• Local Celebrity
    မေမေ မယ်လိုဒီထက် အိုက်တင်ကောင်းတဲ့ သားသားသိဒ္ဓိစစ်
Ei Ei Myat
[Unicode Version]

မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်က မိခင်ဆီက ချောမောလှပမှုတင်မကဘူး၊ သရုပ်ဆောင်ပညာကိုလည်း ရရှိထားသူပါ။ သားဆီက အိုက်တင်ပညာတွေ ပြန်သင်ရမယ်လို့ မယ်လိုဒီက ပြောထားပါတယ်။

35802247_656564771363997_945404868300898304_n.jpg

Photo : မယ်လိုဒီ FB

 

မယ်လိုဒီရဲ့ ချစ်စရာ ကောင်းလွန်းလှတဲ့ သားသားသိဒ္ဓိစစ်ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေး ဖြစ်ပါတယ်။  မယ်လိုဒီဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ သားလေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဗီဒိယိုလေးတွေကို အမြဲတမ်းတင်ဖြစ်နေသူပါ။ ဒီနေ့မှာ လည်း သားလေးရဲ့ လှုပ်ရှားမှု လေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေး တစ်ဖိုင်ကို တင်ထားတာ တွေ့ရပါတယ်။

အဲ့ဒီဗီဒီယိုလေးထဲမှာ သိဒ္ဓိစစ်ကို ဖခင်ဖြစ်သူက ဆူနေတာပါ။ ဖေဖေဆူနေလို့ ငိုနေတဲ့သားလေးကို မေမေက ငိုနေတာလားလို့ မေးလိုက်တဲ့ အခါ ရယ်ပြီးတော့ ငိုနေတာဆိုပြီး ပြန်ပြောခဲ့ပါတယ်။ အဖေလုပ်သူက ထပ်ပြီးတော့ ရိုက်မယ် ဟန်ပြင်တဲ့ အချိန်မှာတော့ ချက်ချင်းကို ပြန်ငိုသွားခဲ့တာပါ။ သားသားရဲ့ အိုက်တင်ပိုင်းက ဘယ်လိုတွေ ကောင်းလဲဆိုတာ အောက်က ဗီဒီယိုလေးမှာ ကြည့်ကြည့်နော်။

3.JPG 

 

သားသားရဲ့ ဘဝမှာ အကြောက်ဆုံးက ဖေဖေဆူမှာနဲ့ စိတ်ဆိုးမှာ အကြောင်းဆုံးပါပဲဆိုပြီး မယ်လိုဒီက ပြောပြထားပါတယ်။

"ဖေဖေခရီးသွားရင် ပုံမှန်အိပ်ချိန်မှာအိပ်တယ်။ဖေဖေရန်ကုန်မှာ ရှိရင် တော့ ဖေဖေအိပ်ယာထဲမဝင်မချင်းမအိပ်ဘူး။ မနက်အိပ်ယာ နိုးတော့ ဖေဖေ့ကိုမမြင်တော့ ငိုတယ် ။ဘယ်လိုတွေ မေမေ့ရဲ့မနာလို စိတ်တွေကိုဆွနေတာလဲ  အိုက်တင်တွေကိုလဲ မေးဦး ပြန်တောင်သင်ရဦးမယ်" ဆိုပြီး ဇူလိုုင်(၃) ရက်နေ့က မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သားလေးကိုယ်စား ဖေဖေ့အတွက် ဆုတောင်းပေးလိုက်တဲ့ မယ်လိုဒီ 

မယ်လိုဒီရဲ့ ချစ်စရာကောင်းတဲ့ သားလေးသိဒ္ဓိစစ်က သုံးနှစ်ကျော်ထဲ ရောက်နေပြီဖြစ်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်း တက်နေရပြီ ဖြစ်ပါတယ်။ မိခင်ရဲ့ အလှနဲ့ဖခင်ရဲ့ အလှတွေကို ရရှိထားတဲ့ သားလေး သိဒ္ဓိစစ်ဟာ ပရိသတ်ရဲ့ ချစ်ခြင်းကို ခံရသူ ကလေးလေးလည်း ဖြစ်ပါတယ်။

35799345_656564768030664_5800717048258494464_n.jpg

Photo : မယ်လိုဒီ FB

 

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာ ပေါ်မှာ မကြာခဏဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။

[Zawgyi Version]

မယ္လိုဒီရဲ႕သားေလး သိဒၶိစစ္က မိခင္ဆီက ေခ်ာေမာလွပမႈတင္မကဘူး၊ သ႐ုပ္ေဆာင္ပညာကိုလည္း ရရွိထားသူပါ။ သားဆီက အိုက္တင္ပညာေတြ ျပန္သင္ရမယ္လို႔ မယ္လိုဒီက ေျပာထားပါတယ္။

Photo : မယ္လိုဒီ FB

 

မယ္လိုဒီရဲ႕ ခ်စ္စရာ ေကာင္းလြန္းလွတဲ့ သားသားသိဒၶိစစ္ဟာ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားသူေလး ျဖစ္ပါတယ္။  မယ္လိုဒီဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ သားေလးနဲ႕ ပတ္သက္တဲ့ လႈပ္ရွားမႈေတြ ဗီဒိယိုေလးေတြကို အၿမဲတမ္းတင္ျဖစ္ေနသူပါ။ ဒီေန႕မွာ လည္း သားေလးရဲ႕ လႈပ္ရွားမႈ ေလးကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ေလး တစ္ဖိုင္ကို တင္ထားတာ ေတြ႕ရပါတယ္။

အဲ့ဒီဗီဒီယိုေလးထဲမွာ သိဒၶိစစ္ကို ဖခင္ျဖစ္သူက ဆူေနတာပါ။ ေဖေဖဆူေနလို႕ ငိုေနတဲ့သားေလးကို ေမေမက ငိုေနတာလားလို႕ ေမးလိုက္တဲ့ အခါ ရယ္ၿပီးေတာ့ ငိုေနတာဆုိၿပီး ျပန္ေျပာခဲ့ပါတယ္။ အေဖလုပ္သူက ထပ္ၿပီးေတာ့ ရိုက္မယ္ ဟန္ျပင္တဲ့ အခ်ိန္မွာေတာ့ ခ်က္ခ်င္းကို ျပန္ငိုသြားခဲ့တာပါ။ သားသားရဲ႕ အုိက္တင္ပိုင္းက ဘယ္လိုေတြ ေကာင္းလဲဆိုတာ ေအာက္က ဗီဒီယိုေလးမွာ ၾကည့္ၾကည့္ေနာ္။

 

 

သားသားရဲ႕ ဘဝမွာ အေၾကာက္ဆံုးက ေဖေဖဆူမွာနဲ႕ စိတ္ဆိုးမွာ အေၾကာင္းဆံုးပါပဲဆိုၿပီး မယ္လိုဒီက ေျပာျပထားပါတယ္။

"ေဖေဖခရီးသြားရင္ ပုံမွန္အိပ္ခ်ိန္မွာအိပ္တယ္။ေဖေဖရန္ကုန္မွာ ရွိရင္ ေတာ့ ေဖေဖအိပ္ယာထဲမဝင္မခ်င္းမအိပ္ဘူး။ မနက္အိပ္ယာ ႏိုးေတာ့ ေဖေဖ့ကိုမျမင္ေတာ့ ငိုတယ္ ။ဘယ္လိုေတြ ေမေမ့ရဲ႕မနာလို စိတ္ေတြကိုဆြေနတာလဲ  အိုက္တင္ေတြကိုလဲ ေမးဦး ျပန္ေတာင္သင္ရဦးမယ္" ဆိုၿပီး ဇူလိုုင္(၃) ရက္ေန႕က မယ္လိုဒီရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

သားေလးကုိယ္စား ေဖေဖ့အတြက္ ဆုေတာင္းေပးလုိက္တဲ့ မယ္လုိဒီ 

မယ္လိုဒီရဲ႕ ခ်စ္စရာေကာင္းတဲ့ သားေလးသိဒၶိစစ္က သံုးႏွစ္ေက်ာ္ထဲ ေရာက္ေနၿပီျဖစ္ၿပီး တနလၤာေန႕ကေန ေသာၾကာေန႕အထိ ေက်ာင္း တက္ေနရၿပီ ျဖစ္ပါတယ္။ မိခင္ရဲ႕ အလွနဲ႕ဖခင္ရဲ႕ အလွေတြကို ရရွိထားတဲ့ သားေလး သိဒၶိစစ္ဟာ ပရိသတ္ရဲ႕ ခ်စ္ျခင္းကို ခံရသူ ကေလးေလးလည္း ျဖစ္ပါတယ္။

Photo : မယ္လိုဒီ FB

 

သရုပ္ေဆာင္မယ္လုိဒီနဲ႔ သူ႔ရဲ႕ သားေလး သိဒၶိစစ္တုိ႔ရဲ႕ ေပ်ာ္ရႊင္စရာေကာင္းတဲ့ဓာတ္ပုံေလးေတြကုိ လူမႈကြန္ယက္စာ မ်က္ႏွာ ေပၚမွာ မၾကာခဏဆုိသလုိ တင္ေလ့ရွိၿပီး မယ္လုိဒီကိုခ်စ္တဲ့ ပရိသတ္ေတြကလည္း သားေလးသိဒၵိစစ္အေပၚ အခ်စ္ေတြပုိခဲ့ ရပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs