• Local Celebrity
    အသက်ဘေးက လွတ်ခဲ့တဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်ရဲ့ နေအိမ်မှာ Hot Pot လုပ်စားရာက ပေါက်ကွဲမှုဖြစ်ပြီး သူမမှာ အသက်ဘေးက လွတ်မြောက်ခဲ့ ရပါတယ်။ မိသားစုဝင် လေးဦးကတော့ အဲ့ဒီပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး အပူတွေ လောင်ပြီး ခွဲစိတ်ခန်းထဲ ဝင်ခဲ့ရ တယ်လို့ သိရပါတယ်။

36325343_1930506980374047_3591986299034140672_n.jpg 

ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ သရုပ်ဆောင် သဉ္ဇာမြင့်မိုရ်က အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ မိသားစုလိုက် အိမ်မှာ Hot Pot ချက်စားဖို့ ပြင်ဆင်ရင် အသားပေါင်းအိုး ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဲ့ဒီဖြစ်ရပ်မှာ သူမက ဘာမှမဖြစ်သွားပေမယ့် ဖခင်နဲ့ ညီမနှစ်ယောက်မှာ ကံဆိုးသွား ခဲ့တဲ့ အတွက် အရမ်းစိတ်မကောင်းဖြစ်လို့နေပါတယ်။

36869998_1950171795074232_1895408967970979840_n.jpg

Photo: သဉ္ဇာမြင့်မိုရ် FB (အသားအိုးပေါင်းတဲ့အိုးပါ)

 

အသားပေါင်းအိုးကို အငွေ့မထုတ်မိရာက စတဲ့ ဆိုးကျိုးကြီးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။ ပေါင်းအိုးထဲမှာ ဝက်နံရိုးကို ထည့်ပေါင်းပြီး ဟင်းရည်နဲမှာစိုးလို့ အဖုံးဖွင့်ရာက ပေါင်းအိုးအဖုံးမှာ ဖွင့်မရတာကြောင့် မီးပလပ်ဖြုတ်ပြီး ဓါးဦးနဲ့ ကလန့်ပြီး ဖွင့်ခဲ့ကြပါတယ်။

ဖခင်နဲ့ ညီမလေးနှစ်ယောက်က အဖုံးဖွင့်နေတဲ့အချိန်မှာ သူမက ဟင်းသီးဟင်းရွက်တွေ ဆေးပြီး အပြင်မှာ သွားချနေတုန်း ဖုန်းခနဲ့ ဆိုပြီး မီးဖိုခေါင်ကနေ အသံကြားလိုက်ရတယ်တဲ့။ပေါက်ကွဲသံနဲ့အတူ ပူတယ်ဆိုပြီး မီးဖိုးခန်းထဲမှာ ဆူညံပွက်လောရိုက်နေတာကြောင့် သူမ သွားကြည့် တဲ့ အခါမှာ မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ မီးလောင်သလိုပဲ ဖုံးနေခဲ့တာဆိုပြီး ဇူလိုင်(၁၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြားထားတာပါ။

Capture.JPG 

မိသားစုဝင်တွေ ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ သူမလည်း ယောင်ယောင်မှားမှားနဲ့ ဘာလုပ်လို့ လုပ်ရမလဲ မသိခဲ့ဘူးတဲ့။ သူမရဲ့ ညီမလေးဆို လည်း မျက်နှာကလွဲရင် တစ်ကိုယ်လုံးနီးပါ အပူတွေ လောင်သွားခဲ့တာပါ။

"မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်။ ပြောချင်တာက ဒီလိုအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုး အကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ... အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ." ဆိုပြီး သူမရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပရိသတ်တွေကို ပြောပြထားပါသေးတယ်။

36922621_1950171951740883_7811959312812605440_n.jpg

Photo : သဉ္ဇာမြင့်မိုရ် FB (ဖခင်ဖြစ်သူပါ)

 

သူမကိုယ်တိုင် ချက်ပြုတ်နေရင်းက သူမ မပါပဲ အခုလို ဖြစ်သွားတာ သူမအတွက် ကံဖယ်ပေးခဲ့သလို ဖြစ်ပေမယ့်မိသားစုဝင်တွေ ခံစားခဲ့ရတဲ့ မြင်ကွင်က သူမရဲ့ မျက်လုံးထဲက အခုအချိန်ထိ မထွက်နိုင်ဖြစ်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။

"အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်။ အဆိုးဆုံးခံရတဲ့ ညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့တော်သေးတယ်တဲ့။အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့ အသက် ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ.။ကံကြမ္မာဆိုတာကြိုမမြင်နိုင်ဘူးလေ.အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ." ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

35476793_1911749235583155_2006387100378726400_n.jpg

Photo : သဉ္ဇာမြင့်မိုရ် FB

 

သူမရဲ့ မိသားစုဝင်တွေအတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။သဉ္ဇာမြင့်မိုရ်ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်နေရာ ရရှိဖို့အတွက် ကြိုးစားနေသူလည်းဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ သဥၨာျမင့္မိုရ္ရဲ႕ ေနအိမ္မွာ Hot Pot လုပ္စားရာက ေပါက္ကြဲမႈျဖစ္ၿပီး သူမမွာ အသက္ေဘးက လြတ္ေျမာက္ခဲ့ ရပါတယ္။ မိသားစုဝင္ ေလးဦးကေတာ့ အဲ့ဒီေပါက္ကြဲမႈေၾကာင့္ ခႏၶာကိုယ္ တစ္ခုလံုး အပူေတြ ေလာင္ၿပီး ခြဲစိတ္ခန္းထဲ ဝင္ခဲ့ရ တယ္လို႕ သိရပါတယ္။

ပရိသတ္ေတြနဲ႕ မစိမ္းလွတဲ့ သရုပ္ေဆာင္ သဥၨာျမင့္မိုရ္က အသက္ေဘးက လြတ္ေျမာက္ခဲ့ပါတယ္။ မိသားစုလိုက္ အိမ္မွာ Hot Pot ခ်က္စားဖို႕ ျပင္ဆင္ရင္ အသားေပါင္းအိုး ေပါက္ကြဲမႈ ျဖစ္ခဲ့တာပါ။ အဲ့ဒီျဖစ္ရပ္မွာ သူမက ဘာမွမျဖစ္သြားေပမယ့္ ဖခင္နဲ႕ ညီမႏွစ္ေယာက္မွာ ကံဆိုးသြား ခဲ့တဲ့ အတြက္ အရမ္းစိတ္မေကာင္းျဖစ္လို႕ေနပါတယ္။

Photo: သဥၨာျမင့္မိုရ္ FB (အသားအုိးေပါင္းတဲ့အိုးပါ)

 

အသားေပါင္းအိုးကို အေငြ႕မထုတ္မိရာက စတဲ့ ဆိုးက်ိဳးႀကီးဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာထားပါတယ္။ ေပါင္းအိုးထဲမွာ ဝက္နံရိုးကို ထည့္ေပါင္းၿပီး ဟင္းရည္နဲမွာစိုးလို႕ အဖံုးဖြင့္ရာက ေပါင္းအိုးအဖံုးမွာ ဖြင့္မရတာေၾကာင့္ မီးပလပ္ျဖဳတ္ၿပီး ဓါးဦးနဲ႕ ကလန္႕ၿပီး ဖြင့္ခဲ့ၾကပါတယ္။

ဖခင္နဲ႕ ညီမေလးႏွစ္ေယာက္က အဖံုးဖြင့္ေနတဲ့အခ်ိန္မွာ သူမက ဟင္းသီးဟင္းရြက္ေတြ ေဆးၿပီး အျပင္မွာ သြားခ်ေနတုန္း ဖုန္းခနဲ႕ ဆိုၿပီး မီးဖိုေခါင္ကေန အသံၾကားလိုက္ရတယ္တဲ့။ေပါက္ကြဲသံနဲ႕အတူ ပူတယ္ဆိုၿပီး မီးဖိုးခန္းထဲမွာ ဆူညံပြက္ေလာရိုက္ေနတာေၾကာင့္ သူမ သြားၾကည့္ တဲ့ အခါမွာ မီးဖိုခန္းတစ္ခုလံုး ေရေႏြးေငြ႕ေတြ မီးေလာင္သလိုပဲ ဖံုးေနခဲ့တာဆိုၿပီး ဇူလိုင္(၁၀) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပားထားတာပါ။

မိသားစုဝင္ေတြ ဖရိုဖရဲ ျဖစ္ေနတဲ့အခ်ိန္မွာ သူမလည္း ေယာင္ေယာင္မွားမွားနဲ႕ ဘာလုပ္လို႕ လုပ္ရမလဲ မသိခဲ့ဘူးတဲ့။ သူမရဲ႕ ညီမေလးဆို လည္း မ်က္ႏွာကလြဲရင္ တစ္ကိုယ္လံုးနီးပါ အပူေတြ ေလာင္သြားခဲ့တာပါ။

"ေမ့ေဆးေပးၿပီး operation ဝင္ခဲ့ရတယ္။ ေျပာခ်င္တာက ဒီလိုအျဖစ္အပ်က္ေတြကို သင္ခန္းစာယူၿပီး ကိုယ္သံုးမယ့္ လွ်ပ္စစ္ပစၥည္းရဲ႕ အက်ိဳး အေၾကာင္း အဆိုးအေကာင္းကို ေသခ်ာေလ့လာၿပီးမွ သံုးပါ... အပူေလာင္လွ်င္ အပူခ်ိန္က်ေအာင္သာ လုပ္ပါ." ဆိုၿပီး သူမရဲ႕ အေတြ႕အၾကံဳနဲ႕ ယွဥ္ၿပီး ပရိသတ္ေတြကို ေျပာျပထားပါေသးတယ္။

Photo : သဥၨာျမင့္မိုရ္ FB (ဖခင္ျဖစ္သူပါ)

 

သူမကိုယ္တိုင္ ခ်က္ျပဳတ္ေနရင္းက သူမ မပါပဲ အခုလို ျဖစ္သြားတာ သူမအတြက္ ကံဖယ္ေပးခဲ့သလို ျဖစ္ေပမယ့္မိသားစုဝင္ေတြ ခံစားခဲ့ရတဲ့ ျမင္ကြင္က သူမရဲ႕ မ်က္လံုးထဲက အခုအခ်ိန္ထိ မထြက္ႏိုင္ျဖစ္ၿပီး စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။

"အဲဒီျမင္ကြင္းလည္း မ်က္လံုးထဲက မထြက္ဘူး စိတ္လည္းေတာ္ေတာ္မေကာင္းျဖစ္ရပါတယ္။ အဆိုးဆံုးခံရတဲ့ ညီမေလးတစ္ဖြဖြ ေျပာေနတဲ့ စကားေလးက မမ မျဖစ္လို႔ေတာ္ေသးတယ္တဲ့။အေငြ႕မထုတ္မိတဲ့အိုးက တည္ေနရင္း အလိုလို ထေပါက္မယ့္အျဖစ္ကေနဆိုေတာ့ အသက္ ေဘးေတာ့ လြတ္ခဲ့ၾကတာေပါ့ေလ.။ကံၾကမၼာဆိုတာႀကိဳမျမင္ႏိုင္ဘူးေလ.အားလံုးပဲ သတိထားၾကႏိုင္ဖို႔ သတိေပးပါရေစ." ဆုိၿပီး သူမက ဆက္လက္ေျပာျပခဲ့ပါတယ္။

Photo : သဥၨာျမင့္မိုရ္ FB

 

သူမရဲ႕ မိသားစုဝင္ေတြအတြက္ ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။သဥၨာျမင့္မိုရ္ဟာ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာေလာကမွာ ေနရာတစ္ေနရာ ရရွိဖို႕အတြက္ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs