• Local Celebrity
    ဝေဖန်သူကို ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်
Ei Ei Myat
[Unicode Version]

Swim suit နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအောက်မှာ ကောမန့်လာပေးတဲ့  အမျိုးသမီးတစ်ဦးကို သင်ဇာဝင့်ကျော်က ပညာ သားပါပါနဲ့ ပြန်လည်တုန့်ပြန်လိုက်တာပါ။ သင်ဇာဝင့်ကျော်က သူမအကြောင်းပြောထားတဲ့ အမျိုးသမီးရဲ့ ကောမန့် အောက်မှာ Reply ပြန်ပေးပြီး ပြောခဲ့တာဖြစ်ပါတယ်။

36811954_643882652632618_1128820901215731712_n.jpg

Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံတော်တော်များများကို social Media ပေါ် တင်ဖြစ်သူပါ။ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို  ဝတ်ပြီး Social Media ပေါ် တင်လေ့ရှိပါတယ်။ အဲ့လို ဓာတ်ပုံတွေ ကို ပရိသတ်အများစုက လက်ခံအားပေးကြသလို တချို့ ပရိသတ်တွေဝေဖန်ခဲ့ကြပါတယ်။

36926038_644871319200418_8522388242631229440_n.jpg

Photo : သင်ဇာဝင့်ကျော် FB

ချစ်သူကို Password မှန်သမျှ အကုန်ပေးထားတဲ့ သင်ဇာဝင့်ကျော် 

ဒါပေမယ့် သူမဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အမြဲတမ်း လက်ခံသူလို့ဆိုရမှာပါ။ ဇူလိုင်(၁၂) ရက်နေ့ကလည်း ခန္ဓာကိုယ်အလှ ကို ပြထားတဲ့ ဓာတ်ပုံတော်တော်များများကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့သလို အင်စတာဂရမ်မှာလည်း တင်ခဲ့ပါတယ်။ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေဝေဖန်ခဲ့ကြတာ ရှိပေမယ့် သူမက ဘာမှပြန်မပြောခဲ့ပါဘူး။

ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ဆိုးဆိုးရွားရွား ကောမန့်တစ်ခုကိုတော့ သူမပြန်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။ သင်ဇာဝင့်ကျော် ဟာ သူမကို ဆိုးဆိုးရွားရွား ဝေဖန်ထားတဲ့ ကောင်မလေးကို ယခုလို ပြန်ပြောခဲ့တာပါ။

37013325_1912099712423487_4150019476974206976_n.jpg

Photo : သင်ဇာဝင့်ကျော် FB

 

"ညီမရေ ညီမရဲ့ ရိုင်းစိုင်းတဲ့ ကောမန့်တွေကို Screen shot ထားပြီးပြီ။ မဟုတ်မမှန် လုပ်ကြံပြောဆိုမှုအတွက် မဟုတ်ခဲ့ရင်တော့ ညီမအမကို ကောင်းကောင်းလေး ပြန်တောင်းပန်ရလိမ့်မယ်။ ကိုယ်ဟာကိုယ် ဆရာဝန်လို့ ပြောထားတယ်နော်။ ဒီအချိန်မှာ ဒီပြဿနာကို ညီမဘယ်လိုဖြေရှင်းမလဲအမကြည့်မယ်ကွယ်" ဆိုပြီး သင်ဇာဝင့်ကျော်က သူမရဲ့ အင်စတာဂရမ်မှာ ကောမန့်ပြန် ပေးခဲ့တာပါ။

သင်ဇာဝင့်ကျော် ကောမန့်ပြန်ပေးပြီးနောက်မှာ သူမကို ဝေဖန်ပြောဆိုတဲ့ အမျိုးသမီးက သူမရေးထားတဲ့ ကောမန့်ကို ပြန်ဖျက်သွား ခဲ့ပါတယ်။ သင်ဇာရဲ့ ပရိသတ်တွေကတော့ သူမကို အားပေးထားကြတာ တွေ့ရပါတယ်။

36889543_642781252742758_3466244847906586624_n.jpg

Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။

ယခုလက်ရှိ ရုံတင်ပြသနေတော့ "တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ"ရုပ်ရှင်ဇာတ်ကားမှာလည်း သူမပါဝင်ထားပါသေးတယ်။ ယင်းဇာတ် ကားမှာ ယခုလက်ရှိမှာ ပရိသတ်အားပေးမှု ရရှိနေတာကိုလည်း တွေ့ရပါတယ်။"တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ" ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊သင်ဇာဝင့်ကျော်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

[Zawgyi Version]

Swim suit နဲ႕ ရိုက္ထားတဲ့ ဓာတ္ပံုေအာက္မွာ ေကာမန္႕လာေပးတဲ့  အမ်ိဳးသမီးတစ္ဦးကို သင္ဇာဝင့္ေက်ာ္က ပညာ သားပါပါနဲ႕ ျပန္လည္တုန္႕ျပန္လိုက္တာပါ။ သင္ဇာဝင့္ေက်ာ္က သူမအေၾကာင္းေျပာထားတဲ့ အမ်ိဳးသမီးရဲ႕ ေကာမန္႕ ေအာက္မွာ Reply ျပန္ေပးၿပီး ေျပာခဲ့တာျဖစ္ပါတယ္။

Photo : သင္ဇာဝင့္ေက်ာ္ FB

 

သင္ဇာဝင့္ေက်ာ္ဟာ ခႏၶာကုိယ္ အသားေပးတဲ့ အလွဓာတ္ပံုေတာ္ေတာ္မ်ားမ်ားကို social Media ေပၚ တင္ျဖစ္သူပါ။ လွပတဲ့ သူမရဲ႕ ခႏၶာကိုယ္ကုိ ေပၚလြင္ေစမယ့္ အဝတ္အစားမ်ိဳးေတြ ေရကူးဝတ္စံုမ်ိဳးေတြကို  ဝတ္ၿပီး Social Media ေပၚ တင္ေလ့ရွိပါတယ္။ အဲ့လို ဓာတ္ပံုေတြ ကို ပရိသတ္အမ်ားစုက လက္ခံအားေပးၾကသလို တခ်ိဳ႕ ပရိသတ္ေတြေဝဖန္ခဲ့ၾကပါတယ္။

Photo : သင္ဇာဝင့္ေက်ာ္ FB

ခ်စ္သူကို Password မွန္သမွ် အကုန္ေပးထားတဲ့ သင္ဇာဝင့္ေက်ာ္ 

ဒါေပမယ့္ သူမဟာ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို အၿမဲတမ္း လက္ခံသူလို႕ဆိုရမွာပါ။ ဇူလိုင္(၁၂) ရက္ေန႕ကလည္း ခႏၶာကိုယ္အလွ ကို ျပထားတဲ့ ဓာတ္ပံုေတာ္ေတာ္မ်ားမ်ားကို ေဖ့စ္ဘြတ္ေပၚတင္ခဲ့သလို အင္စတာဂရမ္မွာလည္း တင္ခဲ့ပါတယ္။ အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ပို႕စ္နဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြေဝဖန္ခဲ့ၾကတာ ရွိေပမယ့္ သူမက ဘာမွျပန္မေျပာခဲ့ပါဘူး။

ဒါေပမယ့္ မိန္းကေလးတစ္ေယာက္ရဲ႕ ဆိုးဆိုးရြားရြား ေကာမန္႕တစ္ခုကိုေတာ့ သူမျပန္ေျဖရွင္းခဲ့တာ ေတြ႕ရပါတယ္။ သင္ဇာဝင့္ေက်ာ္ ဟာ သူမကို ဆိုးဆိုးရြားရြား ေဝဖန္ထားတဲ့ ေကာင္မေလးကို ယခုလို ျပန္ေျပာခဲ့တာပါ။

Photo : သင္ဇာဝင့္ေက်ာ္ FB

 

"ညီမေရ ညီမရဲ႕ ရိုင္းစိုင္းတဲ့ ေကာမန္႕ေတြကို Screen shot ထားၿပီးၿပီ။ မဟုတ္မမွန္ လုပ္ၾကံေျပာဆိုမႈအတြက္ မဟုတ္ခဲ့ရင္ေတာ့ ညီမအမကို ေကာင္းေကာငး္ေလး ျပန္ေတာင္းပန္ရလိမ့္မယ္။ ကိုယ္ဟာကိုယ္ ဆရာဝန္လို႕ ေျပာထားတယ္ေနာ္။ ဒီအခ်ိန္မွာ ဒီျပႆနာကို ညီမဘယ္လိုေျဖရွင္းမလဲအမၾကည့္မယ္ကြယ္" ဆိုၿပီး သင္ဇာဝင့္ေက်ာ္က သူမရဲ႕ အင္စတာဂရမ္မွာ ေကာမန္႕ျပန္ ေပးခဲ့တာပါ။

သင္ဇာဝင့္ေက်ာ္ ေကာမန္႕ျပန္ေပးၿပီးေနာက္မွာ သူမကို ေဝဖန္ေျပာဆိုတဲ့ အမ်ိဳးသမီးက သူမေရးထားတဲ့ ေကာမန္႕ကို ျပန္ဖ်က္သြား ခဲ့ပါတယ္။ သင္ဇာရဲ႕ ပရိသတ္ေတြကေတာ့ သူမကို အားေပးထားၾကတာ ေတြ႕ရပါတယ္။

Photo : သင္ဇာဝင့္ေက်ာ္ FB

 

သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပံုအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွား မႈေတြ ဆက္တိုက္လုပ္ကိုင္လ်က္ ရွိပါတယ္။

ယခုလက္ရွိ ရံုတင္ျပသေနေတာ့ "တိုးေက်ာ္မန္းနဲ႕နန္းဆန္တဲ့ရြာ"ရုပ္ရွင္ဇာတ္ကားမွာလည္း သူမပါဝင္ထားပါေသးတယ္။ ယင္းဇာတ္ ကားမွာ ယခုလက္ရွိမွာ ပရိသတ္အားေပးမႈ ရရွိေနတာကိုလည္း ေတြ႕ရပါတယ္။"တိုးေက်ာ္မန္းနဲ႕နန္းဆန္တဲ့ရြာ" ရုပ္ရွင္ဇာတ္ကားမွာ ေက်ာ္ရဲေအာင္၊ ေျပတီဦး၊ ေဗလုဝ၊ ေအးျမတ္သူ၊သင္ဇာဝင့္ေက်ာ္နဲ႕ အႏုပညာရွင္မ်ားစြာ ပါဝင္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs