ဖေ့စ်ဘွတ်ပေ့ချ်အတုတွေကြောင့် အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ စိတ်ညစ်နေကြပါတယ်။အဲ့ဒီပေ့ချ်အတုတွေဟာ သူတို့ရဲ့ ပုံတွေကို သုံးပြီး စီးပွားရှာရုံသာမက အခုဆိုရင် ကလေးလေးတွေရဲ့ ပုံကို သုံးပြီး စီးပွားရှာနေကြတာ ဖြစ်ပါတယ်။
Photo : ချစ်သုဝေ FB
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ သူတို့နာမည်တွေကို အသုံးချပြီး စီးပွားရေး လုပ်စားနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကြောင့် စိတ်ညစ်လို့နေပါတယ်။ကလေးတွေရဲ့ ပုံတွေကို အသုံးပြုပြီး ဈေးရောင်းနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်အတုတွေနဲ့ ပတ်သက်ပြီး ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ယခုလို ပြောပြထားတာ တွေ့ရပါတယ်။
Photo : ချစ်သုဝေ FB
"ဒါမျိုးကျတော့ ချစ်လို့ခင်လို့မဟုတ်ပဲ ကလေးတွေကို အသုံးချ အမြတ်ထုတ်တယ်လို့ မြင်ပါတယ်။ လူတွေဟာ စည်းကမ်းရော ကိုယ်ကျင့်တရား ရော ပျက်ယွင်းလာကြတာ စိတ်မကောင်းစရာ ကိုယ့်ကိုတင်မက ကိုယ့်သားသမီးတွေကိုပါဆိုတော့ မလွန်လွန်းဘူးလား။ ကလေးတွေကို ချစ်ရင်လေ ကျွန်မ မချစ်သုဝေ treza သည် ဒီ account တစ်ခုတည်းသုံးပါတယ်နော်ဘာ page မှ မသုံးပါဘူး။
ဘယ်pageမှအစစ်မဟုတ်ပါလို့ စည်းမရှိဘောင်မရှိ ကလေးတွေကိုအသုံးချ စီးပွားအမြတ်ထုတ်ချင်သူများထောင်ထားကြတာပါလို့။ ကိုယ့် မိတ်ဆွေတွေ ထဲက မသိပဲ like လုပ်ထားသူများ သတိပါနော်!" ဆိုပြီး ဇူလိုင်(၄) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ချစ်သုဝေ FB
သူတို့ မိသားစု လေး အနှောက်အယှက် ကင်းကင်းနဲ့ စိတ်ချမ်းသာစွာ နေချင်ပါတယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ သူတို့မိသားစု နာမည်သုံးပြီး စီးပွားရှာနေတဲ့ ပေ့ချ်တွေကို Report ထုရင်တော့ ပျက်နိုင်ပ့ါမလားဆိုပြီး စိုးရိမ်နေပါသေးတယ်။ ပရိသတ်တွေကလည်း အကောင့်တု တွေကို ဝိုင်းပြီး Report ထုပေးမယ်ဆိုပြီး ကောမန့်တွေမှာ ပြောထားကြပါသေးတယ်။
နလန်ထစ ဇနီးကို လိုလေသေးမရှိအောင် ပြုစုပေးနေတဲ့ လင်းလင်း
လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
Photo : ချစ်သုဝေ FB
သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ အခုဆိုရင် မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်း ကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို လည်း ပါဝင်လို့နေပါပြီ။
မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မေမေချစ်သုဝေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရမ်းချော၊ အရမ်းချစ်စရာကောင်းတဲ့ သူတို့လေး ၂ ယောက်ဟာ ပရိသတ်အချစ်တော် ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။
ေဖ့စ္ဘြတ္ေပ့ခ်္အတုေတြေၾကာင့္ အဆိုေတာ္ လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ စိတ္ညစ္ေနၾကပါတယ္။အဲ့ဒီေပ့ခ်္အတုေတြဟာ သူတုိ႕ရဲ႕ ပံုေတြကို သံုးၿပီး စီးပြားရွာရံုသာမက အခုဆိုရင္ ကေလးေလးေတြရဲ႕ ပံုကို သံုးၿပီး စီးပြားရွာေနၾကတာ ျဖစ္ပါတယ္။
Photo : ခ်စ္သုေဝ FB
အဆိုေတာ္ လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ ဇနီးေမာင္ႏွံဟာ သူတို႕နာမည္ေတြကို အသံုးခ်ၿပီး စီးပြားေရး လုပ္စားေနတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ေတြေၾကာင့္ စိတ္ညစ္လို႕ေနပါတယ္။ကေလးေတြရဲ႕ ပံုေတြကို အသံုးျပဳၿပီး ေစ်းေရာင္းေနတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္အတုေတြနဲ႕ ပတ္သက္ၿပီး ခ်စ္သုေဝရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ယခုလို ေျပာျပထားတာ ေတြ႕ရပါတယ္။
Photo : ခ်စ္သုေဝ FB
"ဒါမ်ိဳးက်ေတာ့ ခ်စ္လို႔ခင္လို႔မဟုတ္ပဲ ကေလးေတြကို အသံုးခ် အျမတ္ထုတ္တယ္လို႔ ျမင္ပါတယ္။ လူေတြဟာ စည္းကမ္းေရာ ကိုယ္က်င့္တရား ေရာ ပ်က္ယြင္းလာၾကတာ စိတ္မေကာင္းစရာ ကိုယ့္ကိုတင္မက ကိုယ့္သားသမီးေတြကိုပါဆိုေတာ့ မလြန္လြန္းဘူးလား။ ကေလးေတြကို ခ်စ္ရင္ေလ ကၽြန္မ မခ်စ္သုေဝ treza သည္ ဒီ account တစ္ခုတည္းသံုးပါတယ္ေနာ္ဘာ page မွ မသံုးပါဘူး။
ဘယ္pageမွအစစ္မဟုတ္ပါလို႔ စည္းမရွိေဘာင္မရွိ ကေလးေတြကိုအသံုးခ် စီးပြားအျမတ္ထုတ္ခ်င္သူမ်ားေထာင္ထားၾကတာပါလို႔။ ကိုယ့္ မိတ္ေဆြေတြ ထဲက မသိပဲ like လုပ္ထားသူမ်ား သတိပါေနာ္!" ဆိုၿပီး ဇူလိုင္(၄) ရက္ေန႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။
Photo : ခ်စ္သုေဝ FB
သူတို႕ မိသားစု ေလး အေႏွာက္အယွက္ ကင္းကင္းနဲ႕ စိတ္ခ်မ္းသာစြာ ေနခ်င္ပါတယ္ဆိုၿပီးေတာ့လည္း ေျပာထားပါေသးတယ္။ သူတို႕မိသားစု နာမည္သံုးၿပီး စီးပြားရွာေနတဲ့ ေပ့ခ်္ေတြကို Report ထုရင္ေတာ့ ပ်က္ႏိုင္ပ့ါမလားဆိုၿပီး စိုးရိမ္ေနပါေသးတယ္။ ပရိသတ္ေတြကလည္း အေကာင့္တု ေတြကို ဝိုင္းၿပီး Report ထုေပးမယ္ဆိုၿပီး ေကာမန္႕ေတြမွာ ေျပာထားၾကပါေသးတယ္။
နလန္ထစ ဇနီးကို လိုေလေသးမရွိေအာင္ ျပဳစုေပးေနတဲ့ လင္းလင္း
လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ ႏွစ္ေယာက္စလံုးဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္မႈ ရရွိထားတဲ့ အႏုပညာရွင္မ်ား ျဖစ္သလို လင္းလင္းဟာ လည္း ဂီတေလာကမွာ တစ္ကိုယ္ေတာ္ပြဲေတြနဲ႕ ေအာင္ျမင္မႈ ရရွိထားကာ ခ်စ္သုေဝဟာလည္း သရုပ္ေဆာင္ပိုင္းနဲ႕ အဆိုပိုင္းမွာ ပရိသတ္အား ေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။
Photo : ခ်စ္သုေဝ FB
သူတို႕ႏွစ္ဦးရဲ႕ ဘဝထဲမွာ အခုဆိုရင္ ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္ဆုိတဲ့ ခ်စ္စရာအရမ္း ေကာင္းတဲ့ အျမႊာသမီးေလးႏွစ္ေယာက္ကို လည္း ပါဝင္လို႕ေနပါၿပီ။
ေမျမန္မာသစ္နဲ႕ ေမျမန္မာေခတ္ဆုိတဲ့ ခ်စ္စရာအရမ္းေကာင္းတဲ့ အျမႊာသမီးေလးႏွစ္ေယာက္ကို ေမေမခ်စ္သုေဝက ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္ေန႔ နံနက္ပိုင္းမွာ ပန္းလိႈင္ေဆးရံုမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ အရမ္းေခ်ာ၊ အရမ္းခ်စ္စရာေကာင္းတဲ့ သူတုိ႔ေလး ၂ ေယာက္ဟာ ပရိသတ္အခ်စ္ေတာ္ ကေလးေလးေတြလည္း ျဖစ္ၾကပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.