• Local Celebrity
    ချစ်သုဝေပြောပြလာတဲ့ ရိုးရှင်းလွန်း တဲ့ သူမရဲ့ဘဝအကြောင်း
Ei Ei Myat
[Unicode Version]

ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ခေတ်နဲ့ သစ်တို့ရဲ့ မေမေ ချစ်သုဝေက သူမရဲ့ ဘဝအကြောင်းလေးကို ပရိသတ် တွေ သိအောင် ပြောပြထားတာပါ။ ရိုးရှင်းလှတဲ့ သူမရဲ့ ဘဝလေးကို မိသားစုကို ချစ်တဲ့နှလုံးသားနဲ့ သမီးလေးတွေအတွက်သာ တွေးနေတဲ့ ဦးနှောက် တစ်ခုနဲ့ တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းနေပါတယ်တဲ့။

37278139_1555269871245005_3901083816743141376_n.jpg

Photo : ချစ်သုဝေ FB

 

အနုပညာနယ်ပယ်မှာ အောင်မြင်မှုက တစ်ခုကို ရရှိထားတဲ့ ချစ်သုဝေက  ရိုးရှင်းလွန်းလှတဲ့ သူမရဲ့ ဘဝအကြောင်းလေးကို ပရိသတ်တွေ သိအောင် ပြောပြထားတာပါ။ သူမဟာ သူမအတွက်ထက် သမီးလေးတွေအတွက် ရှင်သန်ဖြစ်သူ တစ်ဦးပါတဲ့။ ကိုယ်ပိုင် carrier Life  တစ်ခုကို စွန့်လွှတ်လုနီးပါး အမွှာသမီးလေးတွေ မေမေအနေနဲ့ နေခဲ့ရတယ်။

"သောက်ရတဲ့ဆေးအရှိန်တွေကြောင့် ခြေလက်တွေနုန်းနေလည်း သမီးလေးတွေဇောနဲ့ Treza လန်းဆန်းနေပါတယ်။ ၁နှစ်ကျော်အရွယ်သ မီး လေး တွေကို စာင့်ရှောက်ထိန်းသိမ်းရတာ တစ်ခါတစ်ခါ စိန်ခေါ်မှုများစွာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်တွေရှပ်ထွေးနေပေမယ့် စိတ်ရောကိုယ်ရော ကျန်းမာနွေးထွေးဖို့ Trezaအားတွေရှိနေပါတယ်..ကြိုးစားနေပါတယ်" လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

37304889_1555270157911643_2768206963161432064_n.jpg

Photo : ချစ်သုဝေ FB

 

တစ်ခါတလေမှာ ကိုယ်ပိုင်အချိန်တွေကို တစ်မတ်တမော လိုချင်ခဲ့ပေမယ့် အဲ့လိုအခွင့်အရေးတွေရဖို့ ကြုံခဲ့ရင်တောင် စိတ်မဖြောင့်နိုင်ပဲ လက်လွှတ်မိတာချည်းပဲ ဖြစ်နေတတ်တယ်တဲ့။

"တဖြည်းဖြည်းအသားကျလာမယ်ထင်တဲ့ အမေတစ်ယောက်စိတ်ဟာ ကလေးတွေအရွယ်အရ တဖြည်းဖြည်း ပိုပို ပူလောင်လာရတာပါပဲ။ ခုတော့ ဖောနေတဲ့မျက်နှာ ရွှဲနေတဲ့ဗိုက် တွန့်ကြေမွတဲ့ဆံပင်.(မှန်တောင်မကြည့်ရဲ),.မိသားစုကိုချစ်တဲ့နှလုံးသား.အချိန်ပြည့် ဘယ်လို ကျွေးရမ လဲ ဘယ်လိုနည်းနဲ့သမီးလေးတွေလိမ္မာအောင်ချည်းကပ်ရမလဲ ဘာလေးတွေသူတို့အတွက်ဖန်တီးပေးမလဲ။.စတာတွေသာတွေးနေတဲ့ ဦးနှောက် တစ်ခုရယ် နဲ့Treza တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေပါတယ်" ဆိုပြီး ဆက်လက်ေ ပြာပြထားပါတယ်။

37368483_1555269617911697_6327420771941482496_n.jpg

Photo : ချစ်သုဝေ FB

သမီးလေးတွေအတွက် ကိုယ်တိုင်ချက်ကျွေးရမှ ကျေနပ်တဲ့ ချစ်သုဝေ 

ဒါပေမယ့်လည်း သမီးလေးတွေရဲ့ အပြုံးလေတွေ ရယ်သံလေးတွေက  သူမကို ဘာနဲ့မှမတူတဲ့ အားတွေပေးထားသလိုပဲ အားတွေ ရှိနေခဲ့ပါတယ်လို့ ပြောထားပြိး အမေတွေအားလုံးကိုလည်း ဂုဏ်ပြုထားပါသေးတယ်။ ချစ်သုဝေဟာ သမီးလေးအတွက် ကိုယ်တိုင်လုပ် ပေးကိုင်ပေး ချက်ပြုတ်ပေးရမယ့် ကျေနပ်သူပါ။

သမီးလေးတွေ ထမင်းစားဖို့ တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်ကျွေးတတ်သူလည်း ဖြစ်ပါတယ်။သူမရဲ့ ပရိသတ်တွေကတော့ သမီးလေးကို စောင့် ရှောက် ရင်း သူမရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ ပြောထားကြပါတယ်။ ချစ်သုဝေဟာ သမီးလေးအတွက်လည်း မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာအသစ်တွေကို ချပြနိုင်ဖို့ ကြိုးုစားနေသူပါ။

37284654_1555270404578285_3030414252725764096_n.jpg

Photo : ချစ်သုဝေ FB

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက် အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

37325952_1555270697911589_2218611476107624448_n.jpg

Photo : ချစ်သုဝေ FB

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ မွေးခဲ့တာပါ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။သမီးလေးတွေကို နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

[Zawgyi Version]

ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုင္ဆိုင္ထားတဲ့ ေခတ္နဲ႕ သစ္တို႕ရဲ႕ ေမေမ ခ်စ္သုေဝက သူမရဲ႕ ဘဝအေၾကာင္းေလးကို ပရိသတ္ ေတြ သိေအာင္ ေျပာျပထားတာပါ။ ရိုးရွင္းလွတဲ့ သူမရဲ႕ ဘဝေလးကို မိသားစုကို ခ်စ္တဲ့ႏွလံုးသားနဲ႕ သမီးေလးေတြအတြက္သာ ေတြးေနတဲ့ ဦးေႏွာက္ တစ္ခုနဲ႕ တစ္ေန႕ၿပီး တစ္ေန႕ ျဖတ္သန္းေနပါတယ္တဲ့။

Photo : ခ်စ္သုေဝ FB

 

အႏုပညာနယ္ပယ္မွာ ေအာင္ျမင္မႈက တစ္ခုကို ရရွိထားတဲ့ ခ်စ္သုေဝက  ရိုးရွင္းလြန္းလွတဲ့ သူမရဲ႕ ဘဝအေၾကာင္းေလးကို ပရိသတ္ေတြ သိေအာင္ ေျပာျပထားတာပါ။ သူမဟာ သူမအတြက္ထက္ သမီးေလးေတြအတြက္ ရွင္သန္ျဖစ္သူ တစ္ဦးပါတဲ့။ ကိုယ္ပိုင္ carrier Life  တစ္ခုကို စြန္႕လႊတ္လုနီးပါး အမႊာသမီးေလးေတြ ေမေမအေနနဲ႕ ေနခဲ့ရတယ္။

"ေသာက္ရတဲ့ေဆးအရွိန္ေတြေၾကာင့္ ေျခလက္ေတြႏုန္းေနလည္း သမီးေလးေတြေဇာနဲ႔ Treza လန္းဆန္းေနပါတယ္။ ၁ႏွစ္ေက်ာ္အရြယ္သ မီး ေလး ေတြကို စာင့္ေရွာက္ထိန္းသိမ္းရတာ တစ္ခါတစ္ခါ စိန္ေခၚမႈမ်ားစြာနဲ႔ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ စိတ္ေတြရွပ္ေထြးေနေပမယ့္ စိတ္ေရာကိုယ္ေရာ က်န္းမာေႏြးေထြးဖို႔ Trezaအားေတြရွိေနပါတယ္..ႀကိဳးစားေနပါတယ္" လို႕ သူမရဲ႕ ေဖ့စ္ဘြတ္မွာေရးသားထားပါတယ္။

Photo : ခ်စ္သုေဝ FB

 

တစ္ခါတေလမွာ ကိုယ္ပိုင္အခ်ိန္ေတြကို တစ္မတ္တေမာ လိုခ်င္ခဲ့ေပမယ့္ အဲ့လိုအခြင့္အေရးေတြရဖို႕ ၾကံဳခဲ့ရင္ေတာင္ စိတ္မေျဖာင့္ႏိုင္ပဲ လက္လႊတ္မိတာခ်ည္းပဲ ျဖစ္ေနတတ္တယ္တဲ့။

"တျဖည္းျဖည္းအသားက်လာမယ္ထင္တဲ့ အေမတစ္ေယာက္စိတ္ဟာ ကေလးေတြအရြယ္အရ တျဖည္းျဖည္း ပိုပို ပူေလာင္လာရတာပါပဲ။ ခုေတာ့ ေဖာေနတဲ့မ်က္ႏွာ ရႊဲေနတဲ့ဗိုက္ တြန္႔ေၾကမြတဲ့ဆံပင္.(မွန္ေတာင္မၾကည့္ရဲ),.မိသားစုကိုခ်စ္တဲ့ႏွလံုးသား.အခ်ိန္ျပည့္ ဘယ္လို ေကၽြးရမ လဲ ဘယ္လိုနည္းနဲ႔သမီးေလးေတြလိမၼာေအာင္ခ်ည္းကပ္ရမလဲ ဘာေလးေတြသူတို႔အတြက္ဖန္တီးေပးမလဲ။.စတာေတြသာေတြးေနတဲ့ ဦးေႏွာက္ တစ္ခုရယ္ နဲ႔Treza တစ္ေန႔ၿပီးတစ္ေန႔ျဖတ္သန္းေနပါတယ္" ဆိုၿပီး ဆက္လက္ေ ျပာျပထားပါတယ္။

Photo : ခ်စ္သုေဝ FB

သမီးေလးေတြအတြက္ ကိုယ္တိုင္ခ်က္ေကၽြးရမွ ေက်နပ္တဲ့ ခ်စ္သုေဝ 

ဒါေပမယ့္လည္း သမီးေလးေတြရဲ႕ အၿပံဳးေလေတြ ရယ္သံေလးေတြက  သူမကို ဘာနဲ႕မွမတူတဲ့ အားေတြေပးထားသလိုပဲ အားေတြ ရွိေနခဲ့ပါတယ္လို႕ ေျပာထားၿပိး အေမေတြအားလံုးကိုလည္း ဂုဏ္ျပဳထားပါေသးတယ္။ ခ်စ္သုေဝဟာ သမီးေလးအတြက္ ကိုယ္တုိင္လုပ္ ေပးကိုင္ေပး ခ်က္ျပဳတ္ေပးရမယ့္ ေက်နပ္သူပါ။

သမီးေလးေတြ ထမင္းစားဖို႕ တစ္ေန႕တစ္မ်ိဳး မရိုးရေအာင္ ခ်က္ျပဳတ္ေကၽြးတတ္သူလည္း ျဖစ္ပါတယ္။သူမရဲ႕ ပရိသတ္ေတြကေတာ့ သမီးေလးကို ေစာင့္ ေရွာက္ ရင္း သူမရဲ႕ က်န္းမာေရးကိုပါ ဂရုစိုက္ဖို႕ ေျပာထားၾကပါတယ္။ ခ်စ္သုေဝဟာ သမီးေလးအတြက္လည္း မိခင္ေကာင္းတစ္ေယာက္ ျဖစ္ဖို႕ ႀကိဳးစားေနသလို ပရိသတ္ေတြအတြက္လည္း သူမရဲ႕ အႏုပညာအသစ္ေတြကို ခ်ျပႏုိင္ဖို႕ ႀကိဳးုစားေနသူပါ။

Photo : ခ်စ္သုေဝ FB

 

ေခတ္နဲ႔ သစ္လို႔ အားလံုးက ခ်စ္စႏိုးေခၚၾကတဲ့ သမီးေလးႏွစ္ေယာက္ဟာ မိဘေတြမေျပာနဲ႔ ျမင္တဲ့သူတုိင္းက မခ်စ္ဘဲ မေနႏိုင္ေလာက္ ေအာင္ကို ခ်စ္စရာ ေကာင္းလြန္းလွပါတယ္။

ေမေမ ခ်စ္သုေဝက သမီးေလးေတြရဲ႕ ပံုေလးေတြနဲ႔ ဗီဒီယိုဖိုင္ေလးေတြကို ေဖ့စ္ဘြတ္ကေန ပရိသတ္ေတြကို မွ်ေ၀ေလ့ရွိၿပီး သူတုိ႔ရဲ႕ပံုေလးေတြ ၊ ဗီဒီယိုေလးေတြဟာ ၾကည့္႐ွဴသူ အျမဲတမ္း ၁ သိန္းေက်ာ္ ရွိေနတတ္ကာ Share အေရအတြက္ ေထာင္ခ်ီလို႔ Like ဆုိရင္လည္း ေသာင္းနဲ႔ခ်ီ ရွိေနတာပါ။

Photo : ခ်စ္သုေဝ FB

 

လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ရဲ႕ သမီးေလး ႏွစ္ေယာက္ကို ဇန္နဝါရီ(၁၉)ရက္ေန႕ နံနက္(၇)နာရီ (၄၄)မိနစ္အခ်ိန္မွာ ေမြးခဲ့တာပါ ပန္းလိႈင္ ေဆးရံုမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။သမီးေလးေတြကို နာမည္ေလးေတြကို ျမန္မာဆန္ဆန္ပဲ ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္လို႔ အမည္ေပးထားပါတယ္။

လင္းလင္းနဲ႕ ခ်စ္သုေဝတို႕ ႏွစ္ေယာက္စလံုးဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္မႈ ရရွိထားတဲ့ အႏုပညာရွင္မ်ား ျဖစ္သလို လင္းလင္းဟာ လည္း ဂီတေလာကမွာ တစ္ကိုယ္ေတာ္ပြဲေတြနဲ႕ ေအာင္ျမင္မႈ ရရွိထားကာ ခ်စ္သုေဝဟာလည္း သရုပ္ေဆာင္ပိုင္းနဲ႕ အဆိုပိုင္းမွာ ပရိသတ္အား ေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs