• Local Celebrity
    ခွဲစိတ်မှုအောင်မြင်ပြီး မကြာခင် ရန်ကုန်ပြန်လာတော့မယ့် နေခြည်ဦး
Ei Ei Myat
[Unicode Version]

ကိုရီးယားမှာ မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှု သွားလုပ်နေတဲ့ နေခြည်ဦးဟာ မကြာခင် ရန်ကုန်ကို ပြန်လာတော့မှာပါ။ ခွဲစိတ် ပြုပြင်မှုတွေ အားလုံးအဆင်ပြေခဲ့တဲ့ သူမတစ်ယောက် ဘယ်လိုတွေတောင် လှလာမလဲဆိုတာ ပရိသတ်တွေအားလုံး သိချင်နေ ကြပါပြီ။

4.JPG 

မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားရောက်ပြုလုပ်နေတဲ့ နေခြည်ဦးက မကြာခင် ရန်ကုန်သို့ ပြန်လာတော့မယ်လို့ သိရပါ တယ်။ သူမရဲ့ ခွဲစိတ်မှု အားလုံး အဆင်ပြေကြောင်းကိုလည်း ပရိသတ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြထားပါတယ်။

"Happy Sunday ပါ။ လွမ်းနေကြောင်း သဝန်လွှာလေးတွေရတော့ ရင်တောင်ခုန်မိတယ်လေ။ နေခြည့် operation အားလုံး အဆင်ပြေပါ တယ်။ များမကြာမီ ရန်ကုန်ကိုပြန်ရောက်ပါတော့မယ်လို့။ " ဆိုပြီး ဇူလိုင်(၁၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

3.JPG

Photo : နေခြည်ဦး IG

ချီချီဆိုတဲ့ နာမည်တစ်လုံးဖြစ်အောင် အရမ်းကြိုးစားရတယ်ဆိုတဲ့ နေခြည်ဦး 

သူမရဲ့ ခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ့ရပါတယ်။ သူမခွဲစိတ်ထားတဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ပေးခဲ့ပါသေးတယ်။နေခြည်ဦးဟာ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ပေါင်းပြီး ထည့်ထားတာပါ။

နေခြည်ဦးတစ်ယောက် ဘယ်လိုတွေတောင် လှနေတော့မလဲဆိုတာ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့ မျက်လုံး ကော နှာခေါင်းပါ တော်တော့်ကို သက်သာလို့နေပါပြီ။

36839543_1756763494444913_6270704178314608640_n.jpg 

နေခြည်ဦးက သူမလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက် တော်တော်ပျော်နေပုံပါ။နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ် ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

35544877_1725615530893043_2316417347545464832_n.jpg

Photo : နေခြည်ဦး IG

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

[Zawgyi Version]

ကိုရီးယားမွာ မ်က္လံုးနဲ႕ နွာေခါင္း ခြဲစိတ္မႈ သြားလုပ္ေနတဲ့ ေနျခည္ဦးဟာ မၾကာခင္ ရန္ကုန္ကို ျပန္လာေတာ့မွာပါ။ ခြဲစိတ္ ျပဳျပင္မႈေတြ အားလံုးအဆင္ေျပခဲ့တဲ့ သူမတစ္ေယာက္ ဘယ္လိုေတြေတာင္ လွလာမလဲဆိုတာ ပရိသတ္ေတြအားလံုး သိခ်င္ေန ၾကပါၿပီ။

 

မ်က္လံုးနဲ႕ ႏွာေခါင္း ခြဲစိတ္မႈကို ကိုရီးယားႏုိင္ငံမွာ သြားေရာက္ျပဳလုပ္ေနတဲ့ ေနျခည္ဦးက မၾကာခင္ ရန္ကုန္သို႕ ျပန္လာေတာ့မယ္လို႕ သိရပါ တယ္။ သူမရဲ႕ ခြဲစိတ္မႈ အားလံုး အဆင္ေျပေၾကာင္းကိုလည္း ပရိသတ္ေတြကို သူမရဲ႕ ေဖ့စ္ဘြတ္ကေန ေျပာျပထားပါတယ္။

"Happy Sunday ပါ။ လြမ္းေနေၾကာင္း သဝန္လႊာေလးေတြရေတာ့ ရင္ေတာင္ခုန္မိတယ္ေလ။ ေနျခည့္ operation အားလံုး အဆင္ေျပပါ တယ္။ မ်ားမၾကာမီ ရန္ကုန္ကိုျပန္ေရာက္ပါေတာ့မယ္လို႕။ " ဆိုၿပီး ဇူလိုင္(၁၅) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo : ေနျခည္ဦး IG

ခ်ီခ်ီဆိုတဲ့ နာမည္တစ္လံုးျဖစ္ေအာင္ အရမ္းႀကိဳးစားရတယ္ဆိုတဲ့ ေနျခည္ဦး 

သူမရဲ႕ ခြဲစိတ္ျပဳျပင္ထားတဲ့ ပံုေတြကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ျပသထားတာေတြ႕ရပါတယ္။ သူမခြဲစိတ္ထားတဲ့ ပံုေလးေတြကို သူမရဲ႕ အင္စတာဂရမ္မွာ တင္ေပးခဲ့ပါေသးတယ္။ေနျခည္ဦးဟာ သူမရဲ႕ ႏွာေခါင္းကို ဒီတိုင္းဆီလီကြန္ထည့္တာမ်ိဳးမဟုတ္ပဲ နားရိုးႏုကိုယူၿပီး ဆီလီကြန္နဲ႕ေပါင္းၿပီး ထည့္ထားတာပါ။

ေနျခည္ဦးတစ္ေယာက္ ဘယ္လိုေတြေတာင္ လွေနေတာ့မလဲဆိုတာ မၾကာခင္မွာ ေတြ႕ျမင္ရေတာ့မွာ ျဖစ္ပါတယ္။ အခုဆိုရင္ သူမရဲ႕ မ်က္လံုး ေကာ ႏွာေခါင္းပါ ေတာ္ေတာ့္ကို သက္သာလို႕ေနပါၿပီ။

 

ေနျခည္ဦးက သူမလုပ္ခ်င္တာကို လုပ္လိုက္ရတဲ့အတြက္ ေတာ္ေတာ္ေပ်ာ္ေနပံုပါ။ေနျခည္ဦးဟာ မ်က္ရစ္ ႀကီးခ်င္တာေၾကာင့္ ခြဲစိတ္တာျဖစ္ ေၾကာင္း၊ သူ႔ရဲ႕မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္ဆုိတာကုိ အကယ္ဒမီမုိ႔မုိ႔ျမင့္ေအာင္ကေျပာခဲ့တယ္လုိ႔ သူကဆုိပါတယ္။

'' အန္တီမုိ႔က ေနျခည့္ရဲ႕ မ်က္လုံးႏွစ္လုံးက ေဝးေနတဲ့အတြက္ ထူးျခားတယ္လုိ႔ ေျပာတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။ ေနျခည္ ယုံၾကည္မႈေတြ ပိုရွိလာတယ္။ ဒါေပမယ့္ ေနျခည္က မ်က္ရစ္ေလးပဲ နည္းနည္းႀကီးခ်င္တာ..ေနျခည္လုံးဝ မ်က္လုံးေလးကုိ မထိပါဘူး'' လုိ႔ ေျပာခဲ့ပါေသးတယ္။

Photo : ေနျခည္ဦး IG

 

ေနျခည္ဦးဟာ ႏွာေခါင္းနဲ႔ မ်က္လုံး ခြဲစိတ္လုိက္တာေၾကာင့္ ကုိယ့္ကုိယ္ကို လွသြားတယ္ဆုိတာထက္ ကုိယ္လုပ္ခ်င္တာကုိ လုပ္ခြင့္ရလုိက္တဲ့ ဆႏၵေၾကာင့္ ပုိၿပီးေတာ့ ေပ်ာ္ရႊင္သြားႏုိင္တယ္လုိ႔ ေျပာပါတယ္။ ခြဲစိတ္မႈကုိလည္း လုပ္ခ်င္ေနတာ ၾကာၿပီဆုိေပမယ့္ အခ်ိန္မေပးႏုိင္ေသးလုိ႔ မလုပ္ျဖစ္တဲ့အေၾကာင္း L'oréal Paris Myanmar Red Carpet ပြဲကို တက္ေရာက္ရင္း Duwun media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs