• Local Celebrity
    သီချင်းအသစ်လေးအတွက် အမှတ်တရလုပ်မယ်ဆိုတဲ့ အေသင်ချိုဆွေ
Sabal Thwin
[Unicode Version]

အေသင်ချိုဆွေတစ်ယောက် သူ့ရဲ့ သီချင်းအသစ်လေးကို အားပေးတဲ့ ပရိသတ် ၁ သိန်းကျော်သွားရင်တော့ အမှတ်တရ တစ်ခုခု လုပ်ဖို့ စီစဉ် မယ်လို့ဆိုပါတယ်။ ဒီသီချင်းလေး နာမည်ကိုတော့ 'အသည်းကွဲ သီချင်းမဆိုတော့ဘူး' လို့ နာမည်ပေးထားပါတယ်။ ဒီသီချင်းလေးကနေ စပြီး သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလိုပဲ အားပေးကြဖို့ အေသင်က မျှော်လင့်ထားပါတယ်။

35305975_2559832087575426_888053319593885696_n.jpg 

အဆိုတော်အေသင်ချိုဆွေဟာ ဇူလိုင်လ ၁၀ရက်နေ့တုန်းက သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ 'အသည်းကွဲသီချင်း မဆိုတော့ဘူး' ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။  အခုချိန်မှာတော့ အေသင့်ရဲ့ သီချင်းလေးကို အားပေးကြည့်ရှုတဲ့ ပရိသတ် ပေါင်း ၇ သောင်းကျော်ခဲ့ပါပြီ။

'' Boost ဘာညာမလုပ်ဘဲ view 100k ကျော်ရင် မိုင် အတျဲတွေနဲ့ အမှတ်တရ တခုခု လုပ်မယ်ကွာ ဘယ်လိုလဲ သဘောတူကျလား ပြော'' ဆိုပြီးတော့ ဇူလိုင်လ ၁၁ ရက်နေ့ ၅ နာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်း လေးကတော့ ပရိသတ်ရင်ထဲကို ရောက်မယ့် သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ကျေးဇူးတွေတင်နေတဲ့ အေသင်ချိူဆွေ  

အသည်းကွဲသီချင်း မဆိုတော့ဘူး ဆိုတဲ့ သီချင်းအသစ်လေးနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ အေသင်ဟာ အခက်အခဲပေါင်း များစွာကို ဖြတ်ကျော်ခဲ့ရသူပါ။ ဒီသီချင်းလေးကနေစပြီး ပရိသတ်တွေက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကလိုပဲ ပြန်လည်အားပေး စေချင်တဲ့ ဆန္ဒရှိတာဖြစ်ပါတယ်။

35992908_2568224070069561_803436931944808448_n.jpg 

ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ သီချင်းအသစ်လေးကိုလည်း ပရိသတ်ရင်ထဲရောက်စေချင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံး ကြိုးစားထားတာဖြစ်တဲ့အတွက်လည်း အောင်မြင်မယ်လို့ ယုံကြည်ထားတယ်ဆိုတာကို အေသင်ချိုဆွေက ပြောပြခဲ့ပါသေးတယ်။

'' ကိုယ် Comeback အနေနဲ့ ပြန်လုပ်တဲ့ အချိန်မှာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲကို ရောက်စေချင်တယ်။ နည်းနည်းတော့ ခေါင်းစားရတယ်၊ စိတ်လည်းနည်းနည်းပူရတာပေါ့နော်။ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်လုပ်လိုက်တဲ့ သီချင်းတစ်ပုဒ်က ပရိသတ်ရင်ထဲရောက်မယ်ဆိုရင်တော့ အောင်မြင်မယ်လို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။

36294261_2574057159486252_44702852840423424_n.jpg 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

[Zawgyi Version]

ေအသင္ခ်ဳိေဆြတစ္ေယာက္ သူ႔ရဲ႕ သီခ်င္းအသစ္ေလးကုိ အားေပးတဲ့ ပရိသတ္ ၁ သိန္းေက်ာ္သြားရင္ေတာ့ အမွတ္တရ တစ္ခုခု လုပ္ဖုိ႔ စီစဥ္ မယ္လုိ႔ဆုိပါတယ္။ ဒီသီခ်င္းေလး နာမည္ကုိေတာ့ 'အသည္းကြဲ သီခ်င္းမဆုိေတာ့ဘူး' လုိ႔ နာမည္ေပးထားပါတယ္။ ဒီသီခ်င္းေလးကေန စၿပီး သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကုိ အရင္ကလုိပဲ အားေပးၾကဖုိ႔ ေအသင္က ေမွ်ာ္လင့္ထားပါတယ္။

 

အဆုိေတာ္ေအသင္ခ်ဳိေဆြဟာ ဇူလုိင္လ ၁၀ရက္ေန႔တုန္းက သူ႔ရဲ႕ သီခ်င္းအသစ္ေလးတစ္ပုဒ္ျဖစ္တဲ့ 'အသည္းကြဲသီခ်င္း မဆုိေတာ့ဘူး' ဆုိတဲ့ သီခ်င္းေလးနဲ႔ ပရိသတ္အေရွ႕ကုိ ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။  အခုခ်ိန္မွာေတာ့ ေအသင့္ရဲ႕ သီခ်င္းေလးကုိ အားေပးၾကည့္ရႈတဲ့ ပရိသတ္ ေပါင္း ၇ ေသာင္းေက်ာ္ခဲ့ပါၿပီ။

'' Boost ဘာညာမလုပ္ဘဲ view 100k ေက်ာ္ရင္ မိုင္ အတ်ဲေတြန႔ဲ အမွတ္တရ တခုခု လုပ္မယ္ကြာ ဘယ္လိုလဲ သေဘာတူက်လား ေျပာ'' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၁ ရက္ေန႔ ၅ နာရီေက်ာ္ေလာက္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာေရးသားခဲ့တာျဖစ္ပါတယ္။ ဒီသီခ်င္း ေလးကေတာ့ ပရိသတ္ရင္ထဲကုိ ေရာက္မယ့္ သီခ်င္းေကာင္းေလးတစ္ပုဒ္ျဖစ္ပါတယ္။

ကုိယ့္ကုိယ္ကုိ ေက်းဇူးေတြတင္ေနတဲ့ ေအသင္ခ်ဴိေဆြ  

အသည္းကြဲသီခ်င္း မဆုိေတာ့ဘူး ဆုိတဲ့ သီခ်င္းအသစ္ေလးနဲ႔ ပရိသတ္အေရွ႕ကို ျပန္လည္ေရာက္ရွိလာတဲ့ ေအသင္ဟာ အခက္အခဲေပါင္း မ်ားစြာကုိ ျဖတ္ေက်ာ္ခဲ့ရသူပါ။ ဒီသီခ်င္းေလးကေနစၿပီး ပရိသတ္ေတြက သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကုိ အရင္ကလုိပဲ ျပန္လည္အားေပး ေစခ်င္တဲ့ ဆႏၵရွိတာျဖစ္ပါတယ္။

 

ပရိသတ္ေတြကုိ မိတ္ဆက္ေပးလုိက္တဲ့ သီခ်င္းအသစ္ေလးကုိလည္း ပရိသတ္ရင္ထဲေရာက္ေစခ်င္တယ္လုိ႔ ဆုိပါတယ္။ အေကာင္းဆုံး ႀကိဳးစားထားတာျဖစ္တဲ့အတြက္လည္း ေအာင္ျမင္မယ္လုိ႔ ယုံၾကည္ထားတယ္ဆုိတာကုိ ေအသင္ခ်ဳိေဆြက ေျပာျပခဲ့ပါေသးတယ္။

'' ကုိယ္ Comeback အေနနဲ႔ ျပန္လုပ္တဲ့ အခ်ိန္မွာ တစ္ပုဒ္ဆုိ ဆုိသေလာက္ ပရိသတ္ရင္ထဲကုိ ေရာက္ေစခ်င္တယ္။ နည္းနည္းေတာ့ ေခါင္းစားရတယ္၊ စိတ္လည္းနည္းနည္းပူရတာေပါ့ေနာ္။ အေကာင္းဆုံးေတာ့ ႀကိဳးစားထားပါတယ္။ ကုိယ္လုပ္လုိက္တဲ့ သီခ်င္းတစ္ပုဒ္က ပရိသတ္ရင္ထဲေရာက္မယ္ဆုိရင္ေတာ့ ေအာင္ျမင္မယ္လုိ႕ ယုံၾကည္ထားတယ္'' လုိ႔ သူကဆုိပါတယ္။

 

ေအသင္ခ်ိဳေဆြဟာ ေပါက္တဲ့အိုးဆိုတဲ့ စီးရီးေခြနဲ႕ စတင္ကာ ပရိသတ္ေတြကို ရင္းႏွီးေစခဲ့တာ ျဖစ္ၿပီး အနီးဆံုးလူ နမ္းမွာလား၊ Play Boy  စတဲ့ ေတးစီးရီးေတြသာမက အတြဲေခြမ်ားစြာပါ  ပါဝင္သီဆိုခဲ့ၿပီး သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္ အားေပးမႈရရွိတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs