• Local Celebrity
    ဖခင်အတွက်ရည်စူးပြီး အလှူလုပ်နေတဲ့ ဥက္ကာမင်းမောင်
Sabal Thwin
[Unicode Version]

ဥက္ကာမင်းမောင်တို့ မောင်နှမ နှစ်ယောက်ကတော့ ကွယ်လွန်သွားတဲ့ ဖခင်အတွက် ရည်စူးပြီး New York မှာ အလှူအတန်းတွေ ပြုလုပ်နေပါတယ်။ အဖေတစ်ယောက် ကောင်းရာမွန်ရာ ဘုံဝကနေ သာဓုခေါ်နိုင်စေတဲ့။

36914190_2326219270728598_1623952470629679104_n.jpg 

သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ မောင်နှမနှစ်ယောက်ဟာ ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဖခင်ဖြစ်သူအတွက် ရည်ရွယ်ပြီး New York မှာ အလှူ အတန်းတွေ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ဒီအလှူမှာ ကိုယ်တိုင်ချက်ထားတဲ့ ကြက်ဆီထမင်းနဲ့ ဘုန်းကြီးဆွမ်းကပ်ခဲ့တယ်လို့ သူကပြောပါတယ်။

'' ကွယ်လွန်သူဖခင်ကြီး အားရည်စူးပြီး July 9 ရက်နေ့တွင်ကျရောက်သော မွေးနေ့အတွက် New York မြို့ရှိ သုံးပါးကျောင်းမှာကိုယ်တိုင်ချက် သော ကြက်ဆီထမင်း နဲ့ တခြားအလှူဒါန များဖြင့် ညီမလေးနဲ့ အတူ လှူဒါန်းအမျှဝေခဲ့ပါတယ်။ ဖေကြီး ကောင်းရာဘုံဘဝက သာဓုခေါ်ဆို နိုင်ပါစေ။ ဖေကြီး အေးချမ်းပါစေ'' ဆိုပြီးတော့ ဇူလိုင်လ ၁၁ရက်နေ့မနက် ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

36826314_2324453004238558_5079318875045101568_n.jpg

ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဝေဖန်တိုက်ခိုက်မှုများတဲ့အတွက် ပိုကြိုးစားချင်စိတ် ဖြစ်တယ်ဆိုတဲ့ ဥက္ကာမင်းမောင်

မကြာခင်က ဂေးတစ်ယောက်ဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာကနေ ဖွင့်ဟဝန်ခံလာတဲ့ ဥက္ကာမင်းမောင်ဟာ အမျိုးသားအများစုရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလို တိုက်ခိုက်သူများတဲ့အတွက်  ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ်ဖြစ်တယ် လို့ဆိုပါတယ်။ မုန်းတဲ့ ပရိသတ် ဘယ်လောက်များများ သူ့အနုပညာလမ်းကြောင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ဆက်လျှောက်မယ်လို့ ပြောပြခဲ့ပါသေးတယ်။

35525238_2283971718286687_1174957431319429120_n.jpg 

ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။

[Zawgyi Version]

ဥကၠာမင္းေမာင္တုိ႔ ေမာင္ႏွမ ႏွစ္ေယာက္ကေတာ့ ကြယ္လြန္သြားတဲ့ ဖခင္အတြက္ ရည္စူးၿပီး New York မွာ အလွဴအတန္းေတြ ျပဳလုပ္ေနပါတယ္။ အေဖတစ္ေယာက္ ေကာင္းရာမြန္ရာ ဘံုဝကေန သာဓုေခၚႏိုင္ေစတဲ့။

 

သရုပ္ေဆာင္ ဥကၠာမင္းေမာင္တုိ႔ ေမာင္ႏွမႏွစ္ေယာက္ဟာ ကြယ္လြန္သြားတဲ့ သူ႔ရဲ႕ ဖခင္ျဖစ္သူအတြက္ ရည္ရြယ္ၿပီး New York မွာ အလွဴ အတန္းေတြ ျပဳလုပ္ခဲ့ တာျဖစ္ပါတယ္။ ဒီအလွဴမွာ ကုိယ္တုိင္ခ်က္ထားတဲ့ ၾကက္ဆီထမင္းနဲ႔ ဘုန္းႀကီးဆြမ္းကပ္ခဲ့တယ္လုိ႔ သူကေျပာပါတယ္။

'' ကြယ္လြန္သူဖခင္ႀကီး အားရည္စူးၿပီး July 9 ရက္ေန႔တြင္က်ေရာက္ေသာ ေမြးေန႔အတြက္ New York ၿမိဳ႕ရွိ သံုးပါးေက်ာင္းမွာကိုယ္တိုင္ခ်က္ ေသာ ၾကက္ဆီထမင္း နဲ႔ တျခားအလွဴဒါန မ်ားျဖင့္ ညီမေလးနဲ႔ အတူ လွဴဒါန္းအမၽွေဝခဲ့ပါတယ္။ ေဖႀကီး ေကာင္းရာဘံုဘဝက သာဓုေခၚဆို ႏိုင္ပါေစ။ ေဖႀကီး ေအးခ်မ္းပါေစ'' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၁ရက္ေန႔မနက္ ၇ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာပါ။

ဥကၠာမင္းေမာင္ဟာ အခုလက္ရွိမွာေတာ့ New York မွာ ေနထုိင္တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ျမန္မာႏုိင္ငံက အႏုပညာအလုပ္ေတြလည္း လုပ္ကုိင္လွ်က္ရွိသလုိ New York မွာရွိတဲ့ အႏုပညာေလာကထဲကုိလည္း ဝင္ေရာက္ႏိုင္ဖုိ႔ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူဟာ အေမရိကန္ ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ 'Dead Of Night' Short Film မွာလည္း ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။

ေဝဖန္တုိက္ခုိက္မႈမ်ားတဲ့အတြက္ ပိုႀကိဳးစားခ်င္စိတ္ ျဖစ္တယ္ဆုိတဲ့ ဥကၠာမင္းေမာင္

မၾကာခင္က ေဂးတစ္ေယာက္ျဖစ္ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာကေန ဖြင့္ဟဝန္ခံလာတဲ့ ဥကၠာမင္းေမာင္ဟာ အမ်ဳိးသားအမ်ားစုရဲ႕ ေဝဖန္တုိက္ခုိက္မႈေတြ ခံခဲ့ရပါတယ္။ ဒီလုိ တုိက္ခုိက္သူမ်ားတဲ့အတြက္  ပုိၿပီးေတာ့ ႀကိဳးစားခ်င္တဲ့စိတ္ျဖစ္တယ္ လုိ႔ဆုိပါတယ္။ မုန္းတဲ့ ပရိသတ္ ဘယ္ေလာက္မ်ားမ်ား သူ႔အႏုပညာလမ္းေၾကာင္းကုိေတာ့ အေကာင္းဆုံးျဖစ္ေအာင္ ဆက္ေလွ်ာက္မယ္လုိ႔ ေျပာျပခဲ့ပါေသးတယ္။

 

ဥကၠာမင္းေမာင္က Mister Tourism World 2016 Winner ဆုကုိ ရရွိပုိင္ဆုိင္ထားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈ အေနနဲ႔ သရုပ္ေဆာင္ ဘက္မွာေရာ၊ ဂီတဘက္မွာပါ အားသြန္ခြန္စုိက္ ႀကိဳးစားေဆာင္ရြက္ခဲ့သူျဖစ္ၿပီး 18 Album သီခ်င္းေခြလည္း ထြက္ရွိထား ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs