• Local Celebrity
    ပရိသတ်ကြိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်းပြောလာတဲ့ လွှမ်းပိုင်
Sabal Thwin
[Unicode Version]

36307562_1839175519503720_7995491000606785536_n.jpg 

ငါ့ကို နမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အောင်မြင်မှုအထိမ်းအမှတ် ညစာစားပွဲကို တက်ရောက်လာတဲ့ အဆိုတော်လွှမ်းပိုင်ရဲ့ ပရိသတ် တွေကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာဆိုရင် နေညိုသွင်အဖြစ် သရုပ်ဆောင်ထားတဲ့ လွှမ်းပိုင်တစ်ယောက် ကားပါကင်ထဲမှာ ငိုနေရတဲ့ ဇာတ်ဝင်ခန်းကို အကြိုက်ဆုံးပဲလို့ ပြောလာကြပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေ ရှိခဲ့တဲ့ အကြောင်းကိုလည်း လွှမ်းပိုင်က မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ကားပါကင်မှာ ငိုခဲ့တဲ့ ဇာတ်ဝင်ခန်းက အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ အဲ့ဒီဟာမတိုင်ခင် အရှေ့မှာ ငိုရတဲ့ အခန်းတွေလည်း အများကြီးရှိခဲ့တယ်။ ငိုရတဲ့ နေရာလေးတွေမှာ ဒရာမာရဲ့ ဖီလင်လေးတွေ ပိုပြီးတော့ ခံစားရလာတယ်။ အရှေ့က ဇာတ်ဝင်ခန်းတွေမှာ ငိုခဲ့ ပြီးတဲ့နောက် ကားပါကင်ထဲမှာ ငိုရမယ့် ဇာတ်ဝင်ခန်းကျတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိသွားတယ်လို့ ထင်တယ်။ ပြီးတော့ စိတ်တည်ငြိမ် အောင်လုပ်ပြီးမှ ရိုက်ရင် ပိုကောင်းမယ်ဆိုတာ သိသွားတော့ ကျွန်တော့် ဇာတ်ဝင်ခန်းတွေ မလာခင် ဘုရားစာတွေရွတ်၊ စိတ်တည်ငြိမ်အောင် လုပ်ပြီးမှ ရိုက်ဖြစ်တာဆိုတော့ အမှတ်တရလေးကတော့ အဲ့ဒီအရာလေးတွေပေါ့'' လို့ သူကဆိုပါတယ်။

36305652_1839175539503718_8663733344304889856_n.jpg

င့ါကိုနမ်းတဲ့မုန်တိုင်း အတွက် ရင်ခုန်နေတဲ့ လွှမ်းပိုင် 

လွှမ်းပိုင်ဟာ ''ငါ့ကိုနမ်းတဲ့မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ နေညိုသွင်ရဲ့ ကာရိုက်တာအပေါ် သဘာဝကျကျ နဲ့ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချီးကျူးတာကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်နေချိန်မှာလည်း ပရိသတ်တွေဆီက အကြံပြုစကားလေးတွေ ပြန်ကြားရတယ်လို့ ဆိုပါတယ်။

'' ဒီလို အသိအမှတ်ပြုခံရတာ ကျေနပ်ပါတယ်။ တချို့ကလည်း Perfect လိုချင်တာမျိုးတွေရှိတယ်။ ဒီဇာတ်ကားထဲမှာ လိုအပ်ချက်တွေ များတာကိုလည်း သိပါတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း အများကြီးလိုအပ်ချက်တွေ ရှိတယ်၊ သူတို့ ဝေဖန်ကြတာလေးတွေကလည်း ပြင်ဆင်စရာ ပြင်တယ်။ ကိုယ်မမြင်လိုက်တဲ့ အမှားလေးတွေကို သူတို့ပြောလာတဲ့အခါ ပြင်ဖြစ်တယ်။ တချို့ အရာလေးတွေကျတော့လည်း ကိုယ်ကိုယ်တိုင်မြင်တယ်၊ သူတို့လည်း မြင်တယ်ပေါ့'' လို့ ဇွန်လ ၂၈ ရက်နေ့က ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင် ဇာတ်ကားကြီး အောင်မြင်မှု အမှတ်တရ ညစာစားပွဲကို တက်ရောက်ရင်း မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

36430406_1839175649503707_3840020810701996032_n.jpg 

ငါ့ကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်ဟာ နေညိုသွင်ဆိုတဲ့ စာရေးဆရာ၊ ကျောင်းဆရာ တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ငါ့ကို နမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးကို သိန်း ၁၅၀၀ အကုန်ကျခံ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁ ရက်နေ့ ကတည်းက ရုံတင်ပြသခဲ့တာပါ။

[Zawgyi Version]

 

ငါ့ကုိ နမ္းတဲ့မုန္တုိင္း ရုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ေအာင္ျမင္မႈအထိမ္းအမွတ္ ညစာစားပြဲကုိ တက္ေရာက္လာတဲ့ အဆုိေတာ္လႊမ္းပုိင္ရဲ႕ ပရိသတ္ ေတြကေတာ့ ဒီရုပ္ရွင္ဇာတ္ကားႀကီးထဲမွာဆုိရင္ ေနညိဳသြင္အျဖစ္ သရုပ္ေဆာင္ထားတဲ့ လႊမ္းပုိင္တစ္ေယာက္ ကားပါကင္ထဲမွာ ငုိေနရတဲ့ ဇာတ္ဝင္ခန္းကုိ အႀကိဳက္ဆုံးပဲလုိ႔ ေျပာလာၾကပါတယ္။ ဒီဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး အမွတ္တရေတြ ရွိခဲ့တဲ့ အေၾကာင္းကုိလည္း လႊမ္းပုိင္က မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

'' ကားပါကင္မွာ ငုိခဲ့တဲ့ ဇာတ္ဝင္ခန္းက အမွတ္တရေတြ အမ်ားႀကီးရွိခဲ့တယ္။ ၿပီးေတာ့ အဲ့ဒီဟာမတုိင္ခင္ အေရွ႔မွာ ငုိရတဲ့ အခန္းေတြလည္း အမ်ားႀကီးရွိခဲ့တယ္။ ငုိရတဲ့ ေနရာေလးေတြမွာ ဒရာမာရဲ႕ ဖီလင္ေလးေတြ ပုိၿပီးေတာ့ ခံစားရလာတယ္။ အေရွ႕က ဇာတ္ဝင္ခန္းေတြမွာ ငုိခဲ့ ၿပီးတဲ့ေနာက္ ကားပါကင္ထဲမွာ ငုိရမယ့္ ဇာတ္ဝင္ခန္းက်ေတာ့ ကုိယ့္ကုိယ္ကုိယုံၾကည္မႈ ပုိရွိသြားတယ္လုိ႔ ထင္တယ္။ ၿပီးေတာ့ စိတ္တည္ျငိမ္ ေအာင္လုပ္ၿပီးမွ ရုိက္ရင္ ပုိေကာင္းမယ္ဆုိတာ သိသြားေတာ့ ကၽြန္ေတာ့္ ဇာတ္ဝင္ခန္းေတြ မလာခင္ ဘုရားစာေတြရြတ္၊ စိတ္တည္ျငိမ္ေအာင္ လုပ္ၿပီးမွ ရုိက္ျဖစ္တာဆုိေတာ့ အမွတ္တရေလးကေတာ့ အဲ့ဒီအရာေလးေတြေပါ့'' လုိ႔ သူကဆုိပါတယ္။

င့ါကိုနမ္းတဲ့မုန္တိုင္း အတြက္ ရင္ခုန္ေနတဲ့ လႊမ္းပိုင္ 

လႊမ္းပုိင္ဟာ ''ငါ့ကုိနမ္းတဲ့မုန္တုိင္း'' ရုပ္ရွင္ဇာတ္ကားႀကီးထဲက ဇာတ္ေကာင္တစ္ဦးျဖစ္တဲ့ ေနညိဳသြင္ရဲ႕ ကာရုိက္တာအေပၚ သဘာဝက်က် နဲ႔ သရုပ္ေဆာင္ႏုိင္ခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးတာကုိလည္း ခံခဲ့ရတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီး ရုံတင္ေနခ်ိန္မွာလည္း ပရိသတ္ေတြဆီက အႀကံျပဳစကားေလးေတြ ျပန္ၾကားရတယ္လုိ႔ ဆုိပါတယ္။

'' ဒီလုိ အသိအမွတ္ျပဳခံရတာ ေက်နပ္ပါတယ္။ တခ်ဳိ႔ကလည္း Perfect လုိခ်င္တာမ်ဳိးေတြရွိတယ္။ ဒီဇာတ္ကားထဲမွာ လုိအပ္ခ်က္ေတြ မ်ားတာကုိလည္း သိပါတယ္၊ ကၽြန္္ေတာ္တုိ႔ကုိယ္တုိင္လည္း အမ်ားႀကီးလုိအပ္ခ်က္ေတြ ရွိတယ္၊ သူတို႔ ေဝဖန္ၾကတာေလးေတြကလည္း ျပင္ဆင္စရာ ျပင္တယ္။ ကုိယ္မျမင္လုိက္တဲ့ အမွားေလးေတြကုိ သူတုိ႔ေျပာလာတဲ့အခါ ျပင္ျဖစ္တယ္။ တခ်ဳိ႕ အရာေလးေတြက်ေတာ့လည္း ကုိယ္ကုိယ္တုိင္ျမင္တယ္၊ သူတုိ႔လည္း ျမင္တယ္ေပါ့'' လုိ႔ ဇြန္လ ၂၈ ရက္ေန႔က ငါ့ကုိနမ္းတဲ့မုန္တုိင္း ရုပ္ရွင္ ဇာတ္ကားႀကီး ေအာင္ျမင္မႈ အမွတ္တရ ညစာစားပြဲကုိ တက္ေရာက္ရင္း မီဒီယာေတြရဲ႕အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

 

ငါ့ကုိနမ္းတဲ့ မုန္တုိင္းရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ လႊမ္းပုိင္၊ ရဲရင့္ေအာင္နဲ႔ ေဖြးေဖြးတုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာ လႊမ္းပုိင္ဟာ ေနညိဳသြင္ဆုိတဲ့ စာေရးဆရာ၊ ေက်ာင္းဆရာ တစ္ေယာက္ရဲ႕ ကာရုိက္တာကုိ ပီျပင္ေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ငါ့ကုိ နမ္းတဲ့ မုန္တုိင္း ရုပ္ရွင္ဇာတ္ကားႀကီးကို သိန္း ၁၅၀၀ အကုန္က်ခံ ရုိက္ကူးခဲ့ရတယ္လုိ႔ သိရပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ ဇြန္လ ၁ ရက္ေန႔ ကတည္းက ရုံတင္ျပသခဲ့တာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs