတဲ့ သူ့ရဲ့ Facebookpage မှာ တင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုသူ ပရိသတ်ပေါင်း ၂ သောင်းကျော်ရှိခဲ့ပါတယ်။
Photo: ဝိုင်းစုခိုင်သိန်းပေ့ချ်
ဝိုင်းစုရဲ့ မွေးနေ့ရှိုးပွဲလေးကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
Photo: ဝုိင္းစုခုိင္သိန္းေပ့ခ်္
ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အဆုိေတာ္ ဝုိင္းစုခုိင္သိန္းရဲ႕ Birthday Show ပြဲ အေခြေလးကုိေတာ့ ဘယ္ေတာ့ ထြက္မွာလည္းဆုိၿပီးေတာ့ တစ္ေမးတည္း ေမးေနၾကတဲ့ ပရိသတ္ေတြကုိ ဝုိင္းစုက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ ကေန အခုလုိ ေၾကညာခဲ့ပါတယ္။ အစဥ္မျပတ္ အားေပး လာၾကတဲ့ ဝုိင္းစုရဲ႕ ပရိသတ္ေတြကုိလည္း အာဘြားေလး ေပးခဲ့ပါေသးတယ္။
''Birthday Show အေခြေလးကိုေတာ့ 9လပိုင္းမွာ ထုတ္ဖို႔အတြက္ Confirm ျဖစ္သြားပါၿပီလို႔ Show အေခြေလး ထြက္ရင္လည္း အားေပး ၾကပါဦးလို႔ ယေန႔ထက္ထိ ဝိုင္းစုကို စဥ္ဆက္မျပတ္ အားေပးၾကတဲ့ ခ်စ္ပရိတ္သတ္ႀကီး အားလံုးကို အာဘြား'' ဆုိၿပီးေတာ့ ေရးသားခဲ့ပါတယ္။
Photo: ဝုိင္းစုခုိင္သိန္းေပ့ခ်္
ပရိသတ္အႀကိဳက္နဲ႔ထပ္တူက်မယ့္ ဇာတ္ကားမ်ဳိးပဲရုိက္ခ်င္တယ္ဆုိတဲ့ ဝုိင္းစုခုိင္သိန္း
Birthday Show ပြဲအေခြေလး မထြက္ခင္ ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြအတြက္ ၂ မိနစ္နဲ႔ ၂၉ စကၠန္႔စာ ဗီဒီယုိအျမည္းေလးကုိ သူ႔ရဲ႕ေဖ့စ္ဘြတ္ေပ့ခ်္မွာလည္း တင္ခဲ့ပါေသးတယ္။
''ဝိုင္းစုရဲ႕ Birthday Showအေခြ ဘယ္ေတာ့ထြက္မွာလဲလို႔ တစ္ေမးတည္းေမးၿပီး အားေပးဖို႔ေစာင့္ေမွ်ာ္ေနၾကတဲ့ ခ်စ္တဲ့ ခ်စ္ဆံုးမ်ားအတြက္
Birthday Showပြဲေန႔တုန္းက မ်က္လွည့္သီခ်င္းမတိုင္ခင္ ျပသြားတဲ့ Video File ေလး အရင္တင္ေပးၿပီး အျမည္းေကၽြး လိုက္တယ္ေနာ္'' ဆုိၿပီးေတာ့ ဇြန္လ ၂၂ ရက္ေန႔ ညေန ၄ နာရီ ၅၁ မိနစ္အခ်ိန္တုန္းက ဝုိင္းစုခုိင္သိန္းဆုိတဲ့ သူ႔ရဲ႔ Facebookpage မွာ တင္ခဲ့တာျဖစ္ပါတယ္။ ၾကည့္ရႈသူ ပရိသတ္ေပါင္း ၂ ေသာင္းေက်ာ္ရွိခဲ့ပါတယ္။
Photo: ဝုိင္းစုခုိင္သိန္းေပ့ခ်္
ဝုိင္းစုရဲ႕ ေမြးေန႔ရႈိးပြဲေလးကုိေတာ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔က သုဝဏၰဘူမိ Event Park မွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဝုိင္းစုဟာ မက္ေလာက္စရာ၊ မ်က္လွည့္၊ အာဘြား၊ ဂါ၊ မယ္သီတာ စတဲ့ တစ္ကုိယ္ေတာ္အေခြမ်ားစြာကုိ ထြက္ရွိထားၿပီးျဖစ္ပါတယ္။ သူ႔အေနနဲ႔ ဂီတအပိုင္းမွာ ေအာင္ျမင္လာၿပီးတဲ့ေနာက္ သရုပ္ေဆာင္အလုပ္ကုိလည္း သိပ္မလုပ္ျဖစ္ေတာ့ပါဘူး။ သူ႔ရဲ႕ ပရိသတ္ေတြလည္း ႀကိဳက္မယ္၊ သူလည္းႀကိဳက္မယ့္ ဇာတ္ကားေကာင္းေလးေတြ ေတြ႔ရင္ေတာ့ ရုိက္ျဖစ္ရင္ ရုိက္မယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.