• Local Celebrity
    ပရိသတ်တွေအတွက် ခွဲစိတ်ပြီး ပုံလေးကို ပြလိုက်တဲ့ နေခြည်ဦး
Ei Ei Myat
[Unicode Version]

ပရိသတ်တွေကို ကတိပေးထားတဲ့အတိုင်း နေခြည်ဦးက ဓာတ်ပုံတင်ပေးလိုက်ပါပြီ။ သူမရဲ့ ခွဲစိတ်ထားတဲ့ ပုံကို သူမရဲ့ အင်စတာ ဂရမ်မှာ တင်ပေးထားတာ ဖြစ်ပါတယ်။ သူမတင်ထားတဲ့ ပုံကိုကြည့်ပြီး ပရိသတ်တွေ အံ့သြနေတာ ရှိပါတယ်။အဲ့ဒါကတော့ နားတစ်ဖက်ကို ပတ်တီး စည်းထားတာကြောင့်ပါ။ မျက်လုံးနဲ့ နှာခေါင်းလုပ်တာကို ဘာလို့ နားမှာ ပတ်တီးတွေ စည်းထားတာ လဲဆိုပြီး ကောမန့်တွေမှာ မေးနေကြ ပါတယ်။

naychi oo.JPG 

နေခြည်ဦးက သူမကတိပေးထားတဲ့အတိုင်း သူမရဲ့ ခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို သိအောင် ဓာတ်ပုံလေးတွေ တင်လိုက်ပါပြီ။ ကိုရီးယားမှာ နှာခေါင်းနဲ့ မျက်လုံး မျက်ရစ် သွားဖော်ခဲ့တဲ့ နေခြည်ဦးက ဒီနေ့(ဇူလိုင်၁၀ရက်)မှာ သူမခွဲစိတ်ပြီး ထား တဲ့ ပုံလေးတစ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်လိုက်ပါတယ်။

သူမတင်ထားတဲ့ ပုံမှာ နေခြည်ဦးက မျက်ရစ်ဖော်ထားပြီး ဖြစ်သလို နှာခေါင်းလဲ ခွဲစိတ်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူမတင်ထား တဲ့ ပုံကိုကြည့်ပြီး ပရိသတ်တွေ အံ့သြနေတာ ရှိပါတယ်။ အဲ့ဒါကတော့ နားတစ်ဖက်ကို ပတ်တီးစည်းထားတာကြောင့်ပါ။မျက်လုံး နဲ့ နှာခေါင်းလုပ်တာကို ဘာလို့ နားမှာ ပတ်တီးတွေ စည်းထားတာလဲဆိုပြီး ကောမန့်တွေမှာ မေးနေကြပါတယ်။ အဲ့ဒီမေးခွန်း တွေကိုတော့ သူမက ဘာမှ ပြန်မပြောထားပါဘူး။

N-3.jpg 

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

N-1.jpg 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလို့ ပျော်နေတဲ့ နေခြည်ဦး

နေခြည်ဦးဟာ မျက်နှာခွဲစိတ်မှုမလုပ်ခင်က သူ့ရဲ့ ပုံတွေကို ဟာသတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ကြတဲ့ အပေါ်မှာလည်း နားလည်ပေးတယ်လို့ ပြောပါတယ်။ ဒီပုံတွေ အပေါ်မှာလည်း လူတွေက Entertainment တစ်ခုအနေနဲ့ပဲ မြင်လာကြတာကြောင့် ဘာမှ မဖြစ်ဘူးလို့ ပြောပြခဲ့ ပါသေးတယ်။

'' ဆေးလိပ်ဖြတ်ပြီးပုံနဲ့ ဆေးလိပ်မဖြတ်ခင်ပုံတွေကို လူတွေက Troll တစ်ခုအနေနဲ့ လုပ်လာကြတာ ကိုယ်ကိုယ်တိုင်လည်း ရယ်ရတယ်။ ပြီးတော့ Entertainment တစ်ခုအနေနဲ့ ပိုမြင်တယ်။ တခြားပုံတွေနဲ့ Troll လုပ်ရင်တော့ နေခြည်က ပိုပြီးတော့ နားလည်သွားပါပြီ။ ကြိုက်တဲ့သူ ရှိမယ် မကြိုက်တဲ့သူရှိမယ်၊ သူတို့စိတ်ညစ်နေလို့ထွက်ပေါက်ပေးသလိုဖြစ်သွားရင်လည်း နေခြည်ကတော့ နားလည်ပါတယ်'' လို့ဆိုပါတယ်။

36188614_1737997452988184_8959948691725090816_n.jpg

Photo : နေခြည်ဦး FB

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 

[Zawgyi Version]

ပရိသတ္ေတြကို ကတိေပးထားတဲ့အတိုင္း ေနျခည္ဦးက ဓာတ္ပံုတင္ေပးလိုက္ပါၿပီ။ သူမရဲ႕ ခြဲစိတ္ထားတဲ့ ပံုကို သူမရဲ႕ အင္စတာ ဂရမ္မွာ တင္ေပးထားတာ ျဖစ္ပါတယ္။ သူမတင္ထားတဲ့ ပံုကိုၾကည့္ၿပီး ပရိသတ္ေတြ အံ့ၾသေနတာ ရွိပါတယ္။အဲ့ဒါကေတာ့ နားတစ္ဖက္ကို ပတ္တီး စည္းထားတာေၾကာင့္ပါ။ မ်က္လံုးနဲ႕ ႏွာေခါင္းလုပ္တာကို ဘာလို႕ နားမွာ ပတ္တီးေတြ စည္းထားတာ လဲဆိုၿပီး ေကာမန္႕ေတြမွာ ေမးေနၾက ပါတယ္။

 

ေနျခည္ဦးက သူမကတိေပးထားတဲ့အတိုင္း သူမရဲ႕ ခြဲစိတ္ျပဳျပင္မႈနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြကို သိေအာင္ ဓာတ္ပံုေလးေတြ တင္လိုက္ပါၿပီ။ ကိုရီးယားမွာ ႏွာေခါင္းနဲ႕ မ်က္လံုး မ်က္ရစ္ သြားေဖာ္ခဲ့တဲ့ ေနျခည္ဦးက ဒီေန႕(ဇူလိုင္၁၀ရက္)မွာ သူမခြဲစိတ္ၿပီး ထား တဲ့ ပံုေလးတစ္ပံုကို သူမရဲ႕ အင္စတာဂရမ္မွာ တင္လိုက္ပါတယ္။

သူမတင္ထားတဲ့ ပံုမွာ ေနျခည္ဦးက မ်က္ရစ္ေဖာ္ထားၿပီး ျဖစ္သလို နွာေခါင္းလဲ ခြဲစိတ္ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ သူမတင္ထား တဲ့ ပံုကိုၾကည့္ၿပီး ပရိသတ္ေတြ အံ့ၾသေနတာ ရွိပါတယ္။ အဲ့ဒါကေတာ့ နားတစ္ဖက္ကို ပတ္တီးစည္းထားတာေၾကာင့္ပါ။မ်က္လံုး နဲ႕ ႏွာေခါင္းလုပ္တာကို ဘာလို႕ နားမွာ ပတ္တီးေတြ စည္းထားတာလဲဆိုၿပီး ေကာမန္႕ေတြမွာ ေမးေနၾကပါတယ္။ အဲ့ဒီေမးခြန္း ေတြကိုေတာ့ သူမက ဘာမွ ျပန္မေျပာထားပါဘူး။

 

ေနျခည္ဦးက သူမလုပ္ခ်င္တာကို လုပ္လိုက္ရတဲ့အတြက္ ေတာ္ေတာ္ေပ်ာ္ေနပံုပါ။ေနျခည္ဦးဟာ မ်က္ရစ္ ႀကီးခ်င္တာေၾကာင့္ ခြဲစိတ္တာျဖစ္ ေၾကာင္း၊ သူ႔ရဲ႕မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္ဆုိတာကုိ အကယ္ဒမီမုိ႔မုိ႔ျမင့္ေအာင္ကေျပာခဲ့တယ္လုိ႔ သူကဆုိပါတယ္။

'' အန္တီမုိ႔က ေနျခည့္ရဲ႕ မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္လုိ႔ ေျပာတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ ေနျခည္ ယုံၾကည္မႈေတြ ပိုရွိလာတယ္။ ဒါေပမယ့္ ေနျခည္က မ်က္ရစ္ေလးပဲ နည္းနည္းႀကီးခ်င္တာ..ေနျခည္လုံးဝ မ်က္လုံးေလးကုိ မထိပါဘူး'' လုိ႔ ေျပာခဲ့ပါေသးတယ္။

 

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရလုိက္တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္သြားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ခြဲစိတ္မႈကုိလည္း လုပ္ခ်င္ေနတာ ၾကာၿပီဆုိေပမယ့္ အခ်ိန္မေပးႏုိင္ေသးလုိ႔ မလုပ္ျဖစ္တဲ့အေၾကာင္း L'oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

ကုိယ္လုပ္ခ်င္တာ လုပ္လုိက္ရလုိ႔ ေပ်ာ္ေနတဲ့ ေနျခည္ဦး

ေနျခည္ဦးဟာ မ်က္ႏွာခြဲစိတ္မႈမလုပ္ခင္က သူ႔ရဲ႕ ပုံေတြကုိ ဟာသတစ္ခုအေနနဲ႔ ျပဳလုပ္ခဲ့ၾကတဲ့ အေပၚမွာလည္း နားလည္ေပးတယ္လုိ႔ ေျပာပါတယ္။ ဒီပုံေတြ အေပၚမွာလည္း လူေတြက Entertainment တစ္ခုအေနနဲ႔ပဲ ျမင္လာၾကတာေၾကာင့္ ဘာမွ မျဖစ္ဘူးလုိ႔ ေျပာျပခဲ့ ပါေသးတယ္။

'' ေဆးလိပ္ျဖတ္ၿပီးပုံနဲ႔ ေဆးလိပ္မျဖတ္ခင္ပုံေတြကို လူေတြက Troll တစ္ခုအေနနဲ႔ လုပ္လာၾကတာ ကုိယ္ကုိယ္တုိင္လည္း ရယ္ရတယ္။ ၿပီးေတာ့ Entertainment တစ္ခုအေနနဲ႔ ပုိျမင္တယ္။ တျခားပုံေတြနဲ႔ Troll လုပ္ရင္ေတာ့ ေနျခည္က ပုိၿပီးေတာ့ နားလည္သြားပါၿပီ။ ႀကိဳက္တ့ဲသူ ရွိမယ္ မႀကိဳက္တဲ့သူရွိမယ္၊ သူတုိ႔စိတ္ညစ္ေနလုိ႔ထြက္ေပါက္ေပးသလုိျဖစ္သြားရင္လည္း ေနျခည္ကေတာ့ နားလည္ပါတယ္'' လုိ႔ဆုိပါတယ္။

Photo : ေနျခည္ဦး FB

 

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs