• Local Celebrity
    ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ လက်ရှိအချစ်ရေးအခြေအနေ
Sabal Thwin
[Unicode Version]

31275752_2118772694817713_3217002887787839488_n.jpg

Photo: ANyein Phyu Fb

 

ချစ်သူသက်တမ်း တစ်နှစ်ကျော်အကြာတွဲခဲ့တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်လ်မလေး ဧငြိမ်းဖြူ တို့ရဲ့ အချစ်ရေးဟာ အခုလက်ရှိမှာ အဆင်ပြေပြေ ရှိနေပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦး စိတ်ဆိုး စိတ်ကောက်ဖြစ်နေကြအချိန်မှာ မနက်ပိုင်းက ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ '' We Broke Up'' ဆိုပြီး ဇွန်လ ၁၀ ရက်နေ့ က ရေးသားခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး သူတို့ နှစ်ဦးစလုံးက ဇွန်လ ၂၄ ရက်နေ့ ညက Junction City မှာ ကျင်းပပြလုပ်ခဲ့တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေရှင်းပြောပြခဲ့ကြပါတယ်။

'' သူ့စိတ်က မိန်းကလေးဆိုတော့ ခံစားချက်က အရမ်းများတယ်။ ပြင်းထန်တယ်။ ကျွန်တော်ဆို ရန်ဖြစ်လည်း အေးအေးဆေးဆေးပဲ။ ကျွန်တော့် ဘာသာ နေတတ်တယ်။ မိန်းကလေးကျတော့ စကားပြောဖော်တွေ၊ သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ချင်တာ နေမှာပေါ့'' လို့သူက ဆိုပါတယ်။

'' We Broke Up'' ဆိုတဲ့ စာသားလေး တင်ဖြစ်ခဲ့တဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

'' သမီးရည်းစား ဒီလိုပဲ ရန်ဖြစ်ကြတာပေါ့နော်။ ညီမလည်း အရင်ကတည်းက ကလေးစိတ်ဆိုတော့ ဘာမှ မစဉ်းစားပဲနဲ့ တင်လိုက်မိတာပေါ့။ ပရိသတ်တွေ စိတ်မပူကြပါနဲ့ ညီမတို့ နှစ်ယောက် အဆင်ပြေပါတယ်။ ညီမတို့ နှစ်ယောက်က ပြဿနာကြီးကြီးမားမား တစ်ခါမှမဖြစ်ဖူးဘူး။ ပြဿနာဖြစ်လာရင်လည်း ပြဿနာတွေက နည်းနည်းလေးတွေနှစ်ယောက် အလိုမကျပဲ စကားများကြတာလေးတွေပါပဲ။ '' လို့ ဆိုပါတယ်။

29497554_2079921015369548_1676645156641570816_n.jpg

Photo: ANyein Phyu Fb

 

တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိတဲ့ ချစ်သူ နှစ်ဦးမှာ ဧငြိမ်းဖြူအတွက် ရဲရင့်အောင်က သူငယ်ချင်းလို၊ အစ်ကိုတစ်ယောက်လို၊ အုပ်ထိန်းသူ တစ်ယောက်လိုပါပဲ လို့ ဆိုပါတယ်။

''တစ်ခါတလေ သူငယ်ချင်းပေါ့၊ တစ်ခါတလေ အစ်ကိုဖြစ်တယ်။ တစ်ခါတလေ သူ့ကို အုပ်ထိန်းသူတစ်ယောက်လို ပြောလို့ရရင် ပြောတယ်။ တစ်ခါတလေကျရင်တော့ သမီးရည်းစား ချစ်သူလိုပါပဲ'' လို့ ရဲရင့်အောင်က ပြောပါတယ်။

ရဲရင့်အောင်လိုအပ်မယ့် အစစအရာရာတွေကို လိုက်ဖြည့်ဆည်းပေးတတ်တဲ့ ဧငြိမ်းဖြူကလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ညီမက သူ့ကိုအကုန်လုပ်ပေးတယ်။ သူ့ရဲ့ အဝတ်အစားတွေက ဘာတွေလုပ်၊ အိပ်ရာထတဲ့အချိန်က ပြီးရင် ဘာစားသင့်တယ် ဆိုတာကို ဘေးနားကနေလိုက်ပြောပေးတယ်။ အဲ့ဒီလိုလေးတော့ ညီမက လိုက်ဖြည့်ဆည်းပေးတယ်'' လို့ ဆိုပါတယ်။

36226146_1833588976729041_2166387109034721280_n.jpg

Photo: ANyein Phyu Fb

လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့ ဧငြိမ်းဖြူ 

လွန်ခဲ့တဲ့ ၅ နှစ်က ရဲရင့်အောင်နဲ့ မတူအောင် အရမ်းပြောင်းလဲ သွားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဧငြိမ်းဖြူ က ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သူကအရမ်းပြောင်းလဲသွားတယ်၊ လွန်ခဲ့တဲ့ ၅ နှစ်က ရဲရင့်အောင်နဲ့ လုံးဝမတူဘူး။ သူကတော့ သူ့မိဘတွေအပေါ်မှာလည်း သူနားလည်တတ်လာတယ်။ မိန်းကလေးတွေက ဒီလိုပါလားဆိုပြီးတော့ သူ့အမေအပေါ်မှာလည်း သူနားလည်တတ်လာတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုးတွေ သူနားမလည်တတ်ဘူးပေါ့နော်။ မိဘအပေါ်မှာရော၊ သူ့ပတ်ဝန်းကျင်တွေအပေါ်မှာရော လူတွေက ဘယ်လိုစိတ်ရှိတယ်၊ ငါပြောလိုက်ရင် ဘယ်လို ခံစားသွားနိုင်မယ် ဆိုတာတွေကို သိလာတယ်'' လို့ သူကဆိုပါတယ်။

 36200348_1833589216729017_3856282072280727552_n.jpg

Photo: ANyein Phyu Fb

 

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။ ချစ်သူသက်တမ်း ၁ နှစ်ကျော်မှာလည်း ရဲရင့်အောင်က ၂၄ နာရီသဝန်တိုရုံမကဘူး အိမ်မက်ထဲမှာ ဖောက်ပြန်နေတယ်လို့ ထင်ရင်တောင် နှိုးလာတဲ့အခါ ပြဿနာရှာတတ်လောက်အောင် သဝန်တိုတယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဧငြိမ်းဖြူက ဖြေဆိုခဲ့ပါတယ်။

 

[Zawgyi Version]

Photo: ANyein Phyu Fb

 

ခ်စ္သူသက္တမ္း တစ္ႏွစ္ေက်ာ္အၾကာတြဲခဲ့တဲ့ အဆုိေတာ္ရဲရင့္ေအာင္နဲ႔ ေမာ္ဒယ္လ္မေလး ဧၿငိမ္းျဖဴ တုိ႔ရဲ႕ အခ်စ္ေရးဟာ အခုလက္ရွိမွာ အဆင္ေျပေျပ ရွိေနၿပီလုိ႔ သိရပါတယ္။ သူတုိ႔ ႏွစ္ဦး စိတ္ဆုိး စိတ္ေကာက္ျဖစ္ေနၾကအခ်ိန္မွာ မနက္ပုိင္းက ဧၿငိမ္းျဖဴရဲ႕ ေဖ့စ္ဘြတ္ အေကာင့္မွာ '' We Broke Up'' ဆုိၿပီး ဇြန္လ ၁၀ ရက္ေန႔ က ေရးသားခဲ့ပါတယ္။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး သူတုိ႔ ႏွစ္ဦးစလုံးက ဇြန္လ ၂၄ ရက္ေန႔ ညက Junction City မွာ က်င္းပျပလုပ္ခဲ့တဲ့ ဝိညာဥ္စိမ္း ရုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကုိ တက္ေရာက္လာရင္း Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖရွင္းေျပာျပခဲ့ၾကပါတယ္။

'' သူ႔စိတ္က မိန္းကေလးဆုိေတာ့ ခံစားခ်က္က အရမ္းမ်ားတယ္။ ျပင္းထန္တယ္။ ကၽြန္ေတာ္ဆုိ ရန္ျဖစ္လည္း ေအးေအးေဆးေဆးပဲ။ ကၽြန္ေတာ့္ ဘာသာ ေနတတ္တယ္။ မိန္းကေလးက်ေတာ့ စကားေျပာေဖာ္ေတြ၊ သူငယ္ခ်င္းေတြ အေရွ႕မွာ ရင္ဖြင့္ခ်င္တာ ေနမွာေပါ့'' လုိ႔သူက ဆုိပါတယ္။

'' We Broke Up'' ဆုိတဲ့ စာသားေလး တင္ျဖစ္ခဲ့တဲ့အေၾကာင္းကုိ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ဧၿငိမ္းျဖဴက ေျပာျပခဲ့ပါတယ္။

'' သမီးရည္းစား ဒီလုိပဲ ရန္ျဖစ္ၾကတာေပါ့ေနာ္။ ညီမလည္း အရင္ကတည္းက ကေလးစိတ္ဆုိေတာ့ ဘာမွ မစဥ္းစားပဲနဲ႔ တင္လုိက္မိတာေပါ့။ ပရိသတ္ေတြ စိတ္မပူၾကပါနဲ႔ ညီမတို႔ ႏွစ္ေယာက္ အဆင္ေျပပါတယ္။ ညီမတုိ႔ ႏွစ္ေယာက္က ျပႆနာႀကီးႀကီးမားမား တစ္ခါမွမျဖစ္ဖူးဘူး။ ျပႆနာျဖစ္လာရင္လည္း ျပႆနာေတြက နည္းနည္းေလးေတြႏွစ္ေယာက္ အလုိမက်ပဲ စကားမ်ားၾကတာေလးေတြပါပဲ။ '' လို႔ ဆုိပါတယ္။

Photo: ANyein Phyu Fb

 

တစ္ေယာက္နဲ႔ တစ္ေယာက္ လုိအပ္ခ်က္ေတြကုိ ျဖည့္ဆည္းေပးေလ့ရွိတဲ့ ခ်စ္သူ ႏွစ္ဦးမွာ ဧၿငိမ္းျဖဴအတြက္ ရဲရင့္ေအာင္က သူငယ္ခ်င္းလုိ၊ အစ္ကုိတစ္ေယာက္လုိ၊ အုပ္ထိန္းသူ တစ္ေယာက္လုိပါပဲ လုိ႔ ဆုိပါတယ္။

''တစ္ခါတေလ သူငယ္ခ်င္းေပါ့၊ တစ္ခါတေလ အစ္ကုိျဖစ္တယ္။ တစ္ခါတေလ သူ႔ကုိ အုပ္ထိန္းသူတစ္ေယာက္လုိ ေျပာလုိ႔ရရင္ ေျပာတယ္။ တစ္ခါတေလက်ရင္ေတာ့ သမီးရည္းစား ခ်စ္သူလုိပါပဲ'' လုိ႔ ရဲရင့္ေအာင္က ေျပာပါတယ္။

ရဲရင့္ေအာင္လုိအပ္မယ့္ အစစအရာရာေတြကုိ လုိက္ျဖည့္ဆည္းေပးတတ္တဲ့ ဧၿငိမ္းျဖဴကလည္း အခုလုိေျပာျပခဲ့ပါေသးတယ္။

'' ညီမက သူ႔ကုိအကုန္လုပ္ေပးတယ္။ သူ႔ရဲ႕ အဝတ္အစားေတြက ဘာေတြလုပ္၊ အိပ္ရာထတဲ့အခ်ိန္က ၿပီးရင္ ဘာစားသင့္တယ္ ဆုိတာကို ေဘးနားကေနလုိက္ေျပာေပးတယ္။ အဲ့ဒီလုိေလးေတာ့ ညီမက လုိက္ျဖည့္ဆည္းေပးတယ္'' လုိ႔ ဆုိပါတယ္။

Photo: ANyein Phyu Fb

လမ္းခြဲလိုက္ၿပီလို႔ ေၾကညာလိုက္တဲ့ ဧၿငိမ္းျဖဴ 

လြန္ခဲ့တဲ့ ၅ ႏွစ္က ရဲရင့္ေအာင္နဲ႔ မတူေအာင္ အရမ္းေျပာင္းလဲ သြားတယ္ဆုိၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔အင္တာဗ်ဴးမွာ ဧၿငိမ္းျဖဴ က ေျဖဆုိခဲ့တာျဖစ္ပါတယ္။

'' သူကအရမ္းေျပာင္းလဲသြားတယ္၊ လြန္ခဲ့တဲ့ ၅ ႏွစ္က ရဲရင့္ေအာင္နဲ႔ လုံးဝမတူဘူး။ သူကေတာ့ သူ႔မိဘေတြအေပၚမွာလည္း သူနားလည္တတ္လာတယ္။ မိန္းကေလးေတြက ဒီလုိပါလားဆုိၿပီးေတာ့ သူ႔အေမအေပၚမွာလည္း သူနားလည္တတ္လာတယ္။ အရင္တုန္းကဆုိရင္ ဒီလုိမ်ဳိးေတြ သူနားမလည္တတ္ဘူးေပါ့ေနာ္။ မိဘအေပၚမွာေရာ၊ သူ႔ပတ္ဝန္းက်င္ေတြအေပၚမွာေရာ လူေတြက ဘယ္လုိစိတ္ရွိတယ္၊ ငါေျပာလုိက္ရင္ ဘယ္လုိ ခံစားသြားႏုိင္မယ္ ဆုိတာေတြကုိ သိလာတယ္'' လုိ႔ သူကဆုိပါတယ္။

 

Photo: ANyein Phyu Fb

 

အဆုိေတာ္ ရဲရင့္ေအာင္နဲ႔ ေမာ္ဒယ္လ္ Dancer မယ္ေလး ဧၿငိမ္းျဖဴ တုိ႔ အတြဲကိုေတာ့ မသိတဲ့ပရိသတ္ မရွိသေလာက္ပါပဲ။ သူတုိ႔ ႏွစ္ဦးဟာ ၂၀၁၇ ခုႏွစ္ သႀကၤန္အျပီးမွာ ခ်စ္သူေတြျဖစ္ေၾကာင္း ဝန္ခံလိုက္ၾကတာျဖစ္ပါတယ္။ ႏွစ္ေယာက္ စလုံးဟာ လူငယ္ေတြလည္း ျဖစ္သလုိ ေအာင္ျမင္လွ်က္ရွိတဲ့ အႏုပညာရွင္ စုံတြဲတစ္တြဲျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူတုိ႔ႏွစ္ဦးရဲ႕ ခ်စ္သူသက္တမ္းက တစ္ႏွစ္ေက်ာ္ ၾကာခဲ့ပါၿပီ။ ခ်စ္သူသက္တမ္း ၁ ႏွစ္ေက်ာ္မွာလည္း ရဲရင့္ေအာင္က ၂၄ နာရီသဝန္တုိရုံမကဘူး အိမ္မက္ထဲမွာ ေဖာက္ျပန္ေနတယ္လုိ႔ ထင္ရင္ေတာင္ ႏႈိးလာတဲ့အခါ ျပႆနာရွာတတ္ေလာက္ေအာင္ သဝန္တုိတယ္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ဧၿငိမ္းျဖဴက ေျဖဆုိခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs