• Local Celebrity

    ဝေခွဲမရတဲ့ အခြေအနေတစ်ခုနဲ့ ကြုံနေရတဲ့ ကော်နီ

Ei Ei Myat
[Unicode Version]

ဆယ်စုနှစ်များစွာ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော် ကော်နီက မိခင်နဲ့ အလုပ်တွေကြားထဲမှာ ဝေခွဲမရ ဖြစ်လို့ နေပါတယ်။ ပြည်ပခရီးပဲ သွားရမလား မိခင်ဘေးနားမှာပဲ နေပြီး အခွေပဲ ဆက်လုပ်ရမလား ဆိုပြီး ဒွိဟဖြစ် နေတာပါ။

36466335_2142468225782505_7314950305819394048_n (4).jpg

Photo : ကော်နီ FB

 

အဆိုတော် ကော်နီက အလုပ်တွေများပြီး စိတ်ထဲမှာ ဝေခွဲမရတွေ ဖြစ်လို့နေပါတယ်။ လတ်တလောမှာ ပြည်ပခရီးတွေသွားဖို့ ရှိနေသေး သော်လည်း အမေအိုကြီးတစ်ယောက်ထဲကို မထားခဲ့နိုင်ဘူး ဖြစ်နေတယ်တဲ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ  ယခုလို ပြောထားပါသေးတယ်။

36476749_2142368049125856_4353154585213272064_n.jpg

Photo : ကော်နီ FB

 

"အခုလောလောဆယ် စိတ်ထဲ ရင်ထဲမှာဘာဖြစ်နေလဲဆိုတော့ ပြည်ပခရီးတခုသွားဖို့ရှိသော်လည်း လုံးဝမသွားချင်တော့ဘူးလေ။ ဒီနှစ်မိုးတွင်းတရားစခန်းလေးဝင်ပြီး မပြီးပြတ်နိုင်သေးတဲ့စီးရီးအခွေလေးဘဲ ပြီးအောင်အဆုံးသတ်မလားစိတ်ကူးမိတယ်။ ရာသီဥတုကြီးက မကောင်းလေတော့ အမေအိုကြီးတယောက်ထဲ,မထားခဲ့နိုင်တာလဲပါတာပေါ့" ဆိုပြီး ဇူလိုင်(၂) ရက်နေ့က ကော်နီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

34631427_2103848016311193_4260296919827349504_n.jpg

Photo : ကော်နီ FB

 မုဒြာရဲ့ခေါ်သံ ဇာတ်ကားကို ကြည့်ပြီး ကျေနပ်မိတယ်ဆိုတဲ့ ကော်နီ

အမေနဲ့သမီးပဲ ရှိတဲ့ သူမရဲ့ ဘဝမှာ မိခင်ကို ထားခဲ့ပြီး အဝေးမသွားနိုင်ဖြစ်နေတဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ပရိသတ်တွေ က လေးစားလို့နေပါတယ်။ အဆိုတော် ကော်နီဟာ လက်ရှိမှာ ဂီတဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလို သွားနေပြီး သူမရဲ့ သီချင်းခွေ အတွက်လည်း ပြင်ဆင်နေတယ် သိရပါတယ်။

36430177_2139664286062899_8120164267598020608_n.jpg

Photo : ကော်နီ FB

 

အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနားကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။

ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

[Zawgyi Version]

ဆယ္စုႏွစ္မ်ားစြာ ဂီတေလာကမွာ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ အဆိုေတာ္ ေကာ္နီက မိခင္နဲ႕ အလုပ္ေတြၾကားထဲမွာ ေဝခြဲမရ ျဖစ္လို႕ ေနပါတယ္။ ျပည္ပခရီးပဲ သြားရမလား မိခင္ေဘးနားမွာပဲ ေနၿပီး အေခြပဲ ဆက္လုပ္ရမလား ဆိုၿပီး ဒိြဟျဖစ္ ေနတာပါ။

Photo : ေကာ္နီ FB

 

အဆိုေတာ္ ေကာ္နီက အလုပ္ေတြမ်ားၿပီး စိတ္ထဲမွာ ေဝခြဲမရေတြ ျဖစ္လို႕ေနပါတယ္။ လတ္တေလာမွာ ျပည္ပခရီးေတြသြားဖို႕ ရွိေနေသး ေသာ္လည္း အေမအိုႀကီးတစ္ေယာက္ထဲကို မထားခဲ့နိုင္ဘူး ျဖစ္ေနတယ္တဲ့။ အဲ့ဒါနဲ႕ ပတ္သက္ၿပီးေတာ့လည္း သူမရဲ႕ ေဖ့စ္ဘြတ္မွာ  ယခုလို ေျပာထားပါေသးတယ္။

Photo : ေကာ္နီ FB

 

"အခုေလာေလာဆယ္ စိတ္ထဲ ရင္ထဲမွာဘာျဖစ္ေနလဲဆိုေတာ့ ျပည္ပခရီးတခုသြားဖို႕ရွိေသာ္လည္း လံုးဝမသြားခ်င္ေတာ့ဘူးေလ။ ဒီႏွစ္မိုးတြင္းတရားစခန္းေလးဝင္ၿပီး မၿပီးျပတ္ႏိုင္ေသးတဲ့စီးရီးအေခြေလးဘဲ ၿပီးေအာင္အဆံုးသတ္မလားစိတ္ကူးမိတယ္။ ရာသီဥတုႀကီးက မေကာင္းေလေတာ့ အေမအိုႀကီးတေယာက္ထဲ,မထားခဲ့ႏိုင္တာလဲပါတာေပါ့" ဆုိၿပီး ဇူလိုင္(၂) ရက္ေန႕က ေကာ္နီရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

Photo : ေကာ္နီ FB

 မုျဒာရဲ႕ေခၚသံ ဇာတ္ကားကို ၾကည့္ၿပီး ေက်နပ္မိတယ္ဆိုတဲ့ ေကာ္နီ

အေမနဲ႕သမီးပဲ ရွိတဲ့ သူမရဲ႕ ဘဝမွာ မိခင္ကို ထားခဲ့ၿပီး အေဝးမသြားႏိုင္ျဖစ္ေနတဲ့ သူမရဲ႕ စိတ္ဓာတ္ေလးကိုလည္း ပရိသတ္ေတြ က ေလးစားလို႕ေနပါတယ္။ အဆိုေတာ္ ေကာ္နီဟာ လက္ရွိမွာ ဂီတေဖ်ာ္ေျဖပြဲေတြ ဆက္တုိက္ဆုိသလို သြားေနၿပီး သူမရဲ႕ သီခ်င္းေခြ အတြက္လည္း ျပင္ဆင္ေနတယ္ သိရပါတယ္။

Photo : ေကာ္နီ FB

 

အႏုပညာအလုပ္ေတြ လုပ္ေနသလုိ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႕လည္း ကုသိုလ္ေကာင္းမႈေတြ စဥ္ဆက္မျပတ္ ျပဳလုပ္ေနသူလည္း ျဖစ္ပါတယ္။ မိခင္နဲ႕အတူတရားစခန္းဝင္ျဖစ္ေနသလို ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ အဆိုေတာ္ မီမီဝင္းေဖတို႕နဲ႕အတူ ေအာင္ဆန္း ဆရာေတာ္ေက်ာင္းမွာ တရားနားကုသိုလ္ယူ ခဲ့တာလည္း ေတြ႕ရပါတယ္။

ေကာ္နီဟာ ဆယ္စုႏွစ္မ်ားစြာ ဂီတေလာကထဲမွာ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး ပရိသတ္အားေပးမႈ ရရွိထားသူလည္း ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs