• Local Celebrity
    ကာရိုက်တာပီပြင်ဖို့ ကြိုးစားရင်း ဒဏ်ရာတွေ ရခဲ့တဲ့ အိန္ဒြာကျော်ဇင်
Ei Ei Myat
[Unicode Version]

ဒေါင်းနီကာရိုက်တာအတွက် ကြိုးစားနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပုံတွေကို မြင်ရတာ ကြက်သီးတောင်ထမိပါတယ်။ ကာရိုက်တာ အတွက် ကြိုးစားနေတာ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရနေတာတောင် သတိမထားနိုင်ခဲ့ဘူးတဲ့။

37339322_681961592152968_3221786064016375808_n.jpg

Photo : အိန္ဒြာကျော်ဇင် FB

 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်တစ်ယောက် "ဒေါင်းနီ" ကာရိုက်တာအတွက် တကယ့်ကို ကြိုးစားနေတာ တွေ့ရပါတယ်။  "ဟစ်တိုင်" ရုပ်ရှင် ဇာတ်ကား တစ်ခုလုံးကို ဦးဆောင်ရတဲ့ ဒေါင်းနီအတွက် သူမရဲ့ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်နိုင်ပဲ ကာရိုက်တာအတွက်သာ အဓိက ထားကြိုးစားနေတာပါ။

သူမေ့ဖစ်ဘွတ်မှာ တင်ထားတဲ့ ရိုက်ကွင်းက ပုံတွေကို ကြည့်တာနဲ့တင် သူမရဲ့ ကြိုးစားအားထုတ်မှုက ကြက်သီးထစရာကောင်းနေပါတယ်။

37547958_681961778819616_577316395688132608_n.jpg

Photo : အိန္ဒြာကျော်ဇင် FB

 

ဒေါင်းနီကာရိုက်တာအတွက် ကြိုးစားရင်းနဲ့ သူမရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေ ပြည့်လို့နေပါတယ်။ ဒါပေမယ့်လည်း သူမက ကျေနပ်စွာ ခံယူနေတယ်လို့ ဇူလိုင်(၁၉)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်မှာ ရေးသားထားပါတယ်။

"ဒီကနေ့ "ဒေါင်းနီ" နဲ့ "ဟစ်တိုင်"ကပေးတဲ့ဒဏ်ရာတွေပါ...(ကျေနပ်စွာခံယူပါတယ်)" ဆိုပြီး ပြောထားတာပါ။ သူမရဲ့ ကြိုးစားအားထုုတ်မှုကို ပရိသတ်တွေ ကလည်း အသိအမှတ်ပြု အားပေးလို့နေပါတယ်။

37392122_681961745486286_346877987074867200_n.jpg

Photo : အိန္ဒြာကျော်ဇင် FB

မေတိုးခိုင်ရဲ့ မွေးနေ့အလှူမှာ ကိုယ်တိုင်ပါဝင်ပေးခဲ့တဲ့ အိန္ဒြာကျော်ဇင် 

အိန္ဒြာကျော်ဇင်ရဲ့ ပရိသတ်တွေက သူမကို  ဒီဇာတ်ကားနဲ့ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်စေချင်နေတာလည်း တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင် ဟာ "ဟစ်တိုင်"ရုပ်ရှင်ဇာတ်ကားမှာ အမှန်တရားဘက်က ရပ်တည်တတ်ပြီး မဟုတ်ခံစိတ်ဓာတ်ရှိတဲ့ မိန်းမတစ်ယောက်ဖြစ် တယ်လို့ ဇူလိုင်(၄) ရက်နေ့က  ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲကို တက်ရောက်လာရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာ ဒေါင်းနီရဲ့ ဇာတ်ရုပ်ပေါ့နော်။ ဒေါင်းနီက အမှန်တရားဘက်ကနေ ရပ်တည်တဲ့မိန်းမတစ်ယောက်၊ မဟုတ်မခံပေါ့နော် သူ့ရဲ့ဘဝမှာ သူ့သမီးလေးတစ်ယောက်ပဲ။ သူ့သမီးအတွက်ဆို အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။ နောက်ဆုံးတော့ ဒီသက်ငယ်မုဒိမ်းနဲ့ သူက ပညာပေးထားတာပေါ့နော်။ ကလေးကို ကျူးလွန်လိုက်တဲ့ အပြစ်အတွက် လက်တုံ့ပြန်လိုက်တဲ့ မိန်းမတစ်ယောက်ပေါ့''လို့ ဆိုပါတယ်။

37420319_681961852152942_4894175578082508800_n.jpg

Photo : အိန္ဒြာကျော်ဇင် FB

 

"ဟစ်တိုင်" ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ထားတာ ဖြစ်ပြီး ယင်းဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ်ဆောင် လျက်ရှိပါတယ်။

2.jpg 

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

[Zawgyi Version]

ေဒါင္းနီကာရိုက္တာအတြက္ ႀကိဳးစားေနတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ ပံုေတြကို ျမင္ရတာ ၾကက္သီးေတာင္ထမိပါတယ္။ ကာရိုက္တာ အတြက္ ႀကိဳးစားေနတာ ခႏၶာကို္ယ္မွာ ဒဏ္ရာေတြရေနတာေတာင္ သတိမထားႏုိင္ခဲ့ဘူးတဲ့။

Photo : အိျႏၵာေက်ာ္ဇင္ FB

 

သရုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္တစ္ေယာက္ "ေဒါင္းနီ" ကာရိုက္တာအတြက္ တကယ့္ကို ႀကိဳးစားေနတာ ေတြ႕ရပါတယ္။  "ဟစ္တိုင္" ရုပ္ရွင္ ဇာတ္ကား တစ္ခုလံုးကို ဦးေဆာင္ရတဲ့ ေဒါင္းနီအတြက္ သူမရဲ႕ခႏၶာကိုယ္ကိုေတာင္ ဂရုမစိုက္နိုင္ပဲ ကာရိုက္တာအတြက္သာ အဓိက ထားႀကိဳးစားေနတာပါ။

သူမေ့ဖစ္ဘြတ္မွာ တင္ထားတဲ့ ရိုက္ကြင္းက ပံုေတြကို ၾကည့္တာနဲ႕တင္ သူမရဲ႕ ႀကိဳးစားအားထုတ္မႈက ၾကက္သီးထစရာေကာင္းေနပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္ FB

 

ေဒါင္းနီကာရိုက္တာအတြက္ ႀကိဳးစားရင္းနဲ႕ သူမရဲ႕ ခႏၶာကိုယ္မွာလည္း ဒဏ္ရာေတြ ျပည့္လုိ႕ေနပါတယ္။ ဒါေပမယ့္လည္း သူမက ေက်နပ္စြာ ခံယူေနတယ္လို႕ ဇူလိုင္(၁၉)ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္မွာ ေရးသားထားပါတယ္။

"ဒီကေန႔ "ေဒါင္းနီ" နဲ႔ "ဟစ္တိုင္"ကေပးတဲ့ဒဏ္ရာေတြပါ...(ေက်နပ္စြာခံယူပါတယ္)" ဆိုၿပီး ေျပာထားတာပါ။ သူမရဲ႕ ႀကိဳးစားအားထုုတ္မႈကို ပရိသတ္ေတြ ကလည္း အသိအမွတ္ျပဳ အားေပးလို႕ေနပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္ FB

ေမတိုးခိုင္ရဲ႕ ေမြးေန႕အလွဴမွာ ကိုယ္္တိုင္ပါဝင္ေပးခဲ့တဲ့ အိျႏၵာေက်ာ္ဇင္ 

အိျႏၵာေက်ာ္ဇင္ရဲ႕ ပရိသတ္ေတြက သူမကို  ဒီဇာတ္ကားနဲ႕ အကယ္ဒမီဆုႀကီးကို ပိုင္ဆိုင္ေစခ်င္ေနတာလည္း ေတြ႕ရပါတယ္။ အိျႏၵာေက်ာ္ဇင္ ဟာ "ဟစ္တုိင္"ရုပ္ရွင္ဇာတ္ကားမွာ အမွန္တ၇ားဘက္က ရပ္တည္တတ္ၿပီး မဟုတ္ခံစိတ္ဓာတ္ရွိတဲ့ မိန္းမတစ္ေယာက္ျဖစ္ တယ္လို႕ ဇူလိုင္(၄) ရက္ေန႕က  ဟစ္တုိင္ ဇာတ္ကားကန္ေတာ့ပြဲကုိ တက္ေရာက္လာရင္း မီဒီယာေတြကို ေျဖဆုိခဲ့တာ ျဖစ္ပါတယ္။

'' ဒီဇာတ္ကားထဲမွာ ေဒါင္းနီရဲ႕ ဇာတ္ရုပ္ေပါ့ေနာ္။ ေဒါင္းနီက အမွန္တရားဘက္ကေန ရပ္တည္တဲ့မိန္းမတစ္ေယာက္၊ မဟုတ္မခံေပါ့ေနာ္ သူ႔ရဲ႕ဘဝမွာ သူ႔သမီးေလးတစ္ေယာက္ပဲ။ သူ႔သမီးအတြက္ဆုိ အရာအားလုံးကုိ စြန္႔လႊတ္ႏုိင္တယ္။ ေနာက္ဆုံးေတာ့ ဒီသက္ငယ္မုဒိမ္းနဲ႔ သူက ပညာေပးထားတာေပါ့ေနာ္။ ကေလးကုိ က်ဴးလြန္လုိက္တဲ့ အျပစ္အတြက္ လက္တုံ႔ျပန္လုိက္တဲ့ မိန္းမတစ္ေယာက္ေပါ့''လို႔ ဆုိပါတယ္။

Photo : အိျႏၵာေက်ာ္ဇင္ FB

 

"ဟစ္တုိင္" ရုပ္ရွင္ဇာတ္ကားဟာ စာေရးဆရာမ သွ်င္မရဲ႕ ဝတၳဳကို ျပန္လည္ပံုေဖာ္ထားတာ ျဖစ္ၿပီး ယင္းဇာတ္ကားကို ဒါရုိက္တာ ဟိန္းစိုးက ရိုက္ကူးေနတာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားမွာ အကယ္ဒမီ အိၿႏၵာေက်ာ္ဇင္၊ အကယ္ဒမီေမသန္းႏု၊ စိုင္းဝဏၰေအာင္၊ ထူးျပည့္ေအာင္ ၊ဇင္မ်ိဳး ၊ ရဲမြန္ ၊ စိုးမိုးၾကည္၊ သန္းသန္းစိုး ၊ လွမ်ိဳးသဥၨာႏြယ္၊ သရုပ္ေဆာင္မ်ားစြာ တို႔ ႏွင့္အတူ ကေလးသရုပ္ေဆာင္ ျပည့္ျပည့္တို႔ က အဓိက ပါဝင္သရုပ္ေဆာင္ လ်က္ရွိပါတယ္။

အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလံုး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။ အိျႏၵာေက်ာ္ဇင္ဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏုိင္သူ တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ "မ်က္ႏွာမ်ားတဲ့မိုးေကာင္းကင္" ရုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ခုႏွစ္မွာ "ရင္ဘက္ထဲကဓား" တို႕နဲ႕ ဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ သူပါ။

အိျႏၵာေက်ာ္ဇင္ဟာ သရုပ္ေဆာင္ေျပတီဦးနဲ႕ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ ၁ရက္ေန႕မွာ လက္ထပ္ခဲ့ၿပီး ေျပသုျဒာနဲ႕ ေျပဓီရဆိုတဲ့ ရင္ေသြးေလး နွစ္ေယာက္နဲ႕ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆုိင္ထားသူ တစ္ဦးျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs