မူပိုင်ခွင့်ကိစ္စနဲ့ ပတ်သက်ပြီး ခီဇနီးမောင်နှံတို့က ပြတ်ပြတ်သားသား ဆောင်ရွက်လိုက်ပါပြီ။ 'ဥပါတံမျဉ်'ရုပ်ရှင်ဇာတ်ကား ကို ခွင့်ပြုချက် မရှိပဲ အွန်လိုင်းမှာ တင်ခဲ့သူတွေရော အခွေအဖြစ် ရောင်းချသူတွေကိုပါ အရေးယူတော့မှာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကားဟာ အန်လိုင်းပေါ်မှာရော အပြင်အခွေရောင်းတဲ့နေရာတွေမှာ ပြန့်လို့နေပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကို Video အနေနဲ့သော်လည်းကောင်း Digital File အဖြစ်လည်းကောင်း၊ Online Media များမှ တစ်ဆင့်သော်လည်း လုံးဝပြသခဲ့ခြင်းမရှိသလို ပြသခွင့်လည်း လုံးဝပေးထားခြင်း မရှိပါဘူး။
Central Base Productions ကနေ ထုတ်လုပ်ထားတဲ့ 'ဥပါတံမျဉ်'ရုပ်ရှင်ဇာတ်ကားကို ခွင့်ပြုချက်မရှိပဲ အွန်လိုင်းမှာ တင်ခဲ့သူတွေရော အခွေအဖြစ် ရောင်းချသူတွေကိုပါ အရေးယူတော့မှာ ဖြစ်ပါတယ်။ 'ဥပါယ်တံမျဉ်' ရုပ်ရှင်ဇာတ်ကား မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီး အရေးယူမယ့်အကြောင်းကို ဒီနေ့(ဇူလိုင်၃ရက်)ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်း ကြေညာထားတာ ဖြစ်ပါတယ်။
သတင်းစာထဲမှာ 'ဥပါယ်တံမျဉ်' ဇာတ်ကားကို ဖေ့စ်ဘွတ်ပေါ်မှာ Digital Format ဖြင့် တစ်ဦးနဲ့တစ်ဦး ကူးယူမျှဝေခြင်း၊ ခိုးကူးခွေများ အဖြစ် ကူးယူခြင်းတို့ဖြင့် 'ဥပါတံမျဉ်' ရုပ်ရှင်ဇာတ်ကားရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်လျက်ရှိကြောင်း သိရပါတယ်။
အဲ့ဒါကြောင့် အီလက် ထရော်နှစ် ဆက်သွယ်ရေးနဲ့ မူပိုင်ခွင့်ချိုးဖောက်ကာ တရားမဝင်ဆောင်ရွက်သူများအား တည်ဆဲဥပေဒေများနဲ့ ထိရောက်စွာ အရေးယူမှာ ဖြစ်ကြောင်း သတင်းစာထဲတွင် ထည့်သွင်းကြေညာထားပါတယ်။
အိမ်ထောင်သက်တမ်း (၁၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ ခီစုံတွဲ
ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရင်ဖွင့်ရေးသားခဲ့ပါတယ်။
'' ကျွန်မရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျွန်မ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေတဲ့အတွက် ကျွန်မအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ စဖြန့်တဲ့ သူကိုလည်း ကျွန်မ screen shot ယူထားပါတယ် " ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။
ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား လည်း ဖြစ်ပါတယ်။ ဇာတ်ကား နမူနာ ထွက်ချိန်မှာပရိသတ်တွေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတစ်ကားလို့ ထင်ခဲ့ကြပေ မယ့်လည်း တကယ်တမ်း ဇာတ်ကားတစ်ခုလုံးကို ကြည့်တဲ့အချိန်မှာ လှည့်ကွက်တွေများစွာ သုံးထားတာကို တွေ့မြင်ရပါတယ်။
ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ် တို့က ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာပါ။ ဇဏ်ခီဟာလည်း သူသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ လိုက်ဖက် ညီအောင် ကြိုးစားနိုင်ခဲ့သလို အောင်မြင့်မြတ်ဟာလည်း သူ့ရဲ့ ကာရိုက်တာကို အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို အမျိုးသမီးဒါရိုက်တာ ခရစ်(စ)တီးနားခီက ရိုက်ကူးတာဖြစ်ပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး လေး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။
မူပိုင္ခြင့္ကိစၥနဲ႕ ပတ္သက္ၿပီး ခီဇနီးေမာင္ႏွံတို႕က ျပတ္ျပတ္သားသား ေဆာင္ရြက္လိုက္ပါၿပီ။ 'ဥပါတံမ်ဥ္'ရုပ္ရွင္ဇာတ္ကား ကို ခြင့္ျပဳခ်က္ မရွိပဲ အြန္လိုင္းမွာ တင္ခဲ့သူေတြေရာ အေခြအျဖစ္ ေရာင္းခ်သူေတြကိုပါ အေရးယူေတာ့မွာ ျဖစ္ပါတယ္။
ပရိသတ္ေတြရဲ႕ အားေပးမႈ ရရွိထားတဲ့ 'ဥပါယ္တံမ်ဥ္' ရုပ္ရွင္ဇာတ္ကားဟာ အန္လိုင္းေပၚမွာေရာ အျပင္အေခြေရာင္းတဲ့ေနရာေတြမွာ ျပန္႕လို႕ေနပါတယ္။ ထိုရုပ္ရွင္ဇာတ္ကားကို Video အေနနဲ႕ေသာ္လည္းေကာင္း Digital File အျဖစ္လည္းေကာင္း၊ Online Media မ်ားမွ တစ္ဆင့္ေသာ္လည္း လံုးဝျပသခဲ့ျခင္းမရွိသလို ျပသခြင့္လည္း လံုးဝေပးထားျခင္း မရွိပါဘူး။
Central Base Productions ကေန ထုတ္လုပ္ထားတဲ့ 'ဥပါတံမ်ဥ္'ရုပ္ရွင္ဇာတ္ကားကို ခြင့္ျပဳခ်က္မရွိပဲ အြန္လိုင္းမွာ တင္ခဲ့သူေတြေရာ အေခြအျဖစ္ ေရာင္းခ်သူေတြကိုပါ အေရးယူေတာ့မွာ ျဖစ္ပါတယ္။ 'ဥပါယ္တံမ်ဥ္' ရုပ္ရွင္ဇာတ္ကား မူပိုင္ခြင့္ခ်ဳိးေဖာက္ျခင္းနဲ႕ ပတ္သက္ၿပီး အေရးယူမယ့္အေၾကာင္းကို ဒီေန႕(ဇူလိုင္၃ရက္)ထုတ္ ေၾကးမံုသတင္းစာမွာ ထည့္သြင္း ေၾကညာထားတာ ျဖစ္ပါတယ္။
သတင္းစာထဲမွာ 'ဥပါယ္တံမ်ဥ္' ဇာတ္ကားကို ေဖ့စ္ဘြတ္ေပၚမွာ Digital Format ျဖင့္ တစ္ဦးနဲ႕တစ္ဦး ကူးယူမွ်ေဝျခင္း၊ ခိုးကူးေခြမ်ား အျဖစ္ ကူးယူျခင္းတို႕ျဖင့္ 'ဥပါတံမ်ဥ္' ရုပ္ရွင္ဇာတ္ကားရဲ႕ မူပိုင္ခြင့္ကို ခ်ိဳးေဖာက္လ်က္ရွိေၾကာင္း သိရပါတယ္။
အဲ့ဒါေၾကာင့္ အီလက္ ထေရာ္ႏွစ္ ဆက္သြယ္ေရးနဲ႕ မူပိုင္ခြင့္ခ်ိဳးေဖာက္ကာ တရားမဝင္ေဆာင္ရြက္သူမ်ားအား တည္ဆဲဥေပေဒမ်ားနဲ႕ ထိေရာက္စြာ အေရးယူမွာ ျဖစ္ေၾကာင္း သတင္းစာထဲတြင္ ထည့္သြင္းေၾကညာထားပါတယ္။
အိမ္ေထာင္သက္တမ္း (၁၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ခီစံုတြဲ
ထိုကိစၥနဲ႕ ပတ္သက္ၿပီး ဒါရိုက္တာ ခရစၥတီးနားခီကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာကေနတဆင့္ ရင္ဖြင့္ေရးသားခဲ့ပါတယ္။
'' ကၽြန္မရဲ႕႐ုပ္ရွင္ online မွာ စျပန္႕လာပါတယ္။ အႏုပညာနဲ႕ပက္သက္ရင္ ကၽြန္မ ႐ိုးသားၿပီး ႐ုန္းကန္ခဲ့ရတဲ့အလုပ္တခုျဖစ္ေနတဲ့အတြက္ ကၽြန္မအေနနဲ႕ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္။ စျဖန္႔တဲ့ သူကိုလည္း ကၽြန္မ screen shot ယူထားပါတယ္ " ဆုိၿပီးေတာ့ ဇြန္လ ၃၀ ရက္ေန႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ ပါတယ္။
ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးဟာ ပရိသတ္ေတြျမင္ေနက် ျမန္မာဇာတ္ကားေတြထဲက ခြဲထြက္သြားတဲ့ ရုပ္ရွင္ဇာတ္ကားတစ္ကား လည္း ျဖစ္ပါတယ္။ ဇာတ္ကား နမူနာ ထြက္ခ်ိန္မွာပရိသတ္ေတြက အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ ဇာတ္ကားတစ္ကားလို႕ ထင္ခဲ့ၾကေပ မယ့္လည္း တကယ္တမ္း ဇာတ္ကားတစ္ခုလံုးကို ၾကည့္တဲ့အခ်ိန္မွာ လွည့္ကြက္ေတြမ်ားစြာ သံုးထားတာကို ေတြ႕ျမင္ရပါတယ္။
ပရိသတ္မ်ားရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့တဲ့ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္ခဲ့တဲ့ သရုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ဇဏ္ခီနဲ႕ ေအာင္ျမင့္ျမတ္ တို႕က ပရိသတ္အားေပးမႈကုိ တစ္ခဲနက္ ရရွိခဲ့တာပါ။ ဇဏ္ခီဟာလည္း သူသရုပ္ေဆာင္ရတဲ့ကာရိုက္တာနဲ႕ လိုက္ဖက္ ညီေအာင္ ႀကိဳးစားႏုိင္ခဲ့သလို ေအာင္ျမင့္ျမတ္ဟာလည္း သူ႕ရဲ႕ ကာရိုက္တာကို အပိုအလိုမရွိေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့သူ ျဖစ္ပါတယ္။
ဒီရုပ္ရွင္ဇာတ္ကားႀကီးကုိ အမ်ဳိးသမီးဒါရိုက္တာ ခရစ္(စ)တီးနားခီက ရိုက္ကူးတာျဖစ္ၿပီး ဇဏ္ခီ၊ သက္မြန္ျမင့္၊ ေအာင္ျမင့္ျမတ္၊ ထုိင္းမင္းသမီး ေလး Kaew Korravee ၊ မင္းဦး၊ ျခဴးစစ္ဟန္၊ ေက်ာ္ကိုကိုေဝတို႕က အဓိက ပါဝင္သရုပ္ေဆာင္ ထားတာျဖစ္ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.