သရုပ်ဆောင်မေသက်ခိုင်တစ်ယောက် ဇွန်လ ၂၅ ရက်နေ့က သူ့ရဲ့ သွေးနဲ့ လူနာတစ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ခါ သွေးလှူဒါန်းမှုကတော့ မေသက်ခိုင်အတွက် စတုတ္ထမြောက် သွေးလှူဒါန်းမှု ဖြစ်ပါတယ်။
'' မင်္ဂလာပါလေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်ရှိခြင်း။ 25.6.2018(6:55pm/9:11pm) A+ သွေးအလှူရှင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မမေသက်ခိုင်အားလူနာရှင်များကိုယ်စားအထူးကျေးဇူးတင်ရှိရပါသည်။ လူနာအမည် ဦးသိန်းကျော်၊ အသက် (၅၈)နှစ်၊ ဖြစ်ပွား ရောဂါ သွေးအားနည်းသွေးအမျိုးအစား A(positive) (၁လုံး) ၊ ဆေးရုံအမည် OSC Hosptial ၊ တောင်းခံသူ ဒေါ်ခင်သန်းဝင်း လာရောက်လှူဒါန်း ပေးပါသောသွေးအလှူရှင်အားအထူးကျေးဇူးတင်ရှိပါသည်။ မိမိသွေးဖြင့်အသက်ကယ်ကြပါစို့။ ဦးလရောင်နေ(တကိုယ်တော်ပရဟိတ)'' ဆိုပြီး တော့ ဦးလရောင်နေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာပဲ မေသက်ခိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ '' ၄ ကြိမ်မြောက် သွေးလှူဒါန်းခွင့်ရ'' ဆိုပြီးတော့ ရေးသားခဲ့ပါသေးတယ်။ မေသက်ခိုင်ဟာ ဖေဖော်ဝါရီလတုန်းကလည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မေသက်ခိုင်ဟာ ၂၀၁၆ခုနှစ်က သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရအလှူအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သွေးလှူပေးခဲ့တဲ့ ကလေး နှလုံးခွဲစိတ်မှုအောင်မြင်လို့ ဝမ်းသာနေတဲ့ မေသက်ခိုင်
သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။
သရုပ္ေဆာင္ေမသက္ခုိင္တစ္ေယာက္ ဇြန္လ ၂၅ ရက္ေန႔က သူ႔ရဲ႕ ေသြးနဲ႔ လူနာတစ္ေယာက္ရဲ႕ အသက္ကုိ ကယ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီတစ္ခါ ေသြးလွဴဒါန္းမႈကေတာ့ ေမသက္ခုိင္အတြက္ စတုတၳေျမာက္ ေသြးလွဴဒါန္းမႈ ျဖစ္ပါတယ္။
'' မဂၤလာပါေလးစားစြာ ဂုဏ္ျပဳမွတ္တမ္းတင္ရွိျခင္း။ 25.6.2018(6:55pm/9:11pm) A+ ေသြးအလွဴရွင္ ရုပ္ရွင္ႏွင့္ဗီဒီယုိသရုပ္ေဆာင္ မေမသက္ခုိင္အားလူနာရွင္မ်ားကုိယ္စားအထူးေက်းဇူးတင္ရွိရပါသည္။ လူနာအမည္ ဦးသိန္းေက်ာ္၊ အသက္ (၅၈)ႏွစ္၊ ျဖစ္ပြား ေရာဂါ ေသြးအားနည္းေသြးအမ်ိဳးအစား A(positive) (၁လုံး) ၊ ေဆးရံုအမည္ OSC Hosptial ၊ ေတာင္းခံသူ ေဒၚခင္သန္းဝင္း လာေရာက္လွဴဒါန္း ေပးပါေသာေသြးအလွဴရွင္အားအထူးေက်းဇူးတင္ရွိပါသည္။ မိမိေသြးျဖင့္အသက္ကယ္ႀကပါစို့။ ဦးလေရာင္ေန(တကုိယ္ေတာ္ပရဟိတ)'' ဆုိၿပီး ေတာ့ ဦးလေရာင္ေနရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ဇြန္လ ၂၅ ရက္ေန႔ ည ၉ နာရီ ၄၁ မိနစ္က ေရးသားခဲ့တာျဖစ္ပါတယ္။
ဇြန္လ ၂၅ ရက္ေန႔မွာပဲ ေမသက္ခုိင္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန '' ၄ ႀကိမ္ေျမာက္ ေသြးလွဴဒါန္းခြင့္ရ'' ဆုိၿပီးေတာ့ ေရးသားခဲ့ပါေသးတယ္။ ေမသက္ခုိင္ဟာ ေဖေဖာ္ဝါရီလတုန္းကလည္း ႏွလုံးေရာဂါနဲ႔ ခြဲစိတ္မႈခံယူရမယ့္ ကေလးေလးအတြက္ ေသြးလွဴေပးခဲ့ပါေသးတယ္။ ကေလးငယ္ေလးရဲ႕ ခြဲစိတ္မႈဟာေအာင္ျမင္ခဲ့လုိ႔ ဝမ္းသာပီတိျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ေမသက္ခိုင္ဟာ ၂၀၁၆ခုႏွစ္က သူမရဲ႕ ေမြးေန႕တုန္းကလည္း ေမြးေန႕အမွတ္တရအလွဴအျဖစ္ ခႏၶာကိုယ္တစ္ခုလံုးကို ခႏၶာေဗဒဌာန ေဆးတကၠသိုလ္(၂)၊ ရန္ကုန္တြင္ လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။
ေသြးလွဴေပးခဲ့တဲ့ ကေလး ႏွလံုးခြဲစိတ္မႈေအာင္ျမင္လို႔ ဝမ္းသာေနတဲ့ ေမသက္ခိုင္
သရုပ္္ေဆာင္ေမသက္ခိုင္ဟာ အႏုပညာေလာကနဲ႔ နည္းနည္း အလွမ္းေဝးေနခဲ့တာျဖစ္ပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြ မေတြ႕ရေတာ့တဲ့ ေမသက္ခိုင္ကို ပရိသတ္ေတြက ဇာတ္ကားျပန္ရိုက္ဖို႕ ေတာင္းဆိုထားတာေတြလည္း Comment ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရပါတယ္။ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔ ခ်စ္စဖြယ္အသံေလးကို ပိုင္ဆုိင္ထားတဲ့ ေမသက္ခုိင္ဟာ ပရိသတ္ေတြခ်စ္တဲ့ အားေပးတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္သလုိ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီေမသဥၨာဦးရဲ႕ အႏုပညာမ်ဳိးဆက္သစ္ တူမေတာ္စပ္သူ ေလးျဖစ္ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.