• Local Celebrity
    ပရိသတ်တစ်ယောက် ပေးတဲ့လက်ဆောင်ကြောင့် ခံစားသွားရတဲ့ ခရစ္စတီးနားခီ
Ei Ei Myat
[Unicode Version]

2.jpg

Photo : Zar Chi

 

ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့လေးက ဇွန်လ(၂၅) ရက်နေ့က ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ (၁၂)ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ပရိသတ်တစ်ယောက် ပေးတဲ့ လက်ဆောင်ကြောင့် ခံစားသွားခဲ့ရတဲ့ အကြောင်းကိုလည်း ဒီနေ့(ဇွန်လ၂၆ရက်)က ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

36230233_10156451952032418_7866955866526711808_n (1).jpg

Photo : ခရစ္စတီးနားခီ

"မနေ့က စားသောက်ဆိုင်ကအထွက်မှာ receptionist ညီမလေး လာပေးတာ...ကိုယ်နှစ်ယောက်ထမင်းစားနေတုန်းလေးလုပ်လိုက်တာတဲ့...ရင်ထဲမှာဘယ်လောက်အထိကြည်နူးသွားရတယ်ဆိုတာ ညီမလေးသိစေချင်လို့....            " ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

ပရိသတ်တွေပေးတဲ့ လက်ဆောင်ပစ္စည်းဆို သေးသေးမွှားမွှားလေးတွေက အစ တန်ဖိုးထားတတ်တဲ့ သူတို့နှစ်ဦးရဲ့ စိတ်ဓာတ်လေးက အရမ်းကို လေးစားဖို့ ကောင်းပါတယ်။

36087351_10156450191782418_144810487446503424_n.jpg

Photo : ခရစ္စတီးနားခီ

ဇဏ်ခီ နဲ့ သားလေးအတွက် ဆုတောင်းစကားပြောလိုက်တဲ့ ခရစ္စတီးနားခီ 

ခီစုံတွဲဟာ မင်္ဂလာနှစ်ပတ်လည်အလှူကို အလှူကို ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ ပင်ရွှေညောင်လမ်း မြနန္ဒာကမ္ဘောဇ ဘုန်းကြီးကျောင်း မှာ ပရိသတ်တွေနဲ့အတူ အလှူကျင်းပခဲ့ပါတယ်။ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာ လွန်ခဲ့တဲ့  (၁၈)နှစ် ဇွန်လ(၁၂) ရက်နေ့ကစပြီး သမီးရည်းစားစဖြစ်ခဲ့တာတဲ့။ ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

'' ငယ်ငယ်ကတည်းက တွဲလာကြတာ ကောင်းဖော်၊ ဆိုးဖက် တွေပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဖေးမတယ်၊ သူငယ်ချင်းတွေလို ဖြစ်နေတာပေါ့။ အဲ့ဒီဘဝက လာတာဆိုတော့ သက်သက်ကြီး ဘာမှ လုပ်ယူဖို့ မလိုဘူးလေ။ ကျွန်တော်လိုရင် သူဘေးမှာ အမြဲရှိပေးမယ်၊ သူလိုရင်လည်း ကျွန်တော် ဘေးမှာ အမြဲရှိပေးတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဇဏ်ခီက ဖြေဆိုခဲ့တာပါ။

36044649_10156450191832418_609625192683012096_n.jpg

Photo : ခရစ္စတီးနားခီ

 

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီ တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။

[Zawgyi Version]

Photo : Zar Chi

 


Photo : ခရစ္စတီးနားခီ



Photo : ခရစ္စတီးနားခီ




Photo : ခရစ္စတီးနားခီ

 




ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs