• Local Celebrity
    အစ္စဏီရဲ့အမှုမှာ "သုတ်ပိုးတွေ့ရှိခြင်းမရှိ"ဟု မှုခင်းဆရာဝန်ထွက်ဆို
Ei Ei Myat
[Unicode Version]

1 (1).jpg 

မုဒိမ်းမှု အပါအဝင် ပုဒ်မ(၃)ခုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(ဇွန်လ၂၅ရက်)မှာ (၇)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။  ဒီနေ့ ရုံးထုတ်စစ်ဆေးမှုမှာ တရားလိုနဲ့ မှုခင်းဆရာဝန်တို့ကို  စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်များအရ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံရသူတို့မှာ သုတ်ပိုး၊ သုတ်ရည်တွေ့ရှိခဲ့ခြင်း မရှိခဲ့ဘူးလို့ စွပ်စွဲခံရသူရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ့ ဦးကျော်ဇင်ဦးက  ဗီဒီယာတွေကို ပြောခဲ့ပါတယ်။

34133054-254549875106190-641200890300071936-n.jpg

"ဒီမုဒိမ်းမှုနဲ့ ပတ်သက်ပြီး သုတ်ပိုး၊ သုတ်ရည်အဓိကတွေ့ရှှိရမှာ၊ အခု ကျင့်တဲ့သူရော ၊ အကျင့်ခံရတဲ့သူရောမှာ မရှိပါဘူးဆို မီဒီယာတွေရော ဘယ်လို အဖြေပေးမလဲ" လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေက ဒီနေ့(ဇွန်လ၂၅ရက်) ရုံးထုတ်အပြီးမှာ ပြောခဲ့တာပါ။

ထို့အပြင် နောက်တစ်ကြိမ် ရုံးချိန်းမှာ သက်သေအဖြစ် တင်ပြခဲ့တဲ့ Cele 7 ဗီဒီယိုဖိုင်ကို သက်သေအဖြစ် လက်ခံခြင်း ရှိ၊မရှိကို တရားရုံးက ဇူလိုင် (၂) ရက်နေ့မှာ ဆုံးဖြတ်ပြီး အမိန့်ချသွားမှာ ဖြစ်သလို တရားလိုအားဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

33083061-490638924686965-942140822004957184-n.jpg

 

(၇)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုမှာ အဆိုတော် အစ္စဏီက ယခုအချိန်အထိ သူ့ကို ယုံကြည်ပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်း မီဒီယာများကို ဖြေဆိုပေးခဲ့ပါသေးတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

3 (1).jpg 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

[Zawgyi Version]

 

မုဒိမ္းမႈ အပါအဝင္ ပုဒ္မ(၃)ခုနဲ႕ တရားစြဲဆိုျခင္း ခံထားရတဲ့ အဆိုေတာ္ အစၥဏီကို ဒီေန႕(ဇြန္လ၂၅ရက္)မွာ (၇)ႀကိမ္ေျမာက္ ရံုးထုတ္စစ္ေဆး ခဲ့ပါတယ္။  ဒီေန႕ ရုံးထုတ္စစ္ေဆးမႈမွာ တရားလိုနဲ႕ မႈခင္းဆရာဝန္တို႕ကို  စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့တယ္လို႕ သိရပါတယ္။ မႈခင္းဆရာဝန္ရဲ႕ ထြက္ဆိုခ်က္မ်ားအရ တရားလိုျဖစ္သူနဲ႕ စြပ္စြဲခံရသူတို႕မွာ သုတ္ပိုး၊ သုတ္ရည္ေတြ႕ရွိခဲ့ျခင္း မရွိခဲ့ဘူးလို႕ စြပ္စြဲခံရသူရဲ႕ ေရွ႕ေနျဖစ္သူ တရားလြႊတ္ေတာ္ ေရွ႕ေန႕ ဦးေက်ာ္ဇင္ဦးက  ဗီဒီယာေတြကို ေျပာခဲ့ပါတယ္။

"ဒီမုဒိမ္းမႈနဲ႔ ပတ္သက္ၿပီး သုတ္ပိုး၊ သုတ္ရည္အဓိကေတြ႕ရွွိရမွာ၊ အခု က်င့္တဲ့သူေရာ ၊ အက်င့္ခံရတဲ့သူေရာမွာ မရွိပါဘူးဆို မီဒီယာေတြေရာ ဘယ္လို အေျဖေပးမလဲ" လို႔ စြပ္စြဲခံရသူရဲ႕ ေရွ႕ေနက ဒီေန႕(ဇြန္လ၂၅ရက္) ရံုးထုတ္အၿပီးမွာ ေျပာခဲ့တာပါ။

ထို႕အျပင္ ေနာက္တစ္ႀကိမ္ ရံုးခ်ိန္းမွာ သက္ေသအျဖစ္ တင္ျပခဲ့တဲ့ Cele 7 ဗီဒီယိုဖိုင္ကို သက္ေသအျဖစ္ လက္ခံျခင္း ရွိ၊မရွိကုိ တရားရံုးက ဇူလိုင္ (၂) ရက္ေန႕မွာ ဆံုးျဖတ္ၿပီး အမိန္႕ခ်သြားမွာ ျဖစ္သလုိ တရားလိုအားဆက္လက္စစ္ေဆးသြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။

 

(၇)ႀကိမ္ေျမာက္ ရံုးထုတ္စစ္ေဆးမႈမွာ အဆုိေတာ္ အစၥဏီက ယခုအခ်ိန္အထိ သူ႕ကို ယံုၾကည္ေပးခဲ့ၾကတဲ့ ပရိသတ္မ်ားကို ေက်းဇူးတင္ေၾကာင္း မီဒီယာမ်ားကို ေျဖဆိုေပးခဲ့ပါေသးတယ္။

ဧၿပီလ ၁၂ ရက္ေန႔က အဆို္ေတာ္အစၥဏီက ရည္းစားေဟာင္း ေမာ္ဒယ္အမ်ိဳးသမီးကုိ အလုိမတူဘဲ အဓမၼျပဳက်င့္ခဲ့တဲ့အျပင္ ကုိယ္လက္ အဂါၤေတြကိုလည္း နာက်င္ေအာင္ ရိုက္ႏွက္ခဲ့တာေတြ ျပဳလုပ္ခဲ့လို႔ ေမာ္ဒယ္စူးရွထက္က အမႈဖြင့္ တုိင္ၾကားထားေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

 

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန (ပ) ၃၆၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ္းမႈ၊ တံုးေသာ လက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ၊ ခၽြန္ေသာလက္နက္ျဖင့္ သာမန္နာက်င္ေစမႈတိုနဲ႔ အမႈဖြင့္အေရးယူခဲ့ၿပီး ေမလ ၁၀ ရက္ေန႔မွာ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs