• Local Celebrity
    ဆူဇီအတွက် ယုန်လေးနဲ့ သူငယ်ချင်းတွေရဲ့ သန်းခေါင်ကျော် Birthday Surprise
Ei Ei Myat
[Unicode Version]

အဆိုတော် ဆူဇီရဲ့ မွေးနေ့လေးကို ယုန်လေးနဲ့အတူ သူငယ်ချင်းတွေက မွေးနေ့ Surprise လေး လုပ်ပေးခဲ့ကြပါတယ်။ ယုန်လေးက ဆူဇီအတွက် မွေးနေ့လက်ဆောင်အဖြစ် လက်စွပ်လေး ပေးခဲ့ပါသေးတယ်။

36926095_117254805858364_5955188068204937216_n.jpg

Photo : ယုန်လေး FB

 

ဒီနေ့(ဇူလိုင်၉ရက်)က အဆိုတော် ဆူဇီရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မှာ ယုန်လေးနဲ့အတူ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ မြင့်မြတ်တို့ ဇနီးမောင် နှံ၊ Dဖြိုး၊ Waiလျှံ၊ ဂျင်းနီတို့  မွေးနေ့ Surprise ပေးလုပ်ခဲ့ပေးတာ တွေ့ရပါတယ်။Birthday Surprise ဗီဒီယိုလေးကိုလည်း Dဖြိုးရဲ့ ဇနီးဖေ့စ် ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဗီဒီယိုဖိုင်လေးထဲမှာ သူငယ်ချင်းတွေ အားလုံး မွေးနေ့သီချင်းလေးဆိုခဲ့ပြီး ယုန်လေးက ဆူဇီအတွက် လက်စွပ်လေး လက်ဆောင်ပေးခဲ့ တာတွေ့ရပါတယ်။

 

ဆူဇီအတွက် မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလို ပြောထားပါတယ်။

"Happy Birthday Par . Suzie Lay yay ။ စိတ်ထားကောင်းတဲ့ အတွက် အရာရာအဆင်ပြေပါစေ ။ဘုရား အမြဲတန်းရှိတဲ့ အတွက်လည်း ဘာလုပ်လုပ်အဆင်ပြေပါစေ ။နောက်နှစ်ပေါင်းများစွာလည်း ဒီလူတွေအားလုံးနဲ့ မသေမချင်းဖြတ်သန်းနိုင်ပါစေ ။အရမ်း အရမ်း ချစ် " ဆိုပြီး ဇူလိုင်(၉) ရက်နေ့က ယုန်လေးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

36835440_117255045858340_5694617156885413888_n.jpg

Photo : ယုန်လေး FB

အသံအတွက်ကျန်းမာရေးထိန်းသိမ်းမှုနဲ့ဖက်ရှင်အကြောင်းပြောပြလာတဲ့ ဆူဇီ 

ယုန်လေးနဲ့ ဆူဇီဟာ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်သလို ယုန်လေးကို နားလည်အပေးနိုင်ဆုံး ကောင်မလေးတစ် ယောက်ဖြစ် ပါတယ်။  သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကိတ်တွေခွဲပြီး ထမင်းဟင်းတွေ ချက်စားကြနဲ့ ဆူဇီရဲ့ မွေးနေ့က အရမ်းကို ပျော်ဖို့ ကောင်းလှပါတယ်။

ဆူဇီဟာ လက်ရှိမှာဖျော်ဖြေရေးတွေ  သွားဖြစ်နေသလို အသက်အရွယ်လိုက် ပြောင်းလဲလာတဲ့ သူမရဲ့ ဝတ်စားဆင်ယင်မှုလေးတွေကိုလည်း ပရိသတ်တွေ သတိထားမိလာကြပါတယ်။

36915069_117254929191685_7662799595453284352_n.jpg

Photo : ယုန်လေး FB

 

" မြန်မာဝတ်စုံလေး တွေကိုလည်းဒီဇိုင်းလှလှလေးတွေနဲ့ ပိုဝတ်ဖြစ်လာတာက ကိုယ့်ဘာသာကိုယ် အိုလာပြီလား၊ အဘွားကြီးဖြစ်လာပြီလား ဆိုပြီး တော့ ပိုနုငယ်ချင်တဲ့အတွက်ကြောင့် ဖက်ရှင်အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားဖြစ်နေ တယ်။ အသက်အရွယ်ရလာတော့ သူများတွေ တောင် ထိန်းသိမ်းတဲ့အတွက်ကြောင့် ကိုယ်လည်း ထိန်းသိမ်းရမယ် ဆိုတာ သိလာတဲ့ အတွက်ကြောင့် နည်းနည်းပါးပါးလေ့လာတယ်။ ဒါပေမယ့် အစ်မကတော့ ကိုယ့်ဘာသာကိုယ် အရမ်းကြီးပြောင်းလဲ လာတယ်လို့ မထင် ပါဘူး။'' လို့ သူက Duwun Media ကို ပြောပြဖူးပါတယ်။

[Zawgyi Version]

အဆုိေတာ္ ဆူဇီရဲ႕ ေမြးေန႕ေလးကို ယုန္ေလးနဲ႕အတူ သူငယ္ခ်င္းေတြက ေမြးေန႕ Surprise ေလး လုပ္ေပးခဲ့ၾကပါတယ္။ ယုန္ေလးက ဆူဇီအတြက္ ေမြးေန႕လက္ေဆာင္အျဖစ္ လက္စြပ္ေလး ေပးခဲ့ပါေသးတယ္။

Photo : ယုန္ေလး FB

 

ဒီေန႕(ဇူလိုင္၉ရက္)က အဆုိေတာ္ ဆူဇီရဲ႕ ေမြးေန႕ပါ။ သူမရဲ႕ ေမြးေန႕မွာ ယုန္ေလးနဲ႕အတူ သူငယ္ခ်င္းေတြ ျဖစ္ၾကတဲ့ ျမင့္ျမတ္တို႕ ဇနီးေမာင္ ႏွံ၊ Dၿဖိဳး၊ Waiလွ်ံ၊ ဂ်င္းနီတို႕  ေမြးေန႕ Surprise ေပးလုပ္ခဲ့ေပးတာ ေတြ႕ရပါတယ္။Birthday Surprise ဗီဒီယိုေလးကိုလည္း Dၿဖိဳးရဲ႕ ဇနီးေဖ့စ္ ဘြတ္မွာ တင္ထားတာ ေတြ႕ရပါတယ္။

ဗီဒီယုိဖိုင္ေလးထဲမွာ သူငယ္ခ်င္းေတြ အားလံုး ေမြးေန႕သီခ်င္းေလးဆိုခဲ့ၿပီး ယုန္ေလးက ဆူဇီအတြက္ လက္စြပ္ေလး လက္ေဆာင္ေပးခဲ့ တာေတြ႕ရပါတယ္။

 

ဆူဇီအတြက္ ေမြးေန႕ဆုေတာင္းေလးကိုလည္း ယခုလို ေျပာထားပါတယ္။

"Happy Birthday Par . Suzie Lay yay ။ စိတ္ထားေကာင္းတဲ့ အတြက္ အရာရာအဆင္ေျပပါေစ ။ဘုရား အျမဲတန္းရိွတဲ့ အတြက္လည္း ဘာလုပ္လုပ္အဆင္ေျပပါေစ ။ေနာက္ႏွစ္ေပါင္းမ်ားစြာလည္း ဒီလူေတြအားလံုးနဲ႔ မေသမခ်င္းျဖတ္သန္းႏိုင္ပါေစ ။အရမ္း အရမ္း ခ်စ္ " ဆိုၿပီး ဇူလိုင္(၉) ရက္ေန႕က ယုန္ေလးရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo : ယုန္ေလး FB

အသံအတြက္က်န္းမာေရးထိန္းသိမ္းမႈနဲ႔ဖက္ရွင္အေၾကာင္းေျပာျပလာတဲ့ ဆူဇီ 

ယုန္ေလးနဲ႕ ဆူဇီဟာ အရမ္းကို ခင္ၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္သလို ယုန္ေလးကို နားလည္အေပးႏိုင္ဆံုး ေကာင္မေလးတစ္ ေယာက္ျဖစ္ ပါတယ္။  သူငယ္ခ်င္းေတြနဲ႕အတူ ေမြးေန႕ကိတ္ေတြခြဲၿပီး ထမင္းဟင္းေတြ ခ်က္စားၾကနဲ႕ ဆူဇီရဲ႕ ေမြးေန႕က အရမ္းကို ေပ်ာ္ဖို႕ ေကာင္းလွပါတယ္။

ဆူဇီဟာ လက္ရွိမွာေဖ်ာ္ေျဖေရးေတြ  သြားျဖစ္ေနသလို အသက္အရြယ္လိုက္ ေျပာင္းလဲလာတဲ့ သူမရဲ႕ ဝတ္စားဆင္ယင္မႈေလးေတြကိုလည္း ပရိသတ္ေတြ သတိထားမိလာၾကပါတယ္။

Photo : ယုန္ေလး FB

 

" ျမန္မာဝတ္စုံေလး ေတြကုိလည္းဒီဇုိင္းလွလွေလးေတြနဲ႔ ပုိဝတ္ျဖစ္လာတာက ကုိယ့္ဘာသာကုိယ္ အုိလာၿပီလား၊ အဘြားႀကီးျဖစ္လာၿပီလား ဆုိၿပီး ေတာ့ ပုိႏုငယ္ခ်င္တဲ့အတြက္ေၾကာင့္ ဖက္ရွင္အပုိင္းကုိ ပုိၿပီးေတာ့ စိတ္ဝင္စားျဖစ္ေန တယ္။ အသက္အရြယ္ရလာေတာ့ သူမ်ားေတြ ေတာင္ ထိန္းသိမ္းတဲ့အတြက္ေၾကာင့္ ကုိယ္လည္း ထိန္းသိမ္းရမယ္ ဆုိတာ သိလာတဲ့ အတြက္ေၾကာင့္ နည္းနည္းပါးပါးေလ့လာတယ္။ ဒါေပမယ့္ အစ္မကေတာ့ ကုိယ့္ဘာသာကုိယ္ အရမ္းႀကီးေျပာင္းလဲ လာတယ္လုိ႔ မထင္ ပါဘူး။'' လုိ႔ သူက Duwun Media ကို ေျပာျပဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs