• Local Celebrity
    လမ်းပြပေးခဲ့သူ ဦးရဲလွင်ကို ကန်တော့လိုက်တဲ့ ဆောင်းဦးလှိုင်
Sabal Thwin
[Unicode Version]

ဂီတပညာရှင်ကြီး ဦးရဲလွင်တစ်ယောက် အသဲရောဂါနဲ့ ရန်ကုန်ဆေးရုံသစ်ကြီး ကုတင် ၅၀၀ ဆေးရုံမှာ ဒီနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာကွယ်လွန်သွားခဲ့ပါပြီ။ အဲ့ဒီအတွက်လည်း အနုပညာရှင်များက စိတ်မကောင်းဖြစ်လို့နေပါတယ်။

36748682_908746959328945_7057231866964738048_n.jpg

Photo: Facebook

 

အဆိုတော်မီမီဝင်းဖေတစ်ယောက် ဇူလိုင်လ ၁၀ ရက်နေ့ ဒီနေ့ ညနေ ၄ နာရီ ၁၀ မိနစ်မှာကွယ်လွန်သွားခဲ့တဲ့ ဂီတပညာရှင်ကြီး ဦးရဲလွင် အတွက် စိတ်မကောင်းဖြစ်နေပါတယ်။ ဦးရဲလွင်အတွက်ကိုလည်း ကောင်းရာသုဂတိလားနိုင်ဖို့ အဆက်မပြတ် ဆုတောင်းမေတ္တာတွေ ပို့သ ဦးမယ်လို့ ဆိုပါတယ်။

'' ဖုန်းသံမြည်တိုင်း ဒီအသိုင်းအဝိုင်းကလူတွေရဲ့ နံပါတ်မဟုတ်ပါစေနဲ့လို့ဆုတောင်းမိတယ်။ဖုန်းဝင်လာတော့ အသက်အရင် ရှုပြီး စိတ်တည်ငြိမ် အောင်ထားလိုက်တယ်။ဖုန်းဖြေလိုက်တယ်။ကြားရမဲ့ သတင်းကို တည်တည်ငြိမ်ငြိမ် နားထောင်တယ်။ ဘုရားစင်ရှေ့ သွား ဆုတောင်း အမျှ ဝေပေးပါတယ်။'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်က ရေးတင်ခဲ့တာဖြစ်ပါတယ်။

35925601_10208861591216725_7874194127666020352_n.jpg

Photo:Mi Mi Win Phay Facebook

ဆုန်သင်းနဲ့ သမီးလေးဆီသွားလည်ခဲ့တဲ့ မီမီဝင်းဖေ 

ဂီတပညာရှင်ကြီး ဦးရဲလွင် ကွယ်လွန်သွားတာကြောင့် အဆိုတော် ဆောင်းဦးလှိုင်ကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူ့ရဲ့ ရင်ထဲမှာလည်း ဦးရဲလွင်ရဲ့ ဦးဆောင်လမ်းပြပေးခဲ့သမျှတို့ကို ထာဝရ ရင်ထဲမှာ ရှိနေမယ်လို့လည်း ပြောပြခဲ့ပါသေး တယ်။

''ဦးရဲရေ ကျွန်တော့်စိတ် ကျွန်တော့်မှတ်ဉာဏ် ကျွန်တော့်အသိတရားတွေထဲမှာ ဦးရဲ ထာဝရရှိနေမှာပါ။ကျွန်တော် ရိုသေစွာ ရှိခိုးဦချ ကန်တော့ရင်းလေးစားစွာ အလေးပြုလိုက်ပါတယ်။ လမ်းပြပေးခဲ့သမျှ ဦးဆောင်ပေးခဲ့သမျှတို့အတွက်ကျေးဇူးပါ။ ဆောင်းဦးလှိုင် ၁၀.၇.၂၀၁၈'' ဆိုပြီးတော့ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၅ နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ တာပါ။

23376371_10204067001312109_4623078974917178428_n.jpg

Photo:Soung Oo Hlaing Facebook

 

ဦးရဲလွင်က ၁၉၈၄ ခုနှစ်မှာတော့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကချင်စစ်ဘေး အန္တရာယ် အတွင်း ဒုက္ခရောက် နေကြတဲ့ ပြည်သူတွေအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးတစ်ခုအဖြစ် အလှူငွေတွေ ကောက်ခံခဲ့ဖူး ပါတယ်။ အခုချိန် မှာတော့ ဦးရဲလွင်ကွယ်လွန်သွားတာဖြစ်တဲ့အတွက် အနုပညာရှင်များကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

36859577_1750353941680344_4955352413641900032_n.jpg

Photo: Facebook

 

ဂီတပညာရှင် ဦးရဲလွင်ဟာ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့ပြီး ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ဖူးပါတယ်။

[Zawgyi Version]

ဂီတပညာရွင္ႀကီး ဦးရဲလြင္တစ္ေယာက္ အသဲေရာဂါနဲ႔ ရန္ကုန္ေဆးရုံသစ္ႀကီး ကုတင္ ၅၀၀ ေဆးရုံမွာ ဒီေန႔ ညေန ၄ နာရီ ၁၀ မိနစ္မွာကြယ္လြန္သြားခဲ့ပါၿပီ။ အဲ့ဒီအတြက္လည္း အႏုပညာရွင္မ်ားက စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။

Photo: Facebook

 

အဆိုေတာ္မီမီဝင္းေဖတစ္ေယာက္ ဇူလုိင္လ ၁၀ ရက္ေန႔ ဒီေန႔ ညေန ၄ နာရီ ၁၀ မိနစ္မွာကြယ္လြန္သြားခဲ့တဲ့ ဂီတပညာရွင္ႀကီး ဦးရဲလြင္ အတြက္ စိတ္မေကာင္းျဖစ္ေနပါတယ္။ ဦးရဲလြင္အတြက္ကုိလည္း ေကာင္းရာသုဂတိလားႏုိင္ဖုိ႔ အဆက္မျပတ္ ဆုေတာင္းေမတၱာေတြ ပို႔သ ဦးမယ္လုိ႔ ဆုိပါတယ္။

'' ဖုန္းသံျမည္တုိင္း ဒီအသိုင္းအဝိုင္းကလူေတြရဲ႕ နံပါတ္မဟုတ္ပါေစနဲ႔လို႔ဆုေတာင္းမိတယ္။ဖုန္းဝင္လာေတာ့ အသက္အရင္ ရႈၿပီး စိတ္တည္ၿငိမ္ ေအာင္ထားလိုက္တယ္။ဖုန္းေျဖလိုက္တယ္။ၾကားရမဲ့ သတင္းကို တည္တည္ၿငိမ္ၿငိမ္ နားေထာင္တယ္။ ဘုရားစင္ေရွ႔ သြား ဆုေတာင္း အမွ် ေဝေပးပါတယ္။'' ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာ ေပၚမွာ ဇူလိုင္လ ၁၀ရက္ေန႔ ညေန ၄ နာရီ ၅၂ မိနစ္က ေရးတင္ခဲ့တာျဖစ္ပါတယ္။

Photo:Mi Mi Win Phay Facebook

ဆုန္သင္းနဲ႕ သမီးေလးဆီသြားလည္ခဲ့တဲ့ မီမီဝင္းေဖ 

ဂီတပညာရွင္ႀကီး ဦးရဲလြင္ ကြယ္လြန္သြားတာေၾကာင့္ အဆုိေတာ္ ေဆာင္းဦးလႈိင္ကလည္း စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ သူ႔ရဲ႕ ရင္ထဲမွာလည္း ဦးရဲလြင္ရဲ႕ ဦးေဆာင္လမ္းျပေပးခဲ့သမွ်တုိ႔ကုိ ထာဝရ ရင္ထဲမွာ ရွိေနမယ္လုိ႔လည္း ေျပာျပခဲ့ပါေသး တယ္။

''ဦးရဲေရ ကြၽန္ေတာ့္စိတ္ ကြၽန္ေတာ့္မွတ္ဥာဏ္ ကြၽန္ေတာ့္အသိတရားေတြထဲမွာ ဦးရဲ ထာဝရရိွေနမွာပါ။ကြၽန္ေတာ္ ရိုေသစြာ ရိွခိုးဦခ် ကန္ေတာ့ရင္းေလးစားစြာ အေလးျပဳလိုက္ပါတယ္။ လမ္းျပေပးခဲ့သမွ် ဦးေဆာင္ေပးခဲ့သမွ်တို႔အတြက္ေက်းဇူးပါ။ ေဆာင္းဦးလိႈင္ ၁၀.၇.၂၀၁၈'' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၀ရက္ေန႔ ညေန ၅ နာရီေလာက္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ တာပါ။

Photo:Soung Oo Hlaing Facebook

 

ဦးရဲလြင္က ၁၉၈၄ ခုနွစ္မွာေတာ့ မဇိၩမလိႈင္းဂီတအဖြဲ႕ကုိ တည္ေထာင္ခ့ဲတာျဖစ္ပါတယ္။ အ့ဲဒီေနာက္ ကခ်င္စစ္ေဘး အႏၱရာယ္ အတြင္း ဒုကၡေရာက္ ေနၾကတဲ့ ျပည္သူေတြအတြက္ လြတ္လပ္ျငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတေဖ်ာ္ေျဖေရးတစ္ခုအျဖစ္ အလွဴေငြေတြ ေကာက္ခံခဲ့ဖူး ပါတယ္။ အခုခ်ိန္ မွာေတာ့ ဦးရဲလြင္ကြယ္လြန္သြားတာျဖစ္တဲ့အတြက္ အႏုပညာရွင္မ်ားကလည္း စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။

Photo: Facebook

 

ဂီတပညာရွင္ ဦးရဲလြင္ဟာ ဒုကၡသည္မ်ားအတြက္ သူတတ္ကြၽမ္းေသာ ဂီတအႏုပညာျဖင့္ တစ္ဖက္ တစ္လမ္းမွ ကူညီေပးခဲ့ၿပီး ျပည္ပေရာက္ ျမန္မာတိုင္းရင္းသား မိသားစုမ်ားက ဂုဏ္ျပဳေပးအပ္သည့္ ၂၀၁၃ ခုႏွစ္အတြက္ စတုတၳအႀကိမ္ေျမာက္ ျပည္သူ႔ဂုဏ္ရည္ဆုမ်ားေပးအပ္ပြဲတြင္ ျပည္သူ႔ဂုဏ္ရည္ အထူးဆုကို ရရွိခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs