• Local Celebrity
    မီဒီယာနဲ့ ပရိသတ်ရှေ့ ထွက်မလာနိုင်သေးတဲ့အတွက် တောင်းပန်လိုက်တဲ့ သီဟတင်စိုး
Ei Ei Myat
[Unicode Version]

အမှုမှန်ပေါ်ပေါက်လို့ သွားခဲ့ပေမယ့်လည်း သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ မီဒီယာတွေနဲ့ ပရိသတ်တွေရှေ့ကို ထွက်မလာသေးပါဘူး။ သူ့အနေနဲ့ ကိစ္စတွေ အားလုံး ရှင်းသွားတဲ့ တစ်နေ့ကျရင် ပရိသတ်တွေကော မီဒီယာသမားတွေကော သိချင်တဲ့ သူတွေကိုပါ သူကိုယ်တိုင် ရှင်းလင်းသွားမှာပါလို့ ဆိုပါတယ်။

37425248_1359068650892728_2005684546808315904_n.jpg

Photo : သီဟတင်စိုး FB

 

မုဒိမ်းမှုနဲ့ စွပ်စွဲခံရပြီးနောက် တိမ်းရှောင်နေတဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ လိမ်လည်စွပ်စွဲခံရကြောင်း အမှုမှန်ပေါ်သွားပြီဖြစ် ပေမဲ့ အခုထိ မီဒီယာနဲ့ ပရိသတ်ရှေ့ကို ထွက်ရှိမလာသေးပါဘူး။ သူ့ရဲ့အခက်အခဲတွေကို ဇနီးဖြစ်သူ ဇင်မာဦးကနေတစ်ဆင့် အမှာစကားပါး လိုက်တာဖြစ်ပါတယ်။

"အခုလက်ရှိ ကိုသီဟ အခြေအနေကောင်းပါတယ်။ဒါပေမယ့် ကိုသီဟကိုယ်စား ကျွန်မအနေနဲ့ ပြောချင်တာ ကိစ္စတွေ အားလုံး ပြီးသွားလို့ ရှင်းလင်းတဲ့တစ်နေ့ကျရင် သူ့ရဲ့ ပရိသတ်တွေကော မီဒီယာသမားတွေကော သိချင်တဲ့သူတွေကော သူကိုယ်တိုင် ရှင်းလင်းသွားမှာပါ။ အဲ့အတွက်ကြောင့်မို့ ကျွန်မကို သူမေတ္တာရပ်ခံခိုင်းပါတယ်။ သူရှောင်နေတာ မဟုတ်ပါဘူး။ သူအရမ်းတွေ့ချင်နေပါတယ်။သူမှာ ကိစ္စရပ်တွေ က မပြီးပြတ်သေးတဲ့အတွက်ကြောင့် သူတောင်းပန်ပါတယ်တဲ့" ဆိုပြီး ဇင်မာဦးက Pissaya News ကို ဖြေဆိုထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ဇင်မာဦးရဲ့အင်တာဗျူးဗီဒီယိုဖိုင်ကို Pissaya Media Facebook စာမျက်နှာမှာ ဇူလိုင်လ ၁၉ ရက်နေ့ညက တင်ထားတာကို တွေ့ရပါတယ်။

37365012_831553177038925_5842454428044492800_n.jpg

ဇူလိုင်(၁၈) ရက်နေ့က ညနေပိုင်းက သီဟတင်စိုး အိမ်ရှေ့မှာ စောင့်ဆိုင်းနေကြတဲ့ မီဒီယာသမားများ

 

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄  ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ သီဟတင်စိုးက ယင်းဖြစ်ရပ်ဖြစ်ပွားပြီးကတည်းက တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ သီဟတင်စိုး တိုင်ကြားခံ ရကတည်းက ပရိသတ်တွေက သီဟတင်စိုးအနေနဲ့ ယင်းပြစ်မှုကို ကျူးလွန်တယ်လို့ ယုံကြည်မှု မရှိခဲ့ပါဘူး။

ယင်းအမှုက လုပ်ကြံတိုင်တန်းတာ ဖြစ်တယ်လို့ ဇူလိုင်လ ၁၈ ရက်  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ သီဟတင်စိုးရဲ့ အမှုမှန်ပေါ်ပေါက်သွားချိန်မှာ ပရိသတ်တွေကော မီဒီယာသမားများကပါ သီဟတင်စိုးကို မြင်တွေ့ရဖို့ စောင့်မျှော် နေခဲ့ကြတာဖြစ်ပါတယ်။

10.jpg 

ယခုလိုမျိုး အမှုမှန်ပေါ်ပေါက်သွားတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်တဲ့ လူမင်းက သူ့ရဲ့ ခံစားချက်ကို Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

"အဲ့ဒီအဖြေကိုပဲ သိချင်တာပါ။ ရဲလုပ်ထုံးလုပ်နည်းအရ နှောင့်နှေးကြန့်ကြာနေမှာကို စိုးရိမ်တာ။ ကိုသီဟအနေနဲ့ ဒီလိုမျိုး ရှောင်ပြီးတော့ လုပ်စရာရှိတာလုပ်နေတုန်းမှာ ဒီလိုအမှုမှန် ပေါ်သွားတော့ နှစ်ဖက်လုံးအတွက်တော့ ကောင်းသွားတာပေ့ါ။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်လေ သက်ဆိုင်တဲ့ ကာယံကံရှင် မိသားစုမှာတော့ သိက္ခာပိုင်းဆိုင်ရာက ထိခိုက်နစ်နာမှု အများကြီး ဖြစ်သွားခဲ့ရတယ် "လို့ သူက ဆိုပါတယ်။

37332756-1572895682839693-7630060906591813632-n.jpg 

သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို သားမယားအဖြစ် ပြုကျင့်ကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံထားရတာ ဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။

16939600_1012498598883070_4713980323820809239_n.jpg

Photo : သီဟတင်စိုး FB

 

အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်း နှိမ်နင်း ရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့သလို ပြည်သူတွေဖြစ်ကြတဲ့ သီဟတင်စိုးရဲ့ ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းက အမှုမှန်ပေါ်ပေါက်ဖို့အရေး ကူညီခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ လိမ်လည်တိုင်တန်းခဲ့သူ ဒေါ်ခင်မာမြင့်ကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

[Zawgyi Version]

အမႈမွန္ေပၚေပါက္လို႕ သြားခဲ့ေပမယ့္လည္း သရုပ္ေဆာင္ အကယ္ဒမီ သီဟတင္စိုးဟာ မီဒီယာေတြနဲ႕ ပရိသတ္ေတြေရွ႕ကို ထြက္မလာေသးပါဘူး။ သူ႕အေနနဲ႕ ကိစၥေတြ အားလံုး ရွင္းသြားတဲ့ တစ္ေန႕က်ရင္ ပရိသတ္ေတြေကာ မီဒီယာသမားေတြေကာ သိခ်င္တဲ့ သူေတြကိုပါ သူကိုယ္တုိင္ ရွင္းလင္းသြားမွာပါလို႕ ဆုိပါတယ္။

Photo : သီဟတင္စိုး FB

 

မုဒိမ္းမႈနဲ႔ စြပ္စြဲခံရၿပီးေနာက္ တိမ္းေရွာင္ေနတဲ့ သ႐ုပ္ေဆာင္ အကယ္ဒမီ သီဟတင္စိုးဟာ လိမ္လည္စြပ္စြဲခံရေၾကာင္း အမႈမွန္ေပၚသြားၿပီျဖစ္ ေပမဲ့ အခုထိ မီဒီယာနဲ႔ ပရိသတ္ေရွ႕ကို ထြက္ရွိမလာေသးပါဘူး။ သူ႔ရဲ႕အခက္အခဲေတြကို ဇနီးျဖစ္သူ ဇင္မာဦးကေနတစ္ဆင့္ အမွာစကားပါး လိုက္တာျဖစ္ပါတယ္။

"အခုလက္ရွိ ကိုသီဟ အေျခအေနေကာင္းပါတယ္။ဒါေပမယ့္ ကိုသီဟကိုယ္စား ကၽြန္မအေနနဲ႕ ေျပာခ်င္တာ ကိစၥေတြ အားလံုး ၿပီးသြားလို႕ ရွင္းလင္းတဲ့တစ္ေန႕က်ရင္ သူ႕ရဲ႕ ပရိသတ္ေတြေကာ မီဒီယာသမားေတြေကာ သိခ်င္တဲ့သူေတြေကာ သူကိုယ္တုိင္ ရွင္းလင္းသြားမွာပါ။ အဲ့အတြက္ေၾကာင့္မို႕ ကၽြန္မကို သူေမတၱာရပ္ခံခုိင္းပါတယ္။ သူေရွာင္ေနတာ မဟုတ္ပါဘူး။ သူအရမ္းေတြ႕ခ်င္ေနပါတယ္။သူမွာ ကိစၥရပ္ေတြ က မၿပီးျပတ္ေသးတဲ့အတြက္ေၾကာင့္ သူေတာင္းပန္ပါတယ္တဲ့" ဆိုၿပီး ဇင္မာဦးက Pissaya News ကို ေျဖဆိုထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ အကယ္ဒမီ ဇင္မာဦးရဲ႕အင္တာဗ်ဴးဗီဒီယိုဖုိင္ကို Pissaya Media Facebook စာမ်က္ႏွာမွာ ဇူလိုင္လ ၁၉ ရက္ေန႔ညက တင္ထားတာကို ေတြ႕ရပါတယ္။

ဇူလိုင္(၁၈) ရက္ေန႕က ညေနပိုင္းက သီဟတင္စိုး အိမ္ေရွ႕မွာ ေစာင့္ဆိုင္းေနၾကတဲ့ မီဒီယာသမားမ်ား

 

ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စိုးကို အိမ္အကူျဖစ္သူ ေဒၚခင္မာျမင့္က မုဒိမ္းမႈနဲ႕ အေရးယူေပးဖို႕ အတြက္ ဇူလိုင္လ ၁၄  ရက္ေန႔က အမႈဖြင့္တုိင္ၾကားခဲ့ပါတယ္။ သီဟတင္စိုးက ယင္းျဖစ္ရပ္ျဖစ္ပြားၿပီးကတည္းက တိမ္းေရွာင္ေနခဲ့တာ ျဖစ္ပါတယ္။ သီဟတင္စိုး တုိင္ၾကားခံ ရကတည္းက ပရိသတ္ေတြက သီဟတင္စိုးအေနနဲ႔ ယင္းျပစ္မႈကို က်ဴးလြန္တယ္လို႔ ယံုၾကည္မႈ မရွိခဲ့ပါဘူး။

ယင္းအမႈက လုပ္ၾကံတိုင္တန္းတာ ျဖစ္တယ္လို႕ ဇူလိုင္လ ၁၈ ရက္  ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ေန စံုစမ္းေဖာ္ထုတ္ခဲ့ပါတယ္။ သီဟတင္စိုးရဲ႕ အမႈမွန္ေပၚေပါက္သြားခ်ိန္မွာ ပရိသတ္ေတြေကာ မီဒီယာသမားမ်ားကပါ သီဟတင္စိုးကို ျမင္ေတြ႕ရဖို႔ ေစာင့္ေမွ်ာ္ ေနခဲ့ၾကတာျဖစ္ပါတယ္။

ယခုလိုမ်ိဳး အမႈမွန္ေပၚေပါက္သြားတာနဲ႕ ပတ္သက္ၿပီး မိသားစုဝင္တစ္ဦးျဖစ္တဲ့ လူမင္းက သူ႕ရဲ႕ ခံစားခ်က္ကို Duwun Media ကို ေျဖဆိုခဲ့ပါတယ္။

"အဲ့ဒီအေျဖကိုပဲ သိခ်င္တာပါ။ ရဲလုပ္ထံုးလုပ္နည္းအရ ေနွာင့္ေႏွးၾကန္႕ၾကာေနမွာကို စိုးရိမ္တာ။ ကိုသီဟအေနနဲ႕ ဒီလိုမ်ိဳး ေရွာင္ၿပီးေတာ့ လုပ္စရာရွိတာလုပ္ေနတုန္းမွာ ဒီလိုအမႈမွန္ ေပၚသြားေတာ့ ႏွစ္ဖက္လံုးအတြက္ေတာ့ ေကာင္းသြားတာေပ့ါ။ ဒါေပမယ့္ ဘာပဲ ျဖစ္ျဖစ္ေလ သက္ဆုိင္တဲ့ ကာယံကံရွင္ မိသားစုမွာေတာ့ သိကၡာပိုင္းဆုိင္ရာက ထိခိုက္နစ္နာမႈ အမ်ားႀကီး ျဖစ္သြားခဲ့ရတယ္ "လို႕ သူက ဆုိပါတယ္။

သီဟတင္စိုးဟာ အိမ္အကူျဖစ္သူ ေဒၚခင္မာျမင့္ကို သားမယားအျဖစ္ ျပဳက်င့္ေၾကာင္း ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခံထားရတာ ျဖစ္ပါတယ္။ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ႀကီးပြားေရး ရပ္ကြက္၊ ျပည္ေထာင္စုရိပ္မြန္အိမ္ရာရွိ ရုပ္ရွင္သရုပ္ေဆာင္ သီဟတင္စုိးေနအိမ္မွာ ေဒၚဇင္မာဦး၏ အသက္(၇၅)ႏွစ္အရြယ္ရွိ မိခင္ျဖစ္သူအား ျပဳစုရန္ အိမ္အကူျဖစ္သူ ခင္မာျမင့္(၄၀)ႏွစ္အား အခင္းမျဖစ္မီ (၈)ရက္ခန္႔က ေခၚယူထားရွိခဲ့ျပီး ဇူလုိင္လ ၁၃ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန္႔တြင္ ေဒၚဇင္မာဦးမွ အျပင္သုိ႔သြားေရာက္ေနစဥ္ သီဟတင္စုိးမွ ေနအိမ္သုိ႔ ျပန္လည္ေရာက္ရွိလာၿပီး ခင္မာျမင့္အား သားမယား အျဖစ္ျပဳက်င့္ခဲ့ေၾကာင္း တုိင္တန္းခ်က္အရသုဝဏၰ နယ္ေျမရဲစခန္း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ခဲ့ပါတယ္။

Photo : သီဟတင္စိုး FB

 

အမႈမွန္ေဖာ္ထုတ္ရရွိေရးအတြက္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴးကုိယ္တုိင္ အနီးကပ္ႀကီးၾကပ္္၍ အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴးႏွင့္ မႈခင္း ႏွိမ္နင္း ေရးဌာနစုမွ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္း စံုစမ္းေဆာင္ရြက္ခဲ့သလို ျပည္သူေတြျဖစ္ၾကတဲ့ သီဟတင္စိုးရဲ႕ ပရိသတ္ေတြကလည္း တစ္ဖက္တစ္လမ္းက အမႈမွန္ေပၚေပါက္ဖို႕အေရး ကူညီခဲ့ၾကပါတယ္။

အခုလက္ရွိမွာေတာ့ လိမ္လည္တိုင္တန္းခဲ့သူ ေဒၚခင္မာျမင့္ကို ရဲတပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းထားလိုက္ၿပီ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs