• Local Celebrity
    ဇဏ်ခီ့ကို တိုက်ခိုက်ခဲ့သူတွေအကြောင်း ပြောလာတဲ့ ခရစ္စတီးနားခီ
Ei Ei Myat
[Unicode Version]
ဒါရိုက်တာ ခရစ္စတီးနားခီက တစ်ချိန်က သူတို့ဇနီးမောင်နှံ နှစ်ယောက် ခံစားခဲ့ရတဲ့ ခံစားချက် တချို့ကို ပြန်ပြီး ရင်ဖွင့်လိုက် တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေ ကြားမှာ ရုန်းကန်ခဲ့ရတဲ့ သူတို့နှစ်ယောက်ဟာ အခုဆိုရင် လူအများရဲ့ အာရုံစူးစိုက်မှုကို ခံနေရပြီ ဖြစ်ပါတယ်။
36414710_10156464979252418_406080722521030656_n.jpg
Photo : ခရစ္စတီးနားခီ FB
ဒါရိုက်တာ ခရစ္စတီးနားခီဟာ တစ်ချိန်က သူမတို့ ဇနီးမောင်နှံ ခံစားခဲ့ရတဲ့ စိတ်ခံစားချက်တချို့ကို ပရိသတ်တွေ သိအောင် ပြောပြလာတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဇာတ်ကား (၂) ကားထွက်တဲ့အချိန်မှာ ဝေဖန်တာမျိုးမဟုတ်ပဲ တိုက်ခိုက်တဲ့သူတွေ ရှိခဲ့ပါတယ်။ ယောကျ်ားဖြစ်ထွန်းဖို့အတွက် လုပ်တယ်ဆိုတဲ့ ကောမန့်တွေကြား မျက်ရည်တွေနဲ့ မမြင်ချင်ယောင် ဆောင်ခဲ့ရတာတွေ အများကြီးရှိတယ် ဆိုပြီး ပြောထားပါတယ်။
"ရုပ်ရှင် ၂ကားထွက်တော့ ဝေဖန်တာမဟုတ်ပဲ တိုက်ခိုက်သူတို့ ပျော်ပျော်ကြီးရေးတဲ့အထဲမှာ ဇဏ်ခီ အသုံးမကျကြောင်းမပြောရုံတမယ် သူ့ယောင်္ကျားကြီးဖြစ်ထွန်းဖို့ လုပ်တယ် ဘာညာ အပလာတွေကြားမှာ ဟားဟား ဟီးဟီး comments တွေကို မျက်ရည်တွေကြားမမြင်ဟန် ဆောင်ခဲ့ရတယ်" ဆိုပြီး ဇူလိုင် (၁၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
36515000_10156467411217418_1716801636275322880_n.jpg
Photo : ခရစ္စတီးနားခီ FB
အဲ့ဒီအချိန်တုန်းက အိပ်ဆေးသောက်ပြီး အိပ်တာတောင် မအိပ်နိုင်လောက်အောင် ပူပင်သောကတွေနဲ့ ပြည့်နှက်ခဲ့ရပါတယ် ဆိုပြီး ပြောထား ပါသေးတယ်။
"အခုတော့ တခုတွေးမိတယ်။ ဒီလောက်အသုံးမကျတဲ့ ဇဏ်ခီ့ ပုံရိပ်(ဘယ်တုန်းကမှမထုတ်ခဲ့ပဲ)ဘာကြောင့် ထုတ်ချင်တာ လဲလို့ ကျွန်မသာ ဆို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မှာ ဘာလို့လည်းဆိုတော့ ခံယူချက်က မှန်ရင်တစ်ဆုံး ထိသွား လို့ရတယ်လေ...ငွေကြောင့်လည်း ကိုယ့် ယုံကြည်ချက် ကိုပြောင်းလဲစရာမလိုဘူးမှတ်လား..." ဆိုပြီး သူမရဲ့ အနုပညာပေါ် ထားတဲ့ ခံယူချက်လေးကို ပရိသတ်တွေ သိအောင် ပြောပြထားပါတယ်။
37044879_10156494849552418_518673539293773824_n.jpg
Photo : ခရစ္စတီးနားခီ FB
ကြည့်ရတာ အခုချိန်မှာ ဇဏ်ခီကို ဇာတ်ကားရိုက်ကူးဖို့အတွက် လာပြီး ကမ်းလှမ်းနေကြတာတွေ ရှိနေလို့လား မသိပါဘူး။ သူတို့ဇနီး မောင်နှံနှစ်ဦးရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ စိတ်ကူးအတိုင်း ရှေ့ဆက်ဖို့ အားပေးထားကြတာတွေရှိပါတယ်
ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူတို့ ဇနီးမောင်နှံအပြင် သားလေးဖြစ်တဲ့ နိုဝါ ကိုပါ ပရိသတ်တွေက အချစ်တွေ ပိုခဲ့ကြပါတယ်။ သူတို့မိသားစုလေးကတော့ ပရိသတ်တိုင်း အားကျစရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်ပါတယ်။
37116642_10156494826327418_4834917721026068480_n.jpg
Photo : ခရစ္စတီးနားခီ FB
ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုအောင်မြင်လျှက်ရှိသလို အတိုက်အခိုက်တွေ ကြား ထဲကမှ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာဏ်ခီ၊ အောင်မြင့်မြတ် ၊မင်းဦး၊ ဘညို၊ ကျော်ကိုကိုဝေ၊ အကယ်ဒမီသက်မွန်မြင့်၊ Kaew Korravee ၊ ခြူးစစ်ဟန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အရမ်းကို အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာလည်း ဇဏ်ခီ၊ လှယဉ်ကျေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs