Photo: Khine Hnin Wai Fb
သရုပ်ဆောင်ခိုင်နှင်းဝေတစ်ယောက် သမီးလေးတစ်ယောက်လိုချစ်ရတဲ့ သူ့ရဲ့ ခွေးလေး ကျောက်ကပ်ဝေဒနာ ခံစားနေရတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ သူ့ သမီးလေး ခံစားနေရတာကိုလည်း မကြည့်ရက်တော့ဘူးလို့ ဆိုပါတယ်။ ခိုင်နှင်းဝေဟာ အခုလက်ရှိမှာတော့ထိုင်းနိုင်ငံရောက်မြန်မာလူမျိုးတွေနဲ့အတူ ကျင်းပတဲ့ တရားပွဲကို တက်ရောက်နေတာဖြစ်ပါတယ်။
''ကျွန်မသမီးလေးခံစားနေရတာမကြည့်ရက်တော့ဘူး။ လက်လွှတ်ပေးလိုက်ရတော့မလား ဆေးတွေနဲ့ဆွဲထားရင်သူပိုခံစားနေရမလားဟင် ကျွန်မပြန်လာတာကိုတော့စောင့်ပါအုံးသမီးရယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ကြေကွဲ ခံစားချက်နဲ့ ရေးသားခဲ့ပါတယ်။
Photo: Khine Hnin Wai Fb
ထိုင်းနိုင်ငံက မြန်မာတွေနဲ့တရားနာကုသိုလ်ယူနေတဲ့ ခိုင်နှင်းဝေ
သမီးလေးလို ချစ်ရတဲ့ ခိုင်နှင်းဝေရဲ့ ခွေးလေးဟာ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် ပရိသတ်တွေဝိုင်းဆုတောင်းပေးပါနော်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် တောင်းဆိုခဲ့ပါတယ်။
'' ကျွန်မသမီးလေး ကျောက်ကပ်ပျက်စီးနေလို့အခြေအနေမကောင်းဘူးတဲ့ ကျွန်မကိုချစ်ရင်သမီးလေးအတွက်ဝိုင်းဆုတောင်းပေးပါနော်။ အားလုံးရဲ့မေတ္တာနဲ့သမီးလေးပြန်ကောင်းသွားနိုင်ကောင်းပါစေလို့မျှော်လင့်ချက်ကလေးနဲ့ပါ ကျွန်မကခရီးရောက်နေတော့ Video Call လေး ခေါ်ပြီးတော့ပဲသမီးကိုအသံလေးပေးနေရတယ် ကျွန်မလဲ ကောင်းမှုကုသိုလ်အများကိုကူညီချင်စိတ်နဲ့ သမီး နေမကောင်း တဲ့ကြားက သမီးကို ထားခဲ့ပြီးထွက်ခဲ့ရတာ။ ဒါကြောင့်ကျွန်မပြုတဲ့ကောင်းမှုတွေကြောင့်သမီးလေးနေပြန်ကောင်းပါစေ။ အစစအရာရာ စိတ်ရှည်ပြီး စေတနာထား ပေးတဲ့ ဆရာသိန်းထွန်းအောင် Royal Asia ကိုတကယ့်ကိုကျေးဇူးတင်ပါတယ်။ ဆရာက ကျွန်မကလေးကို ကုရတာထက်ကျမကို ပိုအားပေး နေရတော့ အားတောင်နာပါတယ်။ ဆရာ့ကိုကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Khine Hnin Wai Fb
အဲ့ဒီနောက် ခိုင်နှင်းဝေတစ်ယောက် သူချစ်ရတဲ့ ခွေးလေးအတွက် ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေနဲ့ သက်ဆိုင်တဲ့ အကြောင်း အရာတွေကို ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေတဆင့် ပရိသတ်တွေကို အကူအညီတောင်းခဲ့ ပါ သေးတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေဟာ အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးကက်မြို့ မဲခေါင်ရပ် ဘန်ဘော်စွန်(၂) အနီး အလှူမင်္ဂလာ မဏ္ဍာပ်မှာ ကျင်းပပြုလုပ်နေတဲ့ တရားပွဲမှာ ပါဝင်ကုသိုလ်ယူနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေနဲ့ အတူ တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့လည်းရှိပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ ရောက်ရှိ နေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့ အတွက်ရည်ရွယ်ချက် ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။
Photo: Khine Hnin Wai Fb
သရုပ္ေဆာင္ခုိင္ႏွင္းေဝတစ္ေယာက္ သမီးေလးတစ္ေယာက္လုိခ်စ္ရတဲ့ သူ႔ရဲ႕ ေခြးေလး ေက်ာက္ကပ္ေဝဒနာ ခံစားေနရတာေၾကာင့္ အရမ္းကုိ စိတ္မေကာင္းျဖစ္ေနတယ္လုိ႔ သိရပါတယ္။ သူ႔ သမီးေလး ခံစားေနရတာကုိလည္း မၾကည့္ရက္ေတာ့ဘူးလုိ႔ ဆုိပါတယ္။ ခုိင္ႏွင္းေဝဟာ အခုလက္ရွိမွာေတာ့ထုိင္းႏုိင္ငံေရာက္ျမန္မာလူမ်ဳိးေတြနဲ႔အတူ က်င္းပတဲ့ တရားပြဲကုိ တက္ေရာက္ေနတာျဖစ္ပါတယ္။
''ကၽြန္မသမီးေလးခံစားေနရတာမၾကည့္ရက္ေတာ့ဘူး။ လက္လႊတ္ေပးလိုက္ရေတာ့မလား ေဆးေတြနဲ႔ဆြဲထားရင္သူပိုခံစားေနရမလားဟင္ ကၽြန္မျပန္လာတာကိုေတာ့ေစာင့္ပါအံုးသမီးရယ္'' ဆုိၿပီးေတာ့ ဇြန္လ ၃၀ ရက္ေန႔ မနက္ ၉ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေၾကကြဲ ခံစားခ်က္နဲ႔ ေရးသားခဲ့ပါတယ္။
Photo: Khine Hnin Wai Fb
ထုိင္းႏုိင္ငံက ျမန္မာေတြနဲ႔တရားနာကုသုိလ္ယူေနတဲ့ ခုိင္ႏွင္းေဝ
သမီးေလးလုိ ခ်စ္ရတဲ့ ခုိင္ႏွင္းေဝရဲ႕ ေခြးေလးဟာ က်န္းမာေရးအေျခအေနမေကာင္းတာေၾကာင့္ ပရိသတ္ေတြဝုိင္းဆုေတာင္းေပးပါေနာ္လုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္ကေနတဆင့္ ေတာင္းဆုိခဲ့ပါတယ္။
'' ကၽြန္မသမီးေလး ေက်ာက္ကပ္ပ်က္စီးေနလို႔အေျခအေနမေကာင္းဘူးတဲ့ ကၽြန္မကိုခ်စ္ရင္သမီးေလးအတြက္ဝိုင္းဆုေတာင္းေပးပါေနာ္။ အားလံုးရဲ႕ေမတၱာနဲ႔သမီးေလးျပန္ေကာင္းသြားႏိုင္ေကာင္းပါေစလို႔ေမွ်ာ္လင့္ခ်က္ကေလးနဲ႔ပါ ကၽြန္မကခရီးေရာက္ေနေတာ့ Video Call ေလး ေခၚၿပီးေတာ့ပဲသမီးကိုအသံေလးေပးေနရတယ္ ကၽြန္မလဲ ေကာင္းမႈကုသိုလ္အမ်ားကိုကူညီခ်င္စိတ္နဲ႔ သမီး ေနမေကာင္း တဲ့ၾကားက သမီးကို ထားခဲ့ၿပီးထြက္ခဲ့ရတာ။ ဒါေၾကာင့္ကၽြန္မျပဳတဲ့ေကာင္းမႈေတြေၾကာင့္သမီးေလးေနျပန္ေကာင္းပါေစ။ အစစအရာရာ စိတ္ရွည္ၿပီး ေစတနာထား ေပးတဲ့ ဆရာသိန္းထြန္းေအာင္ Royal Asia ကိုတကယ့္ကိုေက်းဇူးတင္ပါတယ္။ ဆရာက ကၽြန္မကေလးကို ကုရတာထက္က်မကို ပိုအားေပး ေနရေတာ့ အားေတာင္နာပါတယ္။ ဆရာ့ကိုေက်းဇူးတင္ပါတယ္'' ဆုိၿပီးေတာ့ ဇြန္လ ၂၉ ရက္ေန႔ ညေန ၄ နာရီ ၅၂ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။
Photo: Khine Hnin Wai Fb
အဲ့ဒီေနာက္ ခုိင္ႏွင္းေဝတစ္ေယာက္ သူခ်စ္ရတဲ့ ေခြးေလးအတြက္ ေက်ာက္ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ကုသမႈေတြနဲ႔ သက္ဆုိင္တဲ့ အေၾကာင္း အရာေတြကုိ ဇြန္လ ၂၉ ရက္ေန႔ ည ၁၀ နာရီ ၄၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚကေနတဆင့္ ပရိသတ္ေတြကုိ အကူအညီေတာင္းခဲ့ ပါ ေသးတယ္။
သရုပ္ေဆာင္ခုိင္ႏွင္းေဝဟာ အခုလက္ရွိမွာေတာ့ ထုိင္းႏုိင္ငံ ေတာင္ပုိင္း၊ ဖူးကက္ၿမိဳ႕ မဲေခါင္ရပ္ ဘန္ေဘာ္စြန္(၂) အနီး အလွဴမဂၤလာ မ႑ာပ္မွာ က်င္းပျပဳလုပ္ေနတဲ့ တရားပြဲမွာ ပါဝင္ကုသုိလ္ယူေနတယ္လုိ႔ သိရပါတယ္။ ထုိင္းႏုိင္ငံေရာက္ ျမန္မာလူမ်ဳိးေတြနဲ႔ အတူ တည္ေထာင္ထားတဲ့ ပရဟိတအဖြဲ႕လည္းရွိပါတယ္။ ထုိင္းႏုိင္ငံမွာရွိတဲ့ ပရဟိတ အသင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ျပည္ပမွာ ေရာက္ရွိ ေနေပမယ့္ ဒုကၡေရာက္ေနၾကတဲ့ ျမန္မာလူမ်ဳိးေတြကုိ အခ်င္းခ်င္း ကူညီရုိင္းပင္းၿပီး တတ္စြမ္းသမ်ွကူညီေပးႏိုင္ဖုိ႔ အတြက္ရည္ရြယ္ခ်က္ ထားတယ္လုိ႔လည္း Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါေသးတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.