• Local Celebrity
    ဟာသသရုပ်ဆောင်ကစ်ကစ်ကို ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ စည်ဖြိုး
Sabal Thwin
[Unicode Version]

စည်ဖြိုးက ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ်ဆီကို သွားရောက်လည်ပတ်ရင်း ကစ်ကစ်ရဲ့ အနုပညာလမ်းကြောင်း ပေါ်ကအခက်အခဲ တွေအကြောင်းကို နားထောင်ဖြစ်ခဲ့တယ်တဲ့။ သိပ်မကြာသေးခင်ကလည်း ဟာသသရုပ်ဆောင် လူရွှင်တော် မန်းဝင်းဆီလည်း သွားရောက် ခဲ့ ပါသေးတယ်။

37319923_2133471053347155_3442900884609040384_n.jpg

Photo: Si Phyo Facebook

 

သရုပ်ဆောင် စည်ဖြိုးဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် ဆီကို ဇူလိုင်လ ၁၉ ရက်နေ့က သွားရောက်လည် ပတ်ခဲ့ပါတယ်။ ကစ်ကစ်ကိုလည်း သူ့ရဲ့ အနုပညာကြေးထဲကနေမှ ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ အနုပညာအတွေ့အကြုံတွေ နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

'' မနေ့က ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ တီတီကစ် ဆီသွားပြီး သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲ တွေ သူဝေဒနာခံစားနေရတဲ့အချိန် ကံနိမ့် နေတုန်းကသူကြုံခဲ့မြင်ခဲ့ကြားခဲ့ရတာတွေ သူကျော်ဖြတ်ခဲ့တာတွေ သေရွာပြန်တီတီကစ်ဆီကအများကြီးနားထောင်ခဲ့ရတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲက သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။

37361172_2133471126680481_3920321185715322880_n.jpg

Photo: Si Phyo Facebook

 

ဇူလိုင်လ ၁၇ ရက်နေ့တုန်းကလည်း စည်ဖြိုးတစ်ယောက် ကျောက်ကပ်ဝေဒနာကို နှစ်နဲ့ချီခံစားနေရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းဆီကိုလည်း ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းရင်း သွားရောက်ခဲ့ပါသေးတယ်။

'' အနုပညာကိုရူးသွပ်နေရင်း တစ်နေ့တော့ ကိုယ်လည်းဒီလိုနေရာကိုရောက်လာဦးမှာပဲလို့တွေးမိရင်း ကျောက်ကပ်ပျက် ဝေဒနာ ခံစား နေရတဲ့ အဖေကြီးမန်းဝင်းဆီသွားပြီးနိုင်သလောက်ထောက်ပံ့လှူဒါန်း'' ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့ ညက စည်ဖြိုးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ရေးသားခဲ့တာပါ။

ဦးမန်းဝင်း ကျန်းမာရေးအတွက်ထောက်ပံ့ငွေလှူဒါန်းခဲ့တဲ့ စည်ဖြိုး 

37418547_2133471093347151_8116549666071379968_n.jpg

Photo: Si Phyo Facebook

 

သရုပ်ဆောင် စည်ဖြိုးက အခုလက်ရှိမှာတော့ အက်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ယိုးဒယားလူမျိုး ဒါရိုက်တာနဲ့ စတင်ရိုက်ကူးနေပါပြီ။ ဒီဇာတ်လမ်းတွဲရိုက်ဖို့ ကိုလည်း သိုင်းတွေ ၇ လ အကြာ သိုင်းတွေ သင်ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက် တခြား ဇာတ်ကားတွေ လက်မခံပဲ ၇ လတိတိ  ဓားသိုင်းသင်ရတယ်၊ တုတ်သိုင်းသင်ရတယ်၊ ထီးနဲ့ သိုင်းချတဲ့ သိုင်းလည်း သင်ရတယ်။ မြန်မာလက်ဝှေ့လည်း သင်ရတယ်။ ၄ လလောက်သင်ပြီးတော့ ကျွန်တော့်ကို စာမေးပွဲစစ်တယ်။ ပြီးတော့ ၃ လလောက်ထပ်ပြီးတော့ လေ့ကျင့်ရတယ်။ အခုဆို ၂ လရှိပြီ  ရိုက်တာ'' လို့ဆိုပါတယ်။

37366101_2129733510387576_789835818490396672_n.jpg 

အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီအက်ရှင်ဇာတ်လမ်းတွဲလေး က   မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။

[Zawgyi Version]

စည္ျဖဳိးက ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ ကစ္ကစ္ဆီကုိ သြားေရာက္လည္ပတ္ရင္း ကစ္ကစ္ရဲ႕ အႏုပညာလမ္းေၾကာင္း ေပၚကအခက္အခဲ ေတြအေၾကာင္းကုိ နားေထာင္ျဖစ္ခဲ့တယ္တဲ့။ သိပ္မၾကာေသးခင္ကလည္း ဟာသသရုပ္ေဆာင္ လူရႊင္ေတာ္ မန္းဝင္းဆီလည္း သြားေရာက္ ခဲ့ ပါေသးတယ္။

Photo: Si Phyo Facebook

 

သရုပ္ေဆာင္ စည္ျဖဳိးဟာ ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ ဆီကုိ ဇူလုိင္လ ၁၉ ရက္ေန႔က သြားေရာက္လည္ ပတ္ခဲ့ပါတယ္။ ကစ္ကစ္ကုိလည္း သူ႔ရဲ႕ အႏုပညာေၾကးထဲကေနမွ က်န္းမာေရးေထာက္ပ့ံေငြ လွဴဒါန္းခ့ဲပါေသးတယ္။ အ့ဲဒီေနာက္ ဟာသ သရုပ္ေဆာင္ ကစ္ကစ္ရဲ႕ အႏုပညာအေတြ႔အႀကဳံေတြ နားေထာင္ခဲ့တယ္လုိ႔ ဆုိပါတယ္။

'' မေန႔က ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ တီတီကစ္ ဆီသြားၿပီး သူၾကံဳေတြ႕ခဲ့ရတဲ့အခက္အခဲ ေတြ သူေဝဒနာခံစားေနရတဲ့အခ်ိန္ ကံနိမ့္ ေနတုန္းကသူၾကံဳခဲ့ျမင္ခဲ့ၾကားခဲ့ရတာေတြ သူေက်ာ္ျဖတ္ခဲ့တာေတြ ေသရြာျပန္တီတီကစ္ဆီကအမ်ားႀကီးနားေထာင္ခဲ့ရတယ္'' ဆုိၿပီးေတာ့ ဇူလုိင္လ ၂၀ ရက္ေန႔ မနက္ ၈ နာရီခြဲက သူ႔ရဲ႕ ေဖ့ဘြတ္ေပၚမွာေရးသားခဲ့ပါတယ္။

Photo: Si Phyo Facebook

 

ဇူလုိင္လ ၁၇ ရက္ေန႔တုန္းကလည္း စည္ျဖဳိးတစ္ေယာက္ ေက်ာက္ကပ္ေဝဒနာကုိ ႏွစ္နဲ႔ခ်ီခံစားေနရတဲ့ ဟာသသရုပ္ေဆာင္ လူရႊင္ေတာ္ ဦးမန္းဝင္းဆီကုိလည္း က်န္းမာေရးေထာက္ပ့ံေငြ လွဴဒါန္းရင္း သြားေရာက္ခဲ့ပါေသးတယ္။

'' အႏုပညာကို႐ူးသြပ္ေနရင္း တစ္ေန႔ေတာ့ ကိုယ္လည္းဒီလိုေနရာကိုေရာက္လာဦးမွာပဲလို႔ေတြးမိရင္း ေက်ာက္ကပ္ပ်က္ ေဝဒနာ ခံစား ေနရတဲ့ အေဖႀကီးမန္းဝင္းဆီသြားၿပီးႏိုင္သေလာက္ေထာက္ပံ့လႉဒါန္း'' ဆုိၿပီးေတာ့ ဇူလုိင္လ ၁၈ ရက္ေန႔ ညက စည္ျဖဳိးရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာ ေပၚမွာ ေရးသားခဲ့တာပါ။

ဦးမန္းဝင္း က်န္းမာေရးအတြက္ေထာက္ပံ့ေငြလွဴဒါန္းခဲ့တဲ့ စည္ၿဖဳိး 

Photo: Si Phyo Facebook

 

သရုပ္ေဆာင္ စည္ျဖဳိးက အခုလက္ရွိမွာေတာ့ အက္ရွင္ဇာတ္လမ္းတြဲတစ္ခုကုိ ယုိးဒယားလူမ်ဳိး ဒါရိုက္တာနဲ႔ စတင္ရိုက္ကူးေနပါၿပီ။ ဒီဇာတ္လမ္းတြဲရုိက္ဖုိ႔ ကုိလည္း သုိင္းေတြ ၇ လ အၾကာ သုိင္းေတြ သင္ခဲ့ရတယ္ဆုိၿပီးေတာ့ Duwun Media ကုိေျပာျပခဲ့ပါတယ္။

ဒီဇာတ္လမ္းတြဲရုိက္ဖုိ႔အတြက္ တျခား ဇာတ္ကားေတြ လက္မခံပဲ ၇ လတိတိ  ဓားသုိင္းသင္ရတယ္၊ တုတ္သုိင္းသင္ရတယ္၊ ထီးနဲ႔ သိုင္းခ်တဲ့ သုိင္းလည္း သင္ရတယ္။ ျမန္မာလက္ေဝွ႔လည္း သင္ရတယ္။ ၄ လေလာက္သင္ၿပီးေတာ့ ကၽြန္ေတာ့္ကုိ စာေမးပြဲစစ္တယ္။ ၿပီးေတာ့ ၃ လေလာက္ထပ္ၿပီးေတာ့ ေလ့က်င့္ရတယ္။ အခုဆုိ ၂ လရွိၿပီ  ရုိက္တာ'' လုိ႔ဆုိပါတယ္။

အႏုပညာအလုပ္ကုိ ရူးသြပ္လြန္းတဲ့ စည္ျဖဳိးဟာ သူလက္ခံထားတဲ့ ကာရုိက္တာအတြက္ ခႏၶာကုိယ္ေပၚမွာ ဒဏ္ရာေတြ ရတဲ့အထိေအာင္ ႀကိဳးစားျပင္ဆင္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားအတြက္ အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔လည္း ေျပာပါတယ္။ ဒီအက္ရွင္ဇာတ္လမ္းတြဲေလး က   မၾကာခင္ ပရိသတ္အေရွ႕ေရာက္လာေတာ့မွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs