• Local Celebrity

    LGBT ကို Support လုပ်တဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တဲ့ ခိုင်နှင်းဝေ

Ei Ei Myat
[Unicode Version]

ခိုင်နှင်းဝေက LGBT ကို Support လုပ်တဲ့ ဆိုင်လေး တစ်ဆိုင် ဒီနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။လူလူချင်း တန်ဖိုးထားတတ်သူများ ဆုံဆည်းဖို့ နေရာလေး တစ်ခုဖြစ်မှာပါလို့လည်း သူမက ဆိုပါတယ်။

36923512_2153065704909365_756737177009782784_n.jpg 

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေက ဒီနေ့မှာ သူမရဲ့ စိတ်ကူးအိမ်မက်လေးကို အကောင်အထည်ဖော်နိုင်သွားပါပြီ။ ခိုင်နှင်းဝေဟာ  ဒီနေ့(ဇူလိုင်၁၀)ရက်နေ့မှာ My Place ဆိုတဲ့ စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီဆိုင်လေးကို တာမွေမြို့ ဒဂုံသီရိလမ်းမှာ ဖွင့်လှစ်ထား တာ ဖြစ်ပြီး သူမနဲ့အတူ သူမရဲ့ ဘေးနားမှာ အမြဲအတူတူ ရှိပေးခဲ့တဲ့ JDတို့ ကြိုးစားပြီး ဖွင့်ထားတဲ့ ဆိုင်လေး တစ်ဆိုင်လည်း ဖြစ်ပါတယ်။JD ဟာ သူ့ဘေးနားမှာ အမြဲတမ်း ရှိနေပေးခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်း တစ်ဦးဆိုလည်း မမှားပါဘူး။

36908166_2153066338242635_5257383833975652352_n.jpg 

My Place လို့ နာမည်ပေးထားတဲ့ ဆိုင်လေးဟာ ကော်ဖီဆိုင်သက်သက် စားသောက်ဆိုင် သက်သက်မဟုတ်တဲ့ နေရာလေး တစ်ခုဖြစ်တယ် ဆိုပြီး ပြောထားပါတယ်။

"My Place တဲ့...စားသောက်ဆိုင်သက်သက် ကော်ဖီဆိုင်သက်သက် မဟုတ်တာကြောင့် ဘာဆိုင်လဲလို့မေးရင် ဖြေရနည်းနည်းခက်ပါတယ်။ အစားအသောက်ရော ကော်ဖီကောင်းကောင်းလေးရောအပြင် လူကိုလူလို တန်ဖိုးထားတတ်သူများအတွက် ဆုံဆည်းရာ နေရာလေးတစ်ခုဖြစ် မှာပါ။ဒါကြောင့် My Place ဆိုတဲ့ ဆိုင်နာမည်လေးဟာ JD ရဲ့ Place ကျွန်မရဲ့ Place ဖြစ်နေသလိုလူသား အားလုံးရဲ့ Place လည်း ဖြစ်လို့ လာအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင် " ဆိုပြီး ဇူလိုင်(၁၀) ရက်နေ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

36913500_2153065608242708_2329473116117401600_n.jpg

ထိုင်းနိုင်ငံမှာပါ ပရဟိတ လုပ်ခွင့်ရလို့ ဂုဏ်ယူနေတဲ့ ခိုင်နှင်းဝေ 

သူတို့ နှစ်ဦးရဲ့ ဆိုင်ဖွင့်ပွဲလေးကို အနုပညာရှင်တွေ တော်တေ်ာများများ တက်ရောက်ခဲ့ကြပါတယ်။ LGBT ကို Support လုပ်ပေးတဲ့ နေရာ လေးတစ်ခုဖြစ်တာကြောင့် သူမရဲ့စိတ်ကူးလေးကို ပရိသတ်တွေက လက်ခံချီးကျူးကြတာကိုလည်း သူမပို့စ်အောက်က ကောမန့်မှာ အများကြီးပါ။

ခိုင်နှင်းဝေဟာ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့အတူ သူမဝါသနာပါရာ ပရဟိတအလုပ်လေးတွေကို လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းဟာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလည်း ဖွဲ့စည်းထားနိုင်သူပါ။

36913567_2153065578242711_786630909599154176_n.jpg 

သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့  သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားဖူးပါတယ်။

"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

36946939_2153029008246368_356959495089291264_n.jpg

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

[Zawgyi Version]

ခိုင္ႏွင္းေဝက LGBT ကို Support လုပ္တဲ့ ဆုိင္ေလး တစ္ဆိုင္ ဒီေန႕မွာ ဖြင့္လွစ္ခဲ့ပါတယ္။လူလူခ်င္း တန္ဖိုးထားတတ္သူမ်ား ဆံုဆည္းဖို႕ ေနရာေလး တစ္ခုျဖစ္မွာပါလို႕လည္း သူမက ဆိုပါတယ္။

 

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝက ဒီေန႕မွာ သူမရဲ႕ စိတ္ကူးအိမ္မက္ေလးကို အေကာင္အထည္ေဖာ္ႏိုင္သြားပါၿပီ။ ခိုင္ႏွင္းေဝဟာ  ဒီေန႕(ဇူလိုင္၁၀)ရက္ေန႕မွာ My Place ဆိုတဲ့ စားေသာက္ဆိုင္ေလးတစ္ခုကို ဖြင့္လွစ္ခဲ့ပါတယ္။

အဲ့ဒီဆိုင္ေလးကို တာေမြၿမိဳ႕ ဒဂံုသီရိလမ္းမွာ ဖြင့္လွစ္ထား တာ ျဖစ္ၿပီး သူမနဲ႕အတူ သူမရဲ႕ ေဘးနားမွာ အၿမဲအတူတူ ရွိေပးခဲ့တဲ့ JDတို႕ ႀကိဳးစားၿပီး ဖြင့္ထားတဲ့ ဆိုင္ေလး တစ္ဆိုင္လည္း ျဖစ္ပါတယ္။JD ဟာ သူ႕ေဘးနားမွာ အၿမဲတမ္း ရွိေနေပးခဲ့တဲ့ အရင္းနွီးဆံုး သူငယ္ခ်င္း တစ္ဦးဆိုလည္း မမွားပါဘူး။

 

My Place လို႕ နာမည္ေပးထားတဲ့ ဆိုင္ေလးဟာ ေကာ္ဖီဆိုင္သက္သက္ စားေသာက္ဆိုင္ သက္သက္မဟုတ္တဲ့ ေနရာေလး တစ္ခုျဖစ္တယ္ ဆိုၿပီး ေျပာထားပါတယ္။

"My Place တဲ့...စားေသာက္ဆိုင္သက္သက္ ေကာ္ဖီဆိုင္သက္သက္ မဟုတ္တာေၾကာင့္ ဘာဆိုင္လဲလို႔ေမးရင္ ေျဖရနည္းနည္းခက္ပါတယ္။ အစားအေသာက္ေရာ ေကာ္ဖီေကာင္းေကာင္းေလးေရာအျပင္ လူကိုလူလို တန္ဖိုးထားတတ္သူမ်ားအတြက္ ဆံုဆည္းရာ ေနရာေလးတစ္ခုျဖစ္ မွာပါ။ဒါေၾကာင့္ My Place ဆိုတဲ့ ဆိုင္နာမည္ေလးဟာ JD ရဲ႕ Place ကြ်န္မရဲ႕ Place ျဖစ္ေနသလိုလူသား အားလံုးရဲ႕ Place လည္း ျဖစ္လို႔ လာအားေပးၾကဖို႔ ဖိတ္ေခၚပါတယ္ရွင္ " ဆိုၿပီး ဇူလိုင္(၁၀) ရက္ေန႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာပါ ပရဟိတ လုပ္ခြင့္ရလို႔ ဂုဏ္ယူေနတဲ့ ခုိင္ႏွင္းေ၀ 

သူတို႕ ႏွစ္ဦးရဲ႕ ဆိုင္ဖြင့္ပြဲေလးကို အႏုပညာရွင္ေတြ ေတာ္ေတ္ာမ်ားမ်ား တက္ေရာက္ခဲ့ၾကပါတယ္။ LGBT ကို Support လုပ္ေပးတဲ့ ေနရာ ေလးတစ္ခုျဖစ္တာေၾကာင့္ သူမရဲ႕စိတ္ကူးေလးကို ပရိသတ္ေတြက လက္ခံခ်ီးက်ဴးၾကတာကိုလည္း သူမပို႕စ္ေအာက္က ေကာမန္႕မွာ အမ်ားႀကီးပါ။

ခိုင္ႏွင္းေဝဟာ လက္ရွိမွာ အႏုပညာအလုပ္ေတြနဲ႕အတူ သူမဝါသနာပါရာ ပရဟိတအလုပ္ေလးေတြကို လုပ္ကိုင္ေနတဲ့ အႏုပညာရွင္တစ္ဦးပါ။ သူမရဲ႕ ခိုင္ႏွင္းေဝပရဟိတအသင္းဟာ ျမန္မာႏိုင္ငံမွာသာမက ထုိင္းႏိုင္ငံမွာလည္း ဖြဲ႕စည္းထားနိုင္သူပါ။

 

သူမဦးစီးတဲ့ ပရဟိတအသင္းႀကီးဟာ ထိုင္းနိုင္ငံမွာပါ ရွိလာႏိုင္တဲ့အတြက္ သူမအေနနဲ႕ အရမ္းကို ဂုဏ္ယူမိတယ္လို႕  သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားဖူးပါတယ္။

"ဘယ္ေနရာေရာက္ေရာက္ ကၽြန္မကို အႏုပညာရွင္အျဖစ္ ခ်စ္ခင္မႈေရာ ပရဟိတသမားအျဖစ္ လက္ခံေပးၿပီး ကၽြန္မအားေပး စကား ေတြအတြက္ သူတို႕ စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့အတြက္ ကၽြန္မဝမ္းသာမိပါတယ္။ ထိုင္းႏိုင္ငံမွာ ကၽြန္မအသင္း ရွိလာတဲ့ အတြက္လည္း ဂုဏ္ယူမိပါတယ္" လို႔ ခုိင္ႏွင္းေဝရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

ခုိင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္ရြက္ေနသူတစ္ဦးပါ။ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ ခုိင္ႏွင္းေဝက အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ အားတက္သေရာ ပါဝင္ကူညီေဆာင္ရြက္ေပးေနသူ ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs