• Local Celebrity
    သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုလိုက်တဲ့ ခင်ဇာခြည်ကျော်
Sabal Thwin
[Unicode Version]

36137020_1319230668210747_421221719190011904_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

ဇွန်လ ၂၅ ရက်နေ့(ဒီနေ့) ကတော့ သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာရဲ့ အသက် ၁၄ နှစ်ပြည့် မွေးနေ့လေး ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာ သမီးလေးကို အငယ်ဆုံးလေးမို့ အခုချိန်ထိ ကလေးလေးလိုဘဲ ထင်နေတယ်လို့ဆိုပါတယ်။ သမီးငယ်လေး အတွက် မေမေခင်ဇာခြည်ကျော်ရဲ့ မွေးနေ့ဆုတောင်းစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''Happy Birthday ပါ ချစ်သမီးလေးရေ မေမေ နဲ့မွေးလ အတူတူ ဇွန် လ ၂၅.၆.၂၀၁၈ မှာ အသက် ၁၄ နှစ် ပြည့်ပြီ။ မေ့သမီးလေး ကို အငယ်လေး မို့ ခု ထိ မေမေ က ပုစိ ကွေးလေး လို ထင် နေ တာ၊ သမီး လေး ရေ ယ နေ့ကျရောက် တဲ့ မွေး နေ့ကစပြီး စိတ်ချမ်း သာ ကိုယ် ကျန်းမာစွာ နဲ့ ပညာ ရေး မှာ ထူး ချွန် ထက်မြက်ပါစေ။ မိဘကျေးဇူး ကို သိတတ် နားလည် တဲ့ သမီး လေး ဖြစ်ပါစေလို့ မေမေ က ဆုမွန် ကောင်းတောင်း လိုက် ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီး ။ ချစ်တဲ့ မေမေ ခင်ဇာခြည်ကျော်'' ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ည 00 နာရီ ၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

36064226_1319230598210754_6314522126158135296_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

သားဖြစ်သူကို ရုပ်ရှင်ရိုက်ခွင့်မပြုသေးဘူးဆိုတဲ့ ခင်ဇာခြည်ကျော် 

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။

36225054_1319230748210739_5846693870003290112_n.jpg

Photo: ခင်ဇာခြည်ကျော်ဖေ့စ်ဘွတ်

 

ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။ ခင်ဇာခြည်ကျော်တို့ရဲ့ မိသားစုပုံစံလေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။

[Zawgyi Version]


 







 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs