• Local Celebrity
    အိမ်ထောင်သက်တမ်း (၁၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ ခီစုံတွဲ
Ei Ei Myat
[Unicode Version]

36223748_1657034881081879_4096126167214456832_n.jpg

Photo : ငြိမ်းကို

 

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ခီစုံတွဲလေးဟာ ဒီနေ့(ဇွန်လ၂၅ရက်)မှာ အိမ်ထောင်သက် (၁၂)နှစ်ပြည့်လို့သွားပါပြီ။ သူတို့နှစ်ယောက်ရဲ့ (၁၂)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးကိုလည်း အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည် အလှူကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ပင်ရွှေညောင်လမ်း မြနန္ဒာကမ္ဘောဇ ဘုန်းကြီးကျောင်းမှာ ပရိသတ်တွေနဲ့အတူ အလှူကျင်းပခဲ့ပါတယ်။

36176441_603825299997103_892689577876127744_n.jpg

Photo : zar chi

 

ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ လွန်ခဲ့တဲ့  (၁၈)နှစ် ဇွန်လ(၁၂) ရက်နေ့ကစပြီး သမီးရည်းစားစဖြစ်ခဲ့တာတဲ့။ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

'' ငယ်ငယ်ကတည်းက တွဲလာကြတာ ကောင်းဖော်၊ ဆိုးဖက် တွေပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဖေးမတယ်၊ သူငယ်ချင်းတွေလို ဖြစ်နေတာပေါ့။ အဲ့ဒီဘဝက လာတာဆိုတော့ သက်သက်ကြီး ဘာမှ လုပ်ယူဖို့ မလိုဘူးလေ။ ကျွန်တော်လိုရင် သူဘေးမှာ အမြဲရှိပေးမယ်၊ သူလိုရင်လည်း ကျွန်တော် ဘေးမှာ အမြဲရှိပေးတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဇဏ်ခီက ဖြေဆိုခဲ့တာပါ။

36086894_603825359997097_7738601756728229888_n.jpg

Photo : zar Chi

ဇဏ်ခီ နဲ့ သားလေးအတွက် ဆုတောင်းစကားပြောလိုက်တဲ့ ခရစ္စတီးနားခီ 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

36063944_2042244029347854_1008385272297029632_n.jpg

Photo : zar chi

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

[Zawgyi Version]

Photo : ငြိမ်းကို

 



Photo : zar chi

 



Photo : zar Chi



Photo : zar chi

 



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs