• Local Celebrity
    ဘယ်သူ့ကြောင့်မှ ပြောင်းလဲချင်စိတ်မရှိတော့ဘူးဆိုတဲ့ Bella
Sabal Thwin
[Unicode Version]

25348440_1883933455270376_1828489597751483315_n.jpg 

အလှမယ် Bella (ခ) မြတ်သီရိလွင် ဟာ အချစ်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖွင့်ဟထားတာပါ။ သူ့အနေနဲ့ ဘယ်သူ့ ဘယ်သူကြောင့်မှ ကိုယ့်ကိုယ်ကိုပြောင်းလဲ လာချင်စိတ်မရှိတော့ဘူးဆိုပြီးတော့လည်း ရေးသားထား တာကို တွေ့ရပါတယ်။

'' အခုနောက်ပိုင်း ဘယ်သူ့ဘယ်သူကြောင့်မှ ကိုယ့်ကိုယ်ကို ပြောင်းလဲလာချင်စိတ် မရှိတော့ဘူး။ အရင်တုန်းကဆို ကိုယ်ကြိုက်နေတဲ့ သူပဲဖြစ်ဖြစ် ချစ်သူရည်းစားကပဲဖြစ်ဖြစ် ကိုယ့်ပုံစံမဟုတ်ဘဲ သူတို့ကြိုက်တဲ့ (ကြိုက်မယ်ထင်တဲ့) ပုံစံလေးတွေကြိုးစားပြီးနေတယ်။ ဥပမာ- ကိုယ်ကဆံပင်အတိုလေးကြိုက်ပေမယ့်သူကဆံပင်အရှည်ကြိုက်လို့ထိန်းသိမ်းပြီးထားဖြစ်တာမျိုးလောက်ပေါ့။ နောက်ပိုင်းကျတော့ ကိုယ်ဟာ ကိုယ်မဟုတ်တော့သလိုခံစားရပြီးတော့ ဘဝမှာနေရတာမပျော်တော့ဘူး။ တချို့အရာတွေဆို သူဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာလို့စိတ်ညစ် ရတဲ့အထိလောက်ဖြစ်ခဲ့ကြမယ်။ လောကကြီးမှာကြည့်လိုက်ရင် ဘဝကိုတန်အောင်ဖြတ်သန်းကြပြီးပျော်ရွှင်နေကြတဲ့သူအများစုဟာ ကိုယ့်ကိုယ် ကို အရှိကိုအရှိအတိုင်းလက်ခံကြပြီး သူများထက် ကိုယ့်ကိုယ်ကို ပိုချစ်တဲ့ သူတွေကြီးပဲ။ သူများပါးစပ်နဲ့အသက်ရှင်မယ့်အစား ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာ ပိုပျော်စရာမကောင်းဘူးလား'' ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ည ၁၀နာရီ ၂၂ မိနစ် အချိန်က ရေးသားခဲ့တာဖြစ်ပါတယ်။

27750646_1911794669150921_6303256673819281407_n.jpg

Lesbian လားဆိုတဲ့ မေးခွန်းကို ပြန်ဖြေရှင်းလိုက်တဲ့ Bella 

Bella အနေနဲ့ ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလည်း လက်ခံပေးနိုင်ရမယ် ဆိုတဲ့ အကြောင်းအရာလေးကိုလည်း ထပ်ပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။

''ကိုယ်ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ဘာစားချင်လဲ ဘယ်လိုနေချင်လဲ၊ ဒီနေ့မိတ်ကပ်မလိမ်းချင်ဘူးလား၊ မနက်ဖြန် မသွားချင်တဲ့နေရာကို တစ်ဦးတစ်ယောက်ရဲ့သဘော (ပျော်ရွှင်မှု) ကြောင့်မသွားချင်ဘူးလား၊ ဂါဝန်တိုလေးဝတ်ပြီးသူငယ်ချင်းတွေနဲ့မုန့်သွားစားချင်လား၊ အားရပါးရရီချလိုက်ချင်လား စသဖြင့်လုပ်ချင်တာတွေ ရှိနေပြီး တစုံတယောက်ကြောင့် ကိုယ့်အခွင့်အရေးတွေတားစီးခံနေရပြီလား။ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်းလက်ခံပေးနိုင်ရမယ်။ ဒါမှမဟုတ် သူ့ကိုအရမ်းချစ်လို့သူဘယ်လိုလေးကြိုက်တတ်တယ် ကိုယ့်အတွက်လဲ အံဝင်ဂွင်ကျဖြစ်မယ် ကိုယ်လဲပျော်မယ်ဆိုရင်တော့လုပ်ပါအဓိကက `ကိုယ်ပြောင်းလဲလာမှသူပိုချစ်လာမယ်’ မဟုတ်ပါဘူး။ ကိုယ်ဒီလိုလေးဖြစ်နေလို့ကိုသူကချစ်နေတာပါ’ ဆိုတာပါ'' လို့ ရေးသားခဲ့ပါသေးတယ်။

23519261_1867400080257047_6235385591119959838_n.jpg 

Bella ဟာ အချစ်ရေးနဲ့ ပတ်သက်လို့ တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ယောကျ်ားလေးတစ်ဦးနဲ့ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ သတင်းထွက်တာမျိုးလည်း မရှိတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်း ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

 

အလွမယ္ Bella (ခ) ျမတ္သီရိလြင္ ဟာ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြကုိ ဖြင့္ဟထားတာပါ။ သူ႔အေနနဲ႔ ဘယ္သူ႔ ဘယ္သူေၾကာင့္မွ ကုိယ့္ကုိယ္ကုိေျပာင္းလဲ လာခ်င္စိတ္မရွိေတာ့ဘူးဆုိၿပီးေတာ့လည္း ေရးသားထား တာကုိ ေတြ႕ရပါတယ္။

'' အခုေနာက္ပိုင္း ဘယ္သူ ့ဘယ္သူေၾကာင့္မွ ကုိယ့္ကိုယ္ကို ေျပာင္းလဲလာခ်င္စိတ္ မရွိေတာ့ဘူး။ အရင္တုန္းကဆို ကုိယ္ၾကိဳက္ေနတဲ့ သူပဲျဖစ္ျဖစ္ ခ်စ္သူရည္းစားကပဲျဖစ္ျဖစ္ ကုိယ့္ပံုစံမဟုတ္ဘဲ သူတို ့ၾကိဳက္တဲ့ (ၾကိဳက္မယ္ထင္တဲ့) ပံုစံေလးေတြၾကိဳးစားျပီးေနတယ္။ ဥပမာ- ကုိယ္ကဆံပင္အတိုေလးၾကိဳက္ေပမယ့္သူကဆံပင္အရွည္ၾကိဳက္လို ့ထိန္းသိမ္းျပီးထားျဖစ္တာမ်ိဳးေလာက္ေပါ့။ ေနာက္ပိုင္းက်ေတာ့ ကုိယ္ဟာ ကုိယ္မဟုတ္ေတာ့သလိုခံစားရျပီးေတာ့ ဘဝမွာေနရတာမေပ်ာ္ေတာ့ဘူး။ တခ်ိဳ့အရာေတြဆို သူျဖစ္ေစခ်င္တဲ့အတိုင္းမျဖစ္လာလို ့စိတ္ညစ္ ရတဲ့အထိေလာက္ျဖစ္ခဲ့ၾကမယ္။ ေလာကၾကီးမွာၾကည့္လိုက္ရင္ ဘဝကိုတန္ေအာင္ျဖတ္သန္းၾကျပီးေပ်ာ္ရႊင္ေနၾကတဲ့သူအမ်ားစုဟာ ကိုယ့္ကိုယ္ ကို အရွိကိုအရွိအတိုင္းလက္ခံၾကျပီး သူမ်ားထက္ ကိုယ့္ကိ္ုယ္ကို ပိုခ်စ္တဲ့ သူေတြၾကီးပဲ။ သူမ်ားပါးစပ္နဲ ့အသက္ရွင္မယ့္အစား ကုိယ္ျဖစ္ခ်င္တာကို ကုိယ္တိုင္ဆံုးျဖတ္ခ်က္နဲ ့လုပ္တာ ပိုေပ်ာ္စရာမေကာင္းဘူးလား'' ဆုိၿပီးေတာ့ ဇြန္လ ၂၅ ရက္ေန႔ည ၁၀နာရီ ၂၂ မိနစ္ အခ်ိန္က ေရးသားခဲ့တာျဖစ္ပါတယ္။

Lesbian လားဆိုတဲ့ ေမးခြန္းကို ျပန္ေျဖရွင္းလိုက္တဲ့ Bella 

Bella အေနနဲ႔ ကုိယ့္ကုိ တကယ္ခ်စ္ရင္ ကုိယ့္ရဲ႕ ျဖစ္တည္မႈကုိလည္း လက္ခံေပးႏုိင္ရမယ္ ဆုိတဲ့ အေၾကာင္းအရာေလးကုိလည္း ထပ္ၿပီးေတာ့ ေရးသားထားတာကုိ ေတြ႔ရပါတယ္။

''ကိုယ္ဘာျဖစ္ခ်င္လဲ ဘာလုပ္ခ်င္လဲ ဘာစားခ်င္လဲ ဘယ္လိုေနခ်င္လဲ၊ ဒီေန ့မိတ္ကပ္မလိမ္းခ်င္ဘူးလား၊ မနက္ျဖန္ မသြားခ်င္တဲ့ေနရာကို တစ္ဦးတစ္ေယာက္ရဲ့သေဘာ (ေပ်ာ္ရႊင္မႈ) ေၾကာင့္မသြားခ်င္ဘူးလား၊ ဂါဝန္တိုေလးဝတ္ျပီးသူငယ္ခ်င္းေတြနဲ ့မုန္ ့သြားစားခ်င္လား၊ အားရပါးရရီခ်လိုက္ခ်င္လား စသျဖင့္လုပ္ခ်င္တာေတြ ရွိေနျပီး တစံုတေယာက္ေၾကာင့္ ကိုယ့္အခြင့္အေရးေတြတားစီးခံေနရျပီလား။ ကိုယ့္ကိုတစ္ကယ္ခ်စ္ရင္ ကုိယ့္ရဲ့ျဖစ္တည္မႈကုိလည္းလက္ခံေပးနိုင္ရမယ္။ ဒါမွမဟုတ္ သူ ့ကိုအရမ္းခ်စ္လို ့သူဘယ္လိုေလးၾကိဳက္တတ္တယ္ ကုိယ့္အတြက္လဲ အံဝင္ဂြင္က်ျဖစ္မယ္ ကုိယ္လဲေပ်ာ္မယ္ဆိုရင္ေတာ့လုပ္ပါအဓိကက `ကုိယ္ေျပာင္းလဲလာမွသူပိုခ်စ္လာမယ္’ မဟုတ္ပါဘူး။ ကုိယ္ဒီလိုေလးျဖစ္ေနလို ့ကိုသူကခ်စ္ေနတာပါ’ ဆိုတာပါ'' လုိ႔ ေရးသားခဲ့ပါေသးတယ္။

 

Bella ဟာ အခ်စ္ေရးနဲ႔ ပတ္သက္လုိ႔ တည္ျငိမ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ေယာက်္ားေလးတစ္ဦးနဲ႔ ခ်စ္တယ္ ႀကိဳက္တယ္ဆုိတဲ့ သတင္းထြက္တာမ်ဳိးလည္း မရွိတဲ့သူတစ္ေယာက္ပါ။ သူ႔အေနနဲ႔ Miss Myanmar World 2016 ႏုိင္ငံကုိယ္စားျပဳအလွမယ္တစ္ေယာက္ျဖစ္ၿပီး ၿပိိဳင္ပြဲ ၿပီးသြားတဲ့ေနာက္မွာ တီဗီေၾကာ္ျငာေတြ၊ မဂၢဇင္းဓာတ္ပုံေတြ လည္း ရုိက္ကူးလာရတဲ့ အႏုပညာရွင္အသစ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ အႏုပညာနဲ႔ ပတ္သက္လာရင္ေတာ့ သရုပ္ေဆာင္ဘက္ကုိလည္း အခြင့္အေရးေပးခဲ့မယ္ဆုိရင္ ႀကိဳးစားခ်င္ေသးတယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs