• Local Celebrity
    ဇူလိုင်(၁၁)အတွက် ရင်ထဲမှာ နာကျင်နေတဲ့ ကော်နီ
Sabal Thwin
[Unicode Version]

ကော်နီဟာ အစ်ကိုတစ်ယောက်လို လေးစားချစ်ခင်ရခဲ့ရတဲ့  ဒွေးကို လွမ်းဆွတ်သတိရနေတာပါ။ ဒွေးလိုပဲ သူမရဲ့ ရင်ထဲကို ခံစားရစေတဲ့ နောက်ထပ်တစ်ယောက်က လေးစားရတဲ့ ဂီတပညာ ရှင်ကြီး ဦးရဲလွင် ကွယ်လွန်ခဲ့တာကြောင့်ပါ။

19904882_10155515044363988_6556394616879015282_n.jpg

Photo: Conni Facebook

 

အဆိုတော်ကော်နီတစ်ယောက် ဂီတပညာရှင်ကြီး ဦးရဲလွင် ဆုံးပါးသွားတဲ့ အတွက်ကြောင့်ရော၊ သရုပ်ဆောင်အကယ်ဒမီဒွေး ကွယ်လွန်သွား တဲ့ ၁၁ နှစ်ပြည့်အတွက်ရော ဝမ်းနည်းပူဆွေးနေတာဖြစ်ပါတယ်။ အစ်ကိုအရင်းတစ်ယောက်လိုဖြစ်တဲ့ သရုပ်ဆောင်ဒွေးကိုလည်း ပိုပြီးတော့ သတိရနေတယ်လို့ ပြောပါတယ်။

'' ကျွန်မ ဒီနေ့ ဘယ်သူ့အတွက်ငိုကျွေးလို့ ပူဆွေးရမှန်းမသိတော့ဘူးလေ ရင်ထဲမှာနာကျင်လွန်းလို့ '' ဆိုပြီးတော့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပြီးနောက် ''ဦးရဲကမနေ့ကဆုံးတယ်, ကိုသားကြီးကိုလဲ သတိရမိတယ် ကိုယ့် အကို အရင်း တွေ ပါပိုသတိရလာရော,ရင်ထဲမကောင်းနေတာ ဒီရက်ထဲတောက်လျှောက်စိတ်မကောင်းစရာတွေဘဲမြင်တွေ့နေရတာ''လို့ ပြောခဲ့ပါတယ်။

33992976_2093017350727593_854886705960845312_n.jpg

Photo: Conni Facebook

 

သရုပ်ဆောင်အကယ်ဒမီဒွေးဟာ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကွယ်လွန်သွားခဲ့တာ ၁၁ နှစ်ရှိပါပြီ။ ဒီနှစ်ကတော့ ထူးခြားတဲ့ နှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်။ ဒွေးကွယ်လွန်စဉ်ကလည်း၂၀၀၇ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်သလို ဒီနေ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဗုဒ္ဓဟူးနေ့ဆိုပြီးတော့ တိုက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

35628622_2121250361237625_8215739247122972672_n.jpg

Photo: Conni Facebook

 

အဆိုတော်ကော်နီဟာ အစ်ကိုအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ ဒွေးနဲ့အတူ သီဆိုခဲ့တဲ့ ' ဘယ်တော့မှ မမေ့ဘူး' ဆိုတဲ့ သီချင်းလေးကလည်း ဒီနေ့အချိန်ထိ ပရိသတ်တွေ ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ ကော်နီက ဒွေးနဲ့ အတူတူ ဂီတအလုပ်တွေမှာလည်း လက်တွဲအလုပ်လုပ် ခဲ့ဖူးတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

33992976_2093017350727593_854886705960845312_n.jpg

Photo: Conni Facebook

 

ကော်နီက ဆရာတစ်ယောက်လို လေးစားရတဲ့ ဂီတပညာရှင်ကြီး ဦးရဲလွင်ကတော့ ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၄ နာရီ ၁၀မိနစ်ခန့်က ရန်ကုန်ဆေးရုံကြီး ကုတင် ၅၀၀ မှာ အသဲရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ဦးရဲလွင်က ကချင်စစ်ဘေးအန္တရာယ်မှာ ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတဖျော်ဖြေရေးတစ်ခုအဖြစ် အလှူငွေ တွေ ကောက်ခံခဲ့ဖူးပါတယ်။

[Zawgyi Version]

ေကာ္နီဟာ အစ္ကုိတစ္ေယာက္လုိ ေလးစားခ်စ္ခင္ရခဲ့ရတဲ့  ေဒြးကို လြမ္းဆြတ္သတိရေနတာပါ။ ေဒြးလိုပဲ သူမရဲ႕ ရင္ထဲကို ခံစားရေစတဲ့ ေနာက္ထပ္တစ္ေယာက္က ေလးစားရတဲ့ ဂီတပညာ ရွင္ႀကီး ဦးရဲလြင္ ကြယ္လြန္ခဲ့တာေၾကာင့္ပါ။

Photo: Conni Facebook

 

အဆုိေတာ္ေကာ္နီတစ္ေယာက္ ဂီတပညာရွင္ႀကီး ဦးရဲလြင္ ဆုံးပါးသြားတဲ့ အတြက္ေၾကာင့္ေရာ၊ သရုပ္ေဆာင္အကယ္ဒမီေဒြး ကြယ္လြန္သြား တဲ့ ၁၁ ႏွစ္ျပည့္အတြက္ေရာ ဝမ္းနည္းပူေဆြးေနတာျဖစ္ပါတယ္။ အစ္ကုိအရင္းတစ္ေယာက္လုိျဖစ္တဲ့ သရုပ္ေဆာင္ေဒြးကုိလည္း ပုိၿပီးေတာ့ သတိရေနတယ္လုိ႔ ေျပာပါတယ္။

'' ကၽြန္မ ဒီေန႔ ဘယ္သူ႔အတြက္ငိုေကၽြးလို႔ ပူေဆြးရမွန္းမသိေတာ့ဘူးေလ ရင္ထဲမွာနာက်င္လြန္းလို႔ '' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၁ ရက္ေန႔ ညေန ၄ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ၿပီးေနာက္ ''ဦးရဲကမေန႔ကဆံုးတယ္, ကိုသားႀကီးကိုလဲ သတိရမိတယ္ ကိုယ့္ အကို အရင္း ေတြ ပါပိုသတိရလာေရာ,ရင္ထဲမေကာင္းေနတာ ဒီရက္ထဲေတာက္ေလွ်ာက္စိတ္မေကာင္းစရာေတြဘဲျမင္ေတြ႕ေနရတာ''လုိ႔ ေျပာခဲ့ပါတယ္။

Photo: Conni Facebook

 

သရုပ္ေဆာင္အကယ္ဒမီေဒြးဟာ ၂၀၀၇ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။ အခုဆုိရင္ေတာ့ ကြယ္လြန္သြားခဲ့တာ ၁၁ ႏွစ္ရွိပါၿပီ။ ဒီႏွစ္ကေတာ့ ထူးျခားတဲ့ ႏွစ္တစ္ႏွစ္လုိ႔လည္းေျပာလုိ႔ရပါတယ္။ ေဒြးကြယ္လြန္စဥ္ကလည္း၂၀၀၇ခုႏွစ္ ဇူလုိင္လ ၁၁ ရက္ေန႔ ဗုဒၶဟူးေန႔ ျဖစ္သလုိ ဒီေန႔ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ ၁၁ ရက္ေန႔ကလည္း ဗုဒၶဟူးေန႔ဆုိၿပီးေတာ့ တုိက္ဆုိင္ေနတာပဲ ျဖစ္ပါတယ္။

Photo: Conni Facebook

 

အဆုိေတာ္ေကာ္နီဟာ အစ္ကုိအရင္းတစ္ေယာက္လုိခ်စ္ခင္ရတဲ့ ေဒြးနဲ႔အတူ သီဆုိခဲ့တဲ့ ' ဘယ္ေတာ့မွ မေမ့ဘူး' ဆုိတဲ့ သီခ်င္းေလးကလည္း ဒီေန႔အခ်ိန္ထိ ပရိသတ္ေတြ ၾကားထဲမွာ ေရပန္းစားလုိ႔ေနပါတယ္။ ေကာ္နီက ေဒြးနဲ႔ အတူတူ ဂီတအလုပ္ေတြမွာလည္း လက္တြဲအလုပ္လုပ္ ခဲ့ဖူးတဲ့ အႏုပညာရွင္ေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။

Photo: Conni Facebook

 

ေကာ္နီက ဆရာတစ္ေယာက္လုိ ေလးစားရတဲ့ ဂီတပညာရွင္ႀကီး ဦးရဲလြင္ကေတာ့ ဇူလုိင္လ ၁၀ရက္ေန႔ ညေန ၄ နာရီ ၁၀မိနစ္ခန္႔က ရန္ကုန္ေဆးရုံႀကီး ကုတင္ ၅၀၀ မွာ အသဲေရာဂါနဲ႔ ဆုံးပါးခဲ့တာျဖစ္ပါတယ္။ ဦးရဲလြင္က ကခ်င္စစ္ေဘးအႏၱရာယ္မွာ ဒုကၡေရာက္ခဲ့ၾကတဲ့ ျပည္သူေတြအတြက္ လြတ္လပ္ျငိမ္းခ်မ္း ပန္းရဲ႕လမ္း ဂီတေဖ်ာ္ေျဖေရးတစ္ခုအျဖစ္ အလွဴေငြ ေတြ ေကာက္ခံခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs