• Local Celebrity
    ကံတွေ ဆက်တိုက်ကောင်းနေတဲ့ ကြာစိ
Ei Ei Myat
[Unicode Version]

လူရွှင်တော် သရုပ်ဆောင် ကြာစိက မေလတုန်းကလည်း ထီတစ်ကြိမ် ပေါက်ခဲ့ဖူးပါတယ်။ ဒီနှစ်ထဲမှာ ဒုတိယတစ်ကြိမ် ထီပေါက်တာ ဖြစ်ပါတယ်။

10.jpg

Photo : ကြာစိ FB

 

လူရွှင်တော် ကြာစိက ဇူလိုင်လအစကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါတယ်။ ကံတွေ ဆက်တိုက်ကောင်းနေတဲ့ ကြာစိကို ကြည့်ပြီး ပရိသတ်တွေလည်း အားကျလို့ နေပါတယ်။ ဇူလိုင်လအမှာ ထီပေါက်လို့ ပျော်နေတဲ့ ကြာစိက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ကံ...ကောင်းတယ်ပေါ့နော် ကြွားအုံးမယ်.. ၅သောင်းဆု..၆ဆု..၃သိန်းပေါက်ပြန်ပြီဝေ့.." ဆိုပြီး ပြောထားတာပါ။ ကြာစိဟာ မေလတုန်း ကလည်း ထီပေါက်ခဲ့ပါသေးတယ်။ အခုလိုပဲ ငါးသောင်းဆု (၆)ဆုပေါက်ခဲ့တာပါ။ ပရိသတ်တွေကလည်း သူထီပေါက်တယ် ဆိုတဲ့အတွက် အားလုံးဝမ်းသာလို့ နေကြပါတယ်။

29684091_402526050213288_892468107887509504_n.jpg

Photo : ကြာစိ FB

ထီပေါက်လို့ ပျော်နေတဲ့ ကြာစိ 

ကြာစိဟာ သူဝါသနာပါတဲ့ အနုပညာအလုပ် တွေ လုပ်ရင်းနဲ့ ရတဲ့ ကြေးငွေးတွေနဲ့ အလှူအတန်းတွေကိုလည်း အဆက်မပြတ်ပြုလုပ်နေသူဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက သူတို့ဇနီးမောင်နှံက ရှင်(၉)ပါးစာအတွက် လိုအပ်တာတွေအားလုံးကို တာဝန်ယူလှူဒါန်းခဲ့တာပါ။

30124104_402526066879953_1067681333087567872_n.jpg

Photo : ကြာစိ FB

 

ကြာစိတို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ ရဲ့အလှူတစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။အခုဆိုရင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ မှာ ရင်သွေးရတနာလေးလွယ်ထားနေရပြီလို့ သိရပါတယ်။ အဲ့ဒီရင် သွေး လေးကတော့ သားလေး ဖြစ်ပါတယ်တဲ့။

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။

[Zawgyi Version]

လူရႊင္ေတာ္ သ႐ုပ္ေဆာင္ ၾကာစိက ေမလတုန္းကလည္း ထီတစ္ႀကိမ္ ေပါက္ခဲ့ဖူးပါတယ္။ ဒီႏွစ္္ထဲမွာ ဒုတိယတစ္ႀကိမ္ ထီေပါက္တာ ျဖစ္ပါတယ္။

Photo : ၾကာစိ FB

 

လူရႊင္ေတာ္ ၾကာစိက ဇူလိုင္လအစကို ကံေကာင္းျခင္းေတြနဲ႕ စတင္လိုက္ပါတယ္။ ကံေတြ ဆက္တိုက္ေကာင္းေနတဲ့ ၾကာစိကို ၾကည့္ၿပီး ပရိသတ္ေတြလည္း အားက်လို႕ ေနပါတယ္။ ဇူလိုင္လအမွာ ထီေပါက္လို႕ ေပ်ာ္ေနတဲ့ ၾကာစိက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေရးသားထားတာေတြ႕ရပါတယ္။

"ကံ...ေကာင္းတယ္ေပါ့ေနာ္ ႂကြားအံုးမယ္.. ၅ေသာင္းဆု..၆ဆု..၃သိန္းေပါက္ျပန္ၿပီေဝ့.." ဆိုၿပီး ေျပာထားတာပါ။ ၾကာစိဟာ ေမလတုန္း ကလည္း ထီေပါက္ခဲ့ပါေသးတယ္။ အခုလိုပဲ ငါးေသာင္းဆု (၆)ဆုေပါက္ခဲ့တာပါ။ ပရိသတ္ေတြကလည္း သူထီေပါက္တယ္ ဆိုတဲ့အတြက္ အားလံုးဝမ္းသာလို႕ ေနၾကပါတယ္။

Photo : ၾကာစိ FB

ထီေပါက္လို႕ ေပ်ာ္ေနတဲ့ ၾကာစိ 

ၾကာစိဟာ သူဝါသနာပါတဲ့ အႏုပညာအလုပ္ ေတြ လုပ္ရင္းနဲ႕ ရတဲ့ ေၾကးေငြးေတြနဲ႕ အလွဴအတန္းေတြကိုလည္း အဆက္မျပတ္ျပဳလုပ္ေနသူျဖစ္ပါတယ္။အဲ့ဒီအခ်ိန္တုန္းက သူတုိ႕ဇနီးေမာင္နွံက ရွင္(၉)ပါးစာအတြက္ လိုအပ္တာေတြအားလံုးကို တာဝန္ယူလွဴဒါန္းခဲ့တာပါ။

Photo : ၾကာစိ FB

 

ၾကာစိတုိ႕ ဇနီးေမာင္ႏွံဟာ ခ်စ္သူသက္တမ္း(၂)ႏွစ္ေက်ာ္မွာ အိမ္ေထာင္ျပဳခဲ့တာ ျဖစ္ပါတယ္။လြန္ခဲ့တဲ့ သံုးႏွစ္ခန္႕က ေတာင္ႀကီးၿမိဳ႕ ရဲ႕အလွဴတစ္ခုမွာ သြားေရာက္ေဖ်ာ္ေျဖရာက သူမနဲ႕ ၾကာစိတုိ႕ ေတြ႕ဆံုခဲ့တာလည္း ျဖစ္ပါတယ္။အခုဆိုရင္ ၾကာစိနဲ႕ ဆုဟန္နီၿဖိဳးတို႕ မွာ ရင္ေသြးရတနာေလးလြယ္ထားေနရၿပီလို႕ သိရပါတယ္။ အဲ့ဒီရင္ ေသြး ေလးကေတာ့ သားေလး ျဖစ္ပါတယ္တဲ့။

5 Star အဖဲြ႕ဝင္ ၾကာစိကေတာ့ ပရိသတ္အားေပးမႈ ရရွိထားတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ထဲမွာပဲ သူ႕ရဲ႕ ဘဝမွန္အေၾကာင္းကို ေရးစပ္ထားတဲ့ သီခ်င္းဟာလည္း ပရိသတ္ေတြၾကား ေတာ္ေတာ္ေပါက္သြားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs