• Local Celebrity
    ဖခင်ရဲ့မွေးနေ့မှာ အလှူလုပ်ရင်း ကုသိုလ်ယူနေတဲ့ မင်းဦး
Sabal Thwin
[Unicode Version]

36176010_995466977276518_6469897369864372224_n.jpg 

သရုပ်ဆောင်အကယ်ဒမီ မင်းဦးတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ မင်းဦးရဲ့ ဖခင်ဖြစ်သူ အသက် ၈၄ နှစ် ပြည့်မွေးနေ့ နဲ့ ဖားအောက်ဆရာတော်ဘုရားကြီး သက်တော် ၈၄ နှစ်ပြည့် တို့ရဲ့ မွေးနေ့အလှူကို ဇွန်လ ၂၆ ရက်နေ့ ဒီနေ့မနက်မှာပဲ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

'' ဒီနေ့ထူးခြားစွာပဲ ဖားအောက်ဆရာတော်ဘုရား ကြီးသက်တော် ၈၄နှစ်ပြည့် မွေးနေ့ နှင့် ကျွန်တော့အဖေ အသက် ၈၄နှစ်ပြည့်မွေးနေ့ အတွက် ကောင်းမှုကုသိုလ်များပြု့ခဲ့ပါတယ် အားလုံးဘဲအမျှရကြပါစေဗျာ။ ဆရာတော်ဘုရားကြီးနင့်အဖေ အသက်ရာကျော်ရှည်ပါစေ'' ဆိုပြီးတော့ ဇွန်လ ၂၆ ရက်  နေ့လယ် ၁၁နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

36176948_995467093943173_3553466811825520640_n.jpg

ဇနီးဖြစ်သူက အများကြီးပိုချစ်တယ်လို့ ဆိုလာတဲ့ မင်းဦး 

အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်မင်းဦးဟာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ထားတဲ့ ဇာတ်ကားတွေကိုလည်း ၂၀၁၈ ခုနှစ်ထဲမှာ ရုံတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပါတယ်။ အနုပညာအလုပ်တွေ လက်မလည်အောင်ဆောင်ရွက်နေရတဲ့ မင်းဦးကို ဇနီးဖြစ်သူ မခိုင်ဝေလွင်က အစစအရာရာ နားလည်ပေးမှုရှိတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာတော့ ဇနီးဖြစ်သူ မခိုင်ဝေလွင်က ပိုပြီးတော့ အချစ်ပိုတယ်လို့ Duwun Media ရဲ့ အင်တာ ဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

36294295_995467293943153_2704429563559018496_n.jpg 

မင်းဦးနဲ့ ခိုင်ဝေလွင်တို့ဟာ ချစ်သူသက်တမ်း ၁၁ နှစ်ကျော်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက လက်ထပ်ခဲ့တဲ့ သူတို့နှစ်ဦးက မိသားစုဘဝလေးတည်ဆောက်ချင်ပြီဖြစ်ပေမဲ့ အခုထိတော့ သားသမီး မထွန်းကားသေးပါဘူး။

[Zawgyi Version]

 

သရုပ္ေဆာင္အကယ္ဒမီ မင္းဦးတုိ႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ဟာ ဇြန္လ ၂၆ ရက္ေန႔မွာ က်ေရာက္တဲ့ မင္းဦးရဲ႕ ဖခင္ျဖစ္သူ အသက္ ၈၄ ႏွစ္ ျပည့္ေမြးေန႔ နဲ႔ ဖားေအာက္ဆရာေတာ္ဘုရားႀကီး သက္ေတာ္ ၈၄ ႏွစ္ျပည့္ တုိ႔ရဲ႕ ေမြးေန႔အလွဴကုိ ဇြန္လ ၂၆ ရက္ေန႔ ဒီေန႔မနက္မွာပဲ ေနအိမ္မွာ ျပဳလုပ္ခဲ့ပါတယ္။

'' ဒီေန႔ထူးျခားစြာပဲ ဖားေအာက္ဆရာေတာ္ဘုရား ႀကီးသက္ေတာ္ ၈၄ႏွစ္ျပည့္ ေမြးေန႔ ႏွင့္ ကၽြန္ေတာ့အေဖ အသက္ ၈၄ႏွစ္ျပည့္ေမြးေန႔ အတြက္ ေကာင္းမႈကုသိုလ္မ်ားျပဳ႕ခဲ့ပါတယ္ အားလုံးဘဲအမွ်ရၾကပါေစဗ်ာ။ ဆရာေတာ္ဘုရားႀကီးနင့္အေဖ အသက္ရာေက်ာ္ရွည္ပါေစ'' ဆုိၿပီးေတာ့ ဇြန္လ ၂၆ ရက္  ေန႔လယ္ ၁၁နာရီ ၅၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါတယ္။

ဇနီးျဖစ္သူက အမ်ားႀကီးပုိခ်စ္တယ္လုိ႔ ဆုိလာတဲ့ မင္းဦး 

အႏုပညာအလုပ္ေတြမွာလည္း ေအာင္ျမင္မႈရရွိေနတဲ့ သရုပ္ေဆာင္မင္းဦးဟာ ကုိယ္တုိင္ ဒါရုိက္တာအျဖစ္ ရုိက္ထားတဲ့ ဇာတ္ကားေတြကုိလည္း ၂၀၁၈ ခုႏွစ္ထဲမွာ ရုံတင္ႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။ သရုပ္ေဆာင္အေနနဲ႔ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးေနရပါတယ္။ အႏုပညာအလုပ္ေတြ လက္မလည္ေအာင္ေဆာင္ရြက္ေနရတဲ့ မင္းဦးကုိ ဇနီးျဖစ္သူ မခုိင္ေဝလြင္က အစစအရာရာ နားလည္ေပးမႈရွိတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ ႏွစ္ေယာက္ရဲ႔ အိမ္ေထာင္ေရးမွာေတာ့ ဇနီးျဖစ္သူ မခုိင္ေဝလြင္က ပိုၿပီးေတာ့ အခ်စ္ပုိတယ္လုိ႔ Duwun Media ရဲ႕ အင္တာ ဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

 

မင္းဦးနဲ႔ ခုိင္ေဝလြင္တို႔ဟာ ခ်စ္သူသက္တမ္း ၁၁ ႏွစ္ေက်ာ္မွာ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာလအတြင္းက လက္ထပ္ခဲ့တဲ့ သူတို႔ႏွစ္ဦးက မိသားစုဘဝေလးတည္ေဆာက္ခ်င္ၿပီျဖစ္ေပမဲ့ အခုထိေတာ့ သားသမီး မထြန္းကားေသးပါဘူး။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs