• Local Celebrity
    ရန်ကုန်ပြန်နေချိန် နေပြည်တော်အိမ် အဖောက်ခံလိုက်ရတဲ့ မေထွဋ်ခေါင်
Ei Ei Myat
[Unicode Version]

နေပြည်တော်မှာ ရှိတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ နေအိမ် အဖောက်ခံလိုက်ရပါတယ်။ သူမတို့မိသားစု ရန်ကုန်နေအိမ်ကို ပြန်ရောက်ချိန် နေပြည်တော်မှာ သူခိုးဝင်ခိုးသွားတာပါ။ မောင်လေးကို အစောင့်ထားခဲ့ပေမယ့်လည်း အခုလိုမျိုး ဖြစ်သွားခဲ့တာ လို့သိရပါတယ်။

19060137_905420139590165_4333129759398107563_n.jpg

Photo : မေထွဋ်ခေါင် FB

 

သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ နေအိမ်အဖောက်ခံလိုက်ရတယ်လို့ သိရပါတယ်။ သူမတို့ မိသားစု ရန်ကုန်အိမ်ကို ပြန်ရောက်ချိန်မှာ နေပြည် တော်နေအိမ် အဖောက်ခံလိုက်ရတာပါတဲ့။စိတ်မကောင်းဖြစ်ပေမယ့်လည်း ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ဆိုပြီးပဲ သဘောထားပါတယ်လို့ သူမက ဆိုပါတယ်။

"ရန်ကုန်အိမ်ပြန်တဲ့အချိန် နေပြည်တော်အိမ်အဖောက်ခံရတယ်။ နေပြည်တော်ကဖုန်းဆက်တော့ ကျွန်မတော်တော် စိတ်မကောင်းဖြစ် သွားတယ်။ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့ဘဲသဘောထားပါတယ်။ရန်ကုန်မပြန်ခင် လာမခိုးတာကိုဘဲကျေးဇူးတင်ပါတယ်။ သူခိုးလေးရယ် ကျန်းမာပါစေ ချမ်းသာပါစေကွယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

37020716_1124989384299905_5616120487747780608_n.jpg

Photo : မေထွဋ်ခေါင် FB

ဒုတိယရင်သွေးလေးက သားလေးမို့ ပျော်နေတဲ့ မေထွဋ်ခေါင် 

နေပြည်တော်အိမ်မှာ  မောင်လေးကို အိမ်စောင့်ထားခဲ့ပေမယ့်လည်း အခုလိုမျိုး ဖြစ်သွားခဲ့တာပါ။ သူမရဲ့ လက်ဝတ်လက်စားတွေ ပါသွား ကြောင်းကိုလည်း သတင်းမေးတဲ့ ပရိသတ်တွေရဲ့ ကောမန့်မှာ ပြန်ဖြေထားတာ တွေ့ရပါတယ်။သူမအတွက် သူမရဲ့ ပရိသတ်တွေကော သူငယ်ချင်းမိတ်ဆွေတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့ ဘဝထဲကို နောက်ထပ် ရင်သွေးလေး တစ်ယောက် ရောက်ရှိလာတော့မှာပါ။သမီးလေး တစ်ယောက်ရှိနေတဲ့ သူတို့မိသားစုလေးကို မကြာခင် သားလေး ရောက်ရှိတော့မှာ ဖြစ်လို့ မေထွဋ်ခေါင် တို့  ဇနီးမောင်နှံဟာ ပျော်လို့နေပါတယ်။

18222191_880726412059538_6476661811066118776_n.jpg

Photo : မေထွဋ်ခေါင် FB

 

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့တာ ဖြစ်ပြီး သမီးလေးကတော့ ၂၀၁၆ခုနှစ် အောက်တိုဘာလက သူတို့နှစ်ဦးရဲ့ ဘဝထဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမီးလေးနာမည်ကို မေနန်းစံလို့ ပေးထားတယ်လို့ သိရပါတယ်။

သရုပ်ဆောင် မေထွဋ်ခေါင်ဟာ ၂၀၁၇ခုနှစ်က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ  ရင်ဘက်အရမ်းဟိုက်တဲ့ အကျႌကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေ တစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

18194206_880726415392871_4388705878094278885_n.jpg

Photo : မေထွဋ်ခေါင် FB

ဒါပေမယ့်လည်း အကျႌအဲ့လို ဖြစ်ခဲ့ရခြင်းဟာ သမီးလေး နို့ဆာချိန်တိုင်း ပွဲခင်းထဲမှာ သမီလေးကို နို့တိုက်ခဲ့ရတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေ သိရှိသွားပြီးတဲ့နောက်မှာ သူမရဲ့ မိခင်စိတ်ကို လေးစားသွားကြတာ ပရိသတ်တွေပါးစပ်ဖျား ချီးကျူးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

[Zawgyi Version]

ေနျပည္ေတာ္မွာ ရွိတဲ့ သရုပ္ေဆာင္ ေမထြဋ္ေခါင္ရဲ႕ ေနအိမ္ အေဖာက္ခံလိုက္ရပါတယ္။ သူမတို႕မိသားစု ရန္ကုန္ေနအိမ္ကို ျပန္ေရာက္ခ်ိန္ ေနျပည္ေတာ္မွာ သူခို္းဝင္ခိုးသြားတာပါ။ ေမာင္ေလးကို အေစာင့္ထားခဲ့ေပမယ့္လည္း အခုလိုမ်ိဳး ျဖစ္သြားခဲ့တာ လို႕သိရပါတယ္။

Photo : ေမထြဋ္ေခါင္ FB

 

သရုပ္ေဆာင္ ေမထြဋ္ေခါင္ရဲ႕ ေနအိမ္အေဖာက္ခံလိုက္ရတယ္လို႕ သိရပါတယ္။ သူမတို႕ မိသားစု ရန္ကုန္အိမ္ကို ျပန္ေရာက္ခ်ိန္မွာ ေနျပည္ ေတာ္ေနအိမ္ အေဖာက္ခံလိုက္ရတာပါတဲ့။စိတ္မေကာင္းျဖစ္ေပမယ့္လည္း ျဖစ္ခ်ိန္တန္လို႕ ျဖစ္သြားတယ္ဆိုၿပီးပဲ သေဘာထားပါတယ္လို႕ သူမက ဆိုပါတယ္။

"ရန္ကုန္အိမ္ျပန္တဲ့အခ်ိန္ ေနျပည္ေတာ္အိမ္အေဖာက္ခံရတယ္။ ေနျပည္ေတာ္ကဖုန္းဆက္ေတာ့ ကၽြန္မေတာ္ေတာ္ စိတ္မေကာင္းျဖစ္ သြားတယ္။ျဖစ္ခ်ိန္တန္လို႔ျဖစ္တယ္လို႔ဘဲသေဘာထားပါတယ္။ရန္ကုန္မျပန္ခင္ လာမခိုးတာကိုဘဲေက်းဇူးတင္ပါတယ္။ သူခိုးေလးရယ္ က်န္းမာပါေစ ခ်မ္းသာပါေစကြယ္" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၁၃) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

Photo : ေမထြဋ္ေခါင္ FB

ဒုတိယရင္ေသြးေလးက သားေလးမို႕ ေပ်ာ္ေနတဲ့ ေမထြဋ္ေခါင္ 

ေနျပည္ေတာ္အိမ္မွာ  ေမာင္ေလးကို အိမ္ေစာင့္ထားခဲ့ေပမယ့္လည္း အခုလိုမ်ိဳး ျဖစ္သြားခဲ့တာပါ။ သူမရဲ႕ လက္ဝတ္လက္စားေတြ ပါသြား ေၾကာင္းကုိလည္း သတင္းေမးတဲ့ ပရိသတ္ေတြရဲ႕ ေကာမန္႕မွာ ျပန္ေျဖထားတာ ေတြ႕ရပါတယ္။သူမအတြက္ သူမရဲ႕ ပရိသတ္ေတြေကာ သူငယ္ခ်င္းမိတ္ေဆြေတြကပါ စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္ထားတဲ့ သရုပ္ေဆာင္ ေမထြဋ္ေခါင္ရဲ႕ ဘဝထဲကို ေနာက္ထပ္ ရင္ေသြးေလး တစ္ေယာက္ ေရာက္ရွိလာေတာ့မွာပါ။သမီးေလး တစ္ေယာက္ရွိေနတဲ့ သူတို႕မိသားစုေလးကို မၾကာခင္ သားေလး ေရာက္ရွိေတာ့မွာ ျဖစ္လို႕ ေမထြဋ္ေခါင္ တို႕  ဇနီးေမာင္ႏွံဟာ ေပ်ာ္လို႕ေနပါတယ္။

Photo : ေမထြဋ္ေခါင္ FB

 

ေမလ(၂၉)ရက္ေန႕ ၂၀၁၆ခုႏွစ္က ဆီဇာညီညီနဲ႕ ေမထြဋ္ေခါင္ တို႕ရဲ႕ဟာ ႏွစ္ေယာက္တစ္ဘဝ တည္ေထာင္ခဲ့တာ ျဖစ္ၿပီး သမီးေလးကေတာ့ ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလက သူတို႕ႏွစ္ဦးရဲ႕ ဘဝထဲကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ သူတို႕ႏွစ္ဦးက သမီးေလးနာမည္ကို ေမနန္းစံလို႕ ေပးထားတယ္လို႕ သိရပါတယ္။

သရုပ္ေဆာင္ ေမထြဋ္ေခါင္ဟာ ၂၀၁၇ခုႏွစ္က က်င္းပျပဳလုပ္တဲ့ အကယ္ဒမီေပးပြဲမွာ  ရင္ဘက္အရမ္းဟိုက္တဲ့ အက်ႌကို ဝတ္ဆင္ခဲ့လို႕ ပရိသတ္ေတြ တစ္ခ်ိဳ႕ရဲ႕ ေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။

Photo : ေမထြဋ္ေခါင္ FB

ဒါေပမယ့္လည္း အက်ႌအဲ့လို ျဖစ္ခဲ့ရျခင္းဟာ သမီးေလး ႏို႕ဆာခ်ိန္တိုင္း ပြဲခင္းထဲမွာ သမီေလးကို ႏို႕တိုက္ခဲ့ရတဲ့ သူမရဲ႕ အျဖစ္ကို ပရိသတ္ေတြ သိရွိသြားၿပီးတဲ့ေနာက္မွာ သူမရဲ႕ မိခင္စိတ္ကို ေလးစားသြားၾကတာ ပရိသတ္ေတြပါးစပ္ဖ်ား ခ်ီးက်ဴးခံခဲ့ရတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs