• Local Celebrity
    မရှိမဖြစ်ကောင်မလေးတစ်ယောက်အကြောင်းပြောလာတဲ့ ဝေလျှံ
Sabal Thwin
[Unicode Version]

35439718_2091883371067353_2009487800478466048_n.jpg 

အဆိုတော် ဝေလျှံကတော့ သူ့ရဲ့ ဘေးမှာ မရှိမဖြစ်လိုအပ်တဲ့ ကောင်မလေးအကြောင်းကို အခုလိုဖွင့်ပြောလာပါတယ်။အဲ့ဒီ ကောင်မလေး ကတော့ ဇနီးဖြစ်သူ သန့်စင်မွန် နဲ့ စတွေ့ခဲ့တဲ့ အမှတ်တရအကြောင်းလေးတွေကို ဝေလျှံက တစ်ဖွဲ့ တစ်နွဲ့ကို ရေးသားထားတာဖြစ်ပါတယ်။

''၂၀၀၉ မှာ ကြူ ပြီး ၂၀၁၀ မှာကြိုက်တယ် ။ ၂၀၁၆ မှာ လက်တွဲပြီး ဘဝနှစ်ခုကို ဘဝတစ်ခုအဖြစ်ပြောင်းတယ်။ ၂၀၁၇ မှာ ဘဝအတွက် အသက်ထက်ချစ်ရမယ့် သားလေး၂ယောက် ရှိလာ တယ်။ ကိုယ့် အတွက် ဘေး ကကောင်မလေးက မရှိ မဖြစ်လို အပ် လာတယ်။ ဘာလို့လဲ ဆိုတော့ သူက Frank & Tank ရဲ့အမေကိုး ကျွန်တော် ကို လဲ သူ့အတွက် မရှိမဖြစ်လိုအပ်မှာပဲလေ ကျွန်တော် ကလဲ Frank & Tank ရဲ့ အဖေ ကိုး'' ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီ ၄၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

35532619_2086195581636132_6924800188229877760_n.jpg

(၈)လပြည့်သွားတဲ့ အမြွှာသားလေးအတွက် ဖေဖေ Waiလျှံရဲ့ ဆုတောင်းစကား 

ဝေလျှံဟာ သူ့ရဲ့ ဇနီးဖြစ်သူမသန့်ဇင်မွန်တို့ဟာ ချစ်သူ သက်တမ်း ၆ နှစ်ကျော်အထိ လက်တွဲခဲ့တာဖြစ်ပါတယ်။ စေ့စပ်ပွဲကိုတော့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က La Plateur Restaurant And Lounge မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

31676593_733624687027562_1552799340869713920_n.jpg 

အဆိုတော်၊ သရုပ်ဆောင် ဝေလျှံနဲ့ မသန့်ဇင်မွန်တို့ဟာ အောက်တိုဘာလ ၂၂ ရက်နေ့က အမြွှာရင်သွေး သားရတနာလေးတွေကို ပိုင်ဆိုင် နိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝီလျှံက ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေပိုလုပ်ချင် လာတယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူတို့ နှစ်ဦးရဲ့အမြွှာသားလေးတွေကတော့ ဇွန်လ ၂၁ ရက်နေ့က ၈ လ ပြည့် သွားပြီဖြစ်ပါတယ်။ သားကြီးလေးကိုတော့ Frank လို့ နာမည်ပေးထားပြီး သားငယ်လေးကိုတော့ Trank ဆိုပြီးတော့ နာမည် ပေးထား တာဖြစ်ပါတယ်။

[Zawgyi Version]

 

အဆုိေတာ္ ေဝလွ်ံကေတာ့ သူ႔ရဲ႕ ေဘးမွာ မရွိမျဖစ္လုိအပ္တဲ့ ေကာင္မေလးအေၾကာင္းကုိ အခုလုိဖြင့္ေျပာလာပါတယ္။အဲ့ဒီ ေကာင္မေလး ကေတာ့ ဇနီးျဖစ္သူ သန္႔စင္မြန္ နဲ႔ စေတြ႔ခဲ့တဲ့ အမွတ္တရအေၾကာင္းေလးေတြကုိ ေဝလွ်ံက တစ္ဖြဲ႕ တစ္ႏြဲ႕ကုိ ေရးသားထားတာျဖစ္ပါတယ္။

''၂၀၀၉ မွာ ၾကဴ ၿပီး ၂၀၁၀ မွာႀကိဳက္တယ္ ။ ၂၀၁၆ မွာ လက္တြဲၿပီး ဘဝႏွစ္ခုကို ဘဝတစ္ခုအျဖစ္ေျပာင္းတယ္။ ၂၀၁၇ မွာ ဘဝအတြက္ အသက္ထက္ခ်စ္ရမယ့္ သားေလး၂ေယာက္ ရွိလာ တယ္။ ကိုယ့္ အတြက္ ေဘး ကေကာင္မေလးက မရွိ မျဖစ္လို အပ္ လာတယ္။ ဘာလို႔လဲ ဆိုေတာ့ သူက Frank & Tank ရဲ႕အေမကိုး ကၽြန္ေတာ္ ကို လဲ သူ႔အတြက္ မရွိမျဖစ္လိုအပ္မွာပဲေလ ကၽြန္ေတာ္ ကလဲ Frank & Tank ရဲ႕ အေဖ ကိုး'' ဆုိၿပီးေတာ့ ဇြန္လ ၂၄ ရက္ေန႔ ေန႔လည္ ၂ နာရီ ၄၃ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

(၈)လျပည့္သြားတဲ့ အျမႊာသားေလးအတြက္ ေဖေဖ Waiလွ်ံရဲ႕ ဆုေတာင္းစကား 

ေဝလွ်ံဟာ သူ႔ရဲ႕ ဇနီးျဖစ္သူမသန္႔ဇင္မြန္တုိ႔ဟာ ခ်စ္သူ သက္တမ္း ၆ ႏွစ္ေက်ာ္အထိ လက္တြဲခဲ့တာျဖစ္ပါတယ္။ ေစ့စပ္ပြဲကိုေတာ့ ၂၀၁၆ ခုႏွစ္ ဇူလုိင္လ ၉ ရက္ေန႔က La Plateur Restaurant And Lounge မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဆုိေတာ္ Wai လွ်ံ နဲ႕ မသန္႕စင္မြန္တုိ႕ရဲ႕ မဂၤလာဧည့္ခံပြဲကို ႏိုဝင္ဘာ (၂၀)ရက္ေန႕က ဆီဒိုးနားဟိုတယ္မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

 

အဆုိေတာ္၊ သရုပ္ေဆာင္ ေဝလ်ွံနဲ႔ မသန္႔ဇင္မြန္တုိ႔ဟာ ေအာက္တုိဘာလ ၂၂ ရက္ေန႔က အျမႊာရင္ေသြး သားရတနာေလးေတြကုိ ပုိင္ဆုိင္ ႏုိင္ခဲ့တာျဖစ္ၿပီး အခုဆုိရင္ ဝီလွ်ံက ဖခင္တစ္ေယာက္ျဖစ္တဲ့အတြက္ သားေလးေတြအတြက္ဆုိတဲ့ စိတ္နဲ႔ အလုပ္ေတြပုိလုပ္ခ်င္ လာတယ္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။ သူတုိ႔ ႏွစ္ဦးရဲ႕အျမႊာသားေလးေတြကေတာ့ ဇြန္လ ၂၁ ရက္ေန႔က ၈ လ ျပည့္ သြားၿပီျဖစ္ပါတယ္။ သားႀကီးေလးကုိေတာ့ Frank လို႔ နာမည္ေပးထားၿပီး သားငယ္ေလးကုိေတာ့ Trank ဆုိၿပီးေတာ့ နာမည္ ေပးထား တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs