• Local Celebrity
    ခိုင်နှင်းဝေ ပရဟိတအသင်းအတွက် လူူနာတင်ကားဝယ်ဖို့ အလှူငွေ မတည်ပေးခဲ့တဲ့ ရန်အောင်
Ei Ei Myat
[Unicode Version]

ခိုင်နှင်းဝေ ပရဟိတအသင်းရဲ့ လိုအပ်ချက်တစ်ခုကို အကယ်ဒမီများရှင် ရန်အောင်က ဖြည့်ဆည်းပေးလိုက်ပါပြီ။ အသင်းအတွက် လိုအပ်နေတဲ့ လူနာတင်ကားဝယ်ဖို့ ရန်အောင်က သိန်း(၇၀) မတည်ပေးလိုက်ပြီလို့ ခိုင်နှင်းဝေက ဆိုပါတယ်။ လူနာတင်ကား အမြန်ဆုံး ဝယ်နိုင်ဖို့ သဘင်အစည်းအရုံး ဥက္ကဌဖိုးချစ်ကလည်း ကူညီမယ်လို့ ပြောထားသေးတယ်တဲ့။

37327188_2162103800672222_266097408948043776_n.jpg

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေပရဟိတအသင်းရဲ့ လိုအပ်ချက်တစ်ခုကို အကယ်ဒမီများရှင် ရန်အောင်က ဖြည့်ဆည်းပေးလိုက်ပါပြီ။ ခိုင်နှင်းဝေပရဟိတ အသင်း မှာ လိုအပ်နေတဲ့ လူနာတင်ကားအတွက် မတည်ငွေ သိန်း(၇၀) ကို အကယ်ဒမီများရှင် ကိုရန်အောင်က မတည်ပေးခဲ့တယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

ကိုရန်လေးဟာ သူမအတွက် ကျေးဇူးရှင် တစ်ယောက်ဖြစ်သလို ကလေးများစွာရဲ့ အသက်၊ လူနာပေါင်းများစွာကို ကယ်တင်မယ့်သူလဲ ဖြစ်သွားပြီလို့ ခိုင်နှင်းဝေက ပြောပါတယ်။

37383504_2162103814005554_2045382697597009920_n.jpg

Photo : ခိုင်နှင်းဝေ FB

သမီးလေးတစ်ယောက်လို ချစ်ရတဲ့ ခွေးလေးအတွက် ခံစားနေရတဲ့ ခိုင်နှင်းဝေ 

"အကို ကိုရန်လေးက သမီးအမှန်တကယ် လုပ်နေတဲ့သူတယောက်ဖြစ်လို့ သမီးလိုချင်တဲ့ လူနာတင်ကား အကို မတည်အလှူ လုပ်ပေးမယ်တဲ့။ အကိုက မတည်အလှူရှင်အဖြစ် ငွေကျပ် သိန်း (၇၀) လှူပေးတယ်။ ဘဝမှာ အပျော်ဆုံးနေ့များထဲကတစ်ရက်ပါပဲ။လူနာတင် ယာဉ်ဖြစ်မြောက် ဖို့ အကိုက မတည်ပေးလိုက်ပါပြီရှင်" လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇူလိုင်(၁၉) ရက်နေ့က ရေးသားထားပါတယ်။

သူမအတွက် ဘဝရဲ့ အပျော်ဆုံးနေ့များထဲက တစ်ရက်ဖြစ်တယ်တဲ့။ လူနာတင်ကား အမြန်ဝယ်နိုင်ဖို့အတွက် သဘင်အစည်းအရုံး ဥက္ကဌ ဖိုးချစ်က ဆက်ပြီး ကူညီပေးသွားမှာ ဖြစ်တဲ့အတွက် ထပ်ပြီး ဝမ်းသာရပါတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ပြောပြထားပါတယ်။ လူနာတင်ကားဖြစ်မြောက်အတွက်ကိုလည်း ခိုင်နှင်းဝေအနေနဲ့ အလှူရှင်များကို ဖိတ်ခေါ်ထားပါသေးတယ်။

37290266_2162103927338876_122706914999009280_n.jpg

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေက လူနာတင်ကားဝယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လှူဒါန်းတဲ့ ငွေကြေးတွေ အားလုံးကို ချက်ချင်းလှူပေးနေတာကြောင့် လူနာ တင်ကား ဝယ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ခိုင်နှင်းဝေကို လူနာတင်ကားလှူမယ်ဆိုပြီး သူမရဲ့ မာန်မာတွေ သိက္ခာတွေ ဆော်ကား ခံခဲ့ရဖူး သလို မိန်းကလေး ဆိုပြီ အထင်အမြင်သေးပြီး ငါးစာချတာတွေလည်း ခံခဲ့ရဖူးတယ်လို့ သူမက ပြောပါတယ်။

အခုတော့ သူမရဲ့ သစ္စာတရားမှန်ကန်မှုကြောင့် ဘုရားက ပေးတဲ့ မှန်ကန်တဲ့ စေတနာရှင်ကို တွေ့ခဲ့တာလို့ ဆိုပါတယ်။သူမအတွက်ကော သူမရဲ့ ပရဟိတအသင်းအတွက်ပါ ပရိသတ်တွေက ဝမ်းသာလို့နေကြပါတယ်။

37389949_2162103834005552_24279609038077952_n.jpg

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

သရုပ်ဆောင်အကယ်ဒမီရန်အောင်ကတော့ သရုပ်ဆောင် ဘက်မှာလည်း အရည်အချင်းပြည့်ဝပြီး အကယ်ဒမီဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။သူ့အနေနဲ့ ဂီတဘက်မှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။

[Zawgyi Version]

ခိုင္ႏွင္းေဝ ပရဟိတအသင္းရဲ႕ လိုအပ္ခ်က္တစ္ခုကို အကယ္ဒမီမ်ားရွင္ ရန္ေအာင္က ျဖည့္ဆည္းေပးလိုက္ပါၿပီ။ အသင္းအတြက္ လိုအပ္ေနတဲ့ လူနာတင္ကားဝယ္ဖို႕ ရန္ေအာင္က သိန္း(၇၀) မတည္ေပးလိုက္ၿပီလို႕ ခိုင္ႏွင္းေဝက ဆိုပါတယ္။ လူနာတင္ကား အျမန္ဆံုး ဝယ္ႏိုင္ဖို႕ သဘင္အစည္းအရံုး ဥကၠဌဖိုးခ်စ္ကလည္း ကူညီမယ္လို႕ ေျပာထားေသးတယ္တဲ့။

Photo : ခိုင္ႏွင္းေဝ FB

 

ခိုင္ႏွင္းေဝပရဟိတအသင္းရဲ႕ လိုအပ္ခ်က္တစ္ခုကို အကယ္ဒမီမ်ားရွင္ ရန္ေအာင္က ျဖည့္ဆည္းေပးလိုက္ပါၿပီ။ ခိုင္ႏွင္းေဝပရဟိတ အသင္း မွာ လိုအပ္ေနတဲ့ လူနာတင္ကားအတြက္ မတည္ေငြ သိန္း(၇၀) ကို အကယ္ဒမီမ်ားရွင္ ကိုရန္ေအာင္က မတည္ေပးခဲ့တယ္လို႕ ခိုင္ႏွင္းေဝက ဆုိပါတယ္။

ကိုရန္ေလးဟာ သူမအတြက္ ေက်းဇူးရွင္ တစ္ေယာက္ျဖစ္သလို ကေလးမ်ားစြာရဲ႕ အသက္၊ လူနာေပါင္းမ်ားစြာကို ကယ္တင္မယ့္သူလဲ ျဖစ္သြားၿပီလို႕ ခိုင္နွင္းေဝက ေျပာပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

သမီးေလးတစ္ေယာက္လို ခ်စ္ရတဲ့ ေခြးေလးအတြက္ ခံစားေနရတဲ့ ခိုင္ႏွင္းေဝ 

"အကို ကိုရန္ေလးက သမီးအမွန္တကယ္ လုပ္ေနတဲ့သူတေယာက္ျဖစ္လို႔ သမီးလိုခ်င္တဲ့ လူနာတင္ကား အကို မတည္အလႉ လုပ္ေပးမယ္တဲ့။ အကိုက မတည္အလွဴရွင္အျဖစ္ ေငြက်ပ္ သိန္း (၇၀) လွဴေပးတယ္။ ဘဝမွာ အေပ်ာ္ဆံုးေန႔မ်ားထဲကတစ္ရက္ပါပဲ။လူနာတင္ ယာဥ္ျဖစ္ေျမာက္ ဖို႔ အကိုက မတည္ေပးလိုက္ပါၿပီရွင္" လို႕ သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္နွာမွာ ဇူလိုင္(၁၉) ရက္ေန႕က ေရးသားထားပါတယ္။

သူမအတြက္ ဘဝရဲ႕ အေပ်ာ္ဆံုးေန႕မ်ားထဲက တစ္ရက္ျဖစ္တယ္တဲ့။ လူနာတင္ကား အျမန္ဝယ္ႏိုင္ဖို႕အတြက္ သဘင္အစည္းအရံုး ဥကၠဌ ဖိုးခ်စ္က ဆက္ၿပီး ကူညီေပးသြားမွာ ျဖစ္တဲ့အတြက္ ထပ္ၿပီး ဝမ္းသာရပါတယ္လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဆက္လက္ေျပာျပထားပါတယ္။ လူနာတင္ကားျဖစ္ေျမာက္အတြက္ကိုလည္း ခိုင္ႏွင္းေဝအေနနဲ႕ အလွဴရွင္မ်ားကို ဖိတ္ေခၚထားပါေသးတယ္။

Photo : ခိုင္ႏွင္းေဝ FB

 

ခိုင္ႏွင္းေဝက လူနာတင္ကားဝယ္ဖို႕ ႀကိဳးစားခဲ့ေပမယ့္လည္း လွဴဒါန္းတဲ့ ေငြေၾကးေတြ အားလံုးကို ခ်က္ခ်င္းလွဴေပးေနတာေၾကာင့္ လူနာ တင္ကား ဝယ္ဖို႕ မတတ္ႏိုင္ခဲ့ပါဘူး။ ခိုင္ႏွင္းေဝကို လူနာတင္ကားလွဴမယ္ဆိုၿပီး သူမရဲ႕ မာန္မာေတြ သိကၡာေတြ ေဆာ္ကား ခံခဲ့ရဖူး သလို မိန္းကေလး ဆိုၿပီ အထင္အျမင္ေသးၿပီး ငါးစာခ်တာေတြလည္း ခံခဲ့ရဖူးတယ္လို႕ သူမက ေျပာပါတယ္။

အခုေတာ့ သူမရဲ႕ သစၥာတရားမွန္ကန္မႈေၾကာင့္ ဘုရားက ေပးတဲ့ မွန္ကန္တဲ့ ေစတနာရွင္ကို ေတြ႕ခဲ့တာလို႕ ဆုိပါတယ္။သူမအတြက္ေကာ သူမရဲ႕ ပရဟိတအသင္းအတြက္ပါ ပရိသတ္ေတြက ဝမ္းသာလို႕ေနၾကပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

 

ခုိင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္ရြက္ေနသူတစ္ဦးပါ။ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ ခုိင္ႏွင္းေဝက အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ အားတက္သေရာ ပါဝင္ကူညီ ေဆာင္ရြက္ေပးေနသူ ျဖစ္ပါတယ္။

သရုပ္ေဆာင္အကယ္ဒမီရန္ေအာင္ကေတာ့ သရုပ္ေဆာင္ ဘက္မွာလည္း အရည္အခ်င္းျပည့္ဝၿပီး အကယ္ဒမီဆုေတြလည္း အမ်ားႀကီး ပုိင္ဆုိင္ထားတဲ့ ဝါရင့္အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။သူ႕အေနနဲ႔ ဂီတဘက္မွာလည္း ေအာင္ျမင္မႈေတြရရွိထားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs