• Local Celebrity
    ဇနီးရဲ့ ရာသက်ပန်ဆံပင်အလှူမှာ ပါဝင်ကုသိုလ်ယူနေတဲ့ နေဆန်း
Sabal Thwin
[Unicode Version]

36114131_255017868579932_2391938940081799168_n.jpg 

သရုပ်ဆောင် နေဆန်းရဲ့ ဇနီးနဲ့ သမီးလေးတို့ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ်နဲ့ ယင်းမာမြို့နယ်အတွင်းမှာရှိတဲ့ အလောင်းတော် ကဿဖ ပင်မလမ်းဖြစ်တဲ့ ရွှေဆံပင် လမ်းတံတားလမ်း အတွက် ရွှေဆံပင်ကျောင်းထိုင်ဆရာတော်ကို ရာသက်ပန် ဆံပင်အလှူအဖြစ် ဇွန်လ ၂၄ ရက်နေ့ မှာပဲ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

'' ရွှေဆံပင် လမ်းတံတား ရာသက်ပန် အလှူ သမီးလေး နေနုအလင်း နဲ့ ကျမ တို့ရဲ့ ဆံပင်ကို ကုသိုလ်စိတ်အားထက်သန်စွာ လှူဒါန်းခဲ့လို့ ဝမ်းသာပီတိ'' ဆိုပြီးတော့ သရုပ်ဆောင်နေဆန်းရဲ့ ဇနီးဖြစ်သူ ချောစု ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇွန်လ ၂၄ ရက်နေ့ ဒီနေ့ ၁၁နာရီ ၅၅ မိနစ်က အမှတ်တရ ဓာတ်ပုံလေးတွေနဲ့ တကွ တင်ခဲ့တာဖြစ်ပါတယ်။

36176008_255017918579927_3917000639124602880_n.jpg

ဇနီး၊ သားသား၊ မီးမီးတို့ရဲ့ အချစ်တွေနဲ့ မွေးနေ့ကို ဖြတ်သန်းလိုက်တဲ့ နေဆန်း 

သရုပ်ဆောင်နေဆန်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ချစ်တီး ထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ စားသုံးသူ တွေလာရောက်အားပေးမှုကြောင့်လည်း အောင်မြင်လျှက်ရှိတယ်လို့ သိရပါတယ်။ အခုချိန်မှာလည်း အနုပညာအလုပ်တွေမှာ တစ်ဖက် တစ်လမ်းကနေ အားဖြည့်ကူညီပေးတတ်သူ ဇနီးချောရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက် တို့ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက် ဖြစ်ပါတယ်။ သူတို့ မိသားစုလေးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးလျှက်ရှိကြပါတယ်။

36003024_255017971913255_5741472990931976192_n.jpg 

သရုပ်ဆောင်နေဆန်းဟာ အနုပညာလောကမှာ ရပ်တည်လာတာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပြီး ယနေ့အထိ နာမည်ရနေတဲ့ သရုပ်ဆောင်တတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက် ဖြစ်ခဲ့တဲ့ နေဆန်းဟာ အသက် ၄၀ ကျော် ၅၀ နားကပ်တဲ့အချိန်မှာလည်း ကျရာဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာသမားအစစ်အမှန်ဖြစ်ကြောင်း ပြသနေသူလည်း ဖြစ်ပါတယ်။

[Zawgyi Version]

 

သရုပ္ေဆာင္ ေနဆန္းရဲ႕ ဇနီးနဲ႔ သမီးေလးတုိ႔ကေတာ့ စစ္ကုိင္းတုိင္း ေဒသႀကီး ပုလဲၿမိဳ႕နယ္နဲ႔ ယင္းမာၿမိဳ႕နယ္အတြင္းမွာရွိတဲ့ အေလာင္းေတာ္ ကႆဖ ပင္မလမ္းျဖစ္တဲ့ ေရႊဆံပင္ လမ္းတံတားလမ္း အတြက္ ေရႊဆံပင္ေက်ာင္းထုိင္ဆရာေတာ္ကုိ ရာသက္ပန္ ဆံပင္အလွဴအျဖစ္ ဇြန္လ ၂၄ ရက္ေန႔ မွာပဲ လွဴဒါန္းခဲ့ၾကတယ္လုိ႔ သိရပါတယ္။

'' ေရႊဆံပင္ လမ္းတံတား ရာသက္ပန္ အလွဴ သမီးေလး ေနနုအလင္း နဲ႕ က်မ တို့ရဲ႕ ဆံပင္ကို ကုသိုလ္စိတ္အားထက္သန္စြာ လွဴဒါန္းခဲ့လို့ ဝမ္းသာပီတိ'' ဆုိၿပီးေတာ့ သရုပ္ေဆာင္ေနဆန္းရဲ႕ ဇနီးျဖစ္သူ ေခ်ာစု ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဇြန္လ ၂၄ ရက္ေန႔ ဒီေန႔ ၁၁နာရီ ၅၅ မိနစ္က အမွတ္တရ ဓာတ္ပုံေလးေတြနဲ႔ တကြ တင္ခဲ့တာျဖစ္ပါတယ္။

ဇနီး၊ သားသား၊ မီးမီးတို႔ရဲ႕ အခ်စ္ေတြနဲ႔ ေမြးေန႔ကို ျဖတ္သန္းလုိက္တဲ့ ေနဆန္း 

သရုပ္ေဆာင္ေနဆန္းနဲ႔ သူ႔ရဲ႕ ဇနီးျဖစ္သူတုိ႔ဟာ ကုိယ္ပုိင္စီးပြားေရးတစ္ခုျဖစ္တဲ့ ခ်စ္တီး ထမင္းဆုိင္ကုိလည္း ဖြင့္လွစ္ထားပါတယ္။ စားသုံးသူ ေတြလာေရာက္အားေပးမႈေၾကာင့္လည္း ေအာင္ျမင္လွ်က္ရွိတယ္လုိ႔ သိရပါတယ္။ အခုခ်ိန္မွာလည္း အႏုပညာအလုပ္ေတြမွာ တစ္ဖက္ တစ္လမ္းကေန အားျဖည့္ကူညီေပးတတ္သူ ဇနီးေခ်ာရယ္၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္ တုိ႔ကုိ ပုိင္ဆုိင္ထားတဲ့ ဖခင္တစ္ေယာက္ ျဖစ္ပါတယ္။ သူတုိ႔ မိသားစုေလးကုိလည္း ပရိသတ္ေတြက ခ်စ္ခင္အားေပးလွ်က္ရွိၾကပါတယ္။

 

သ႐ုပ္ေဆာင္ေနဆန္းဟာ အႏုပညာေလာကမွာ ရပ္တည္လာတာ ဆယ္စုႏွစ္တစ္စု ေက်ာ္ခဲ့ၿပီး ယေန႔အထိ နာမည္ရေနတဲ့ သ႐ုပ္ေဆာင္တတ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ငယ္စဥ္က ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲမင္းသားတစ္လက္ ျဖစ္ခဲ့တဲ့ ေနဆန္းဟာ အသက္ ၄၀ ေက်ာ္ ၅၀ နားကပ္တဲ့အခ်ိန္မွာလည္း က်ရာဇာတ္႐ုပ္မွာ ပါဝင္သ႐ုပ္ေဆာင္ရင္း အႏုပညာသမားအစစ္အမွန္ျဖစ္ေၾကာင္း ျပသေနသူလည္း ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs