• Local Celebrity
    ဖေ့စ်ဘွတ်အကောင့် ပြန်ရသွားပြီဆိုတဲ့ နန္ဒာလှိုင်
Ei Ei Myat
[Unicode Version]

ပရိသတ်ရဲ့ အားပေးမှုကို အခုထက်ထိ ရရှိထားတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဇူလိုင်(၂၀) ရက်နေ့ မနက်(၁း၀၀)နာရီ လောက်က အဟက်ခံရပြီး မနက်(၉း၀၀)နာရီလောက်မှာ အကောင့်ပြန်ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်အကောင့်ကို ဟက်သွားတဲ့ ဟက်ကာတွေကို နန္ဒာလှိုှုင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဘာမှစိတ်ဝင်စားစရာ မရှိဘူးဆိုတာ သိပြီလားလို့ ပြန်မေး လိုက်ပါတယ်။

19424325_1650130418331615_3693903463311964921_n.jpg

Photo : နန္ဒာလှိုင် FB

 

ဇူလိုင်(၂၀) ရက်နေ့ မနက်အစောပိုင်းက နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရပါတယ်။ မနက်(၁း၀၀)လောက်က အဟက်ခံ လိုက် ရတာဖြစ်ပြီး မနက်(၉း၀၀)နာရီလောက်မှာ ဖေ့စ်ဘွတ်အကောင့်ပြန်ရခဲ့ပါတယ်။ ဖေ့စ်ဘွတ်အကောင့် ပြန်ရသွားချိန် နာရီပိုင်းလောက် မှာ ဟက်ကာတွေကို နန္ဒာလှိုင်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ စကားတစ်ခွန်း ပြောလိုက်ပါတယ်။

27337090_1886443554700299_6920014677301784361_n.jpg

Photo : နန္ဒာလှိုင် FB

 

အဲ့ဒါက "ကျွန်မရဲ့ fb account ကဘာမှစိတ်ဝင်စားစရာမရှိဘူးဆိုတာသိပြီလား" ဆိုပြီး  ဇူလိုင် (၂၀) ရက်နေ့က ပြောလိုက်တာ ဖြစ်ပါတယ်။ သူမရေးထားတဲ့ စာသားအောက်မှာ ခင်ပွန်းဖြစ်သူ ဇေသီဟက စနောက်ပြီး ကောမန့်လေးတစ်ခု ပြန်ပေးထားတာ တွေ့ရပါတယ်။"Private Photo တွေလာရှာတာထင်တယ်။ ယောင်္ကျားရဲ့ ပုံရှာတွေ့သွားလား ဟင်." ဆိုပြီး မေးထားပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ကောမန့်ကိုလည်း နန္ဒာလှိုင်က ယခုလို ပြန်ဖြေထားပါတယ်။"အဲဒါမှဒွတ်ခ အညှစ်ခံရတော့မယ်" ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန် စနောက်ထားကြပါတယ်။

Capture.JPG

Photo : နန္ဒာလှိုင် FB

 

နန္ဒာလှိုင်ရဲ့ ကောမန့်မှာ သူတို့နှစ်ဦး တစ်ဦးနဲ့ တစ်ဦး စနောက်နေသလို ပရိသတ်တွေနဲ့လည်း အပြန်အပြန် အလှန်လှန် စကားတွေ ပြောထားကြပါတယ်။

မိသားစုကို အချိန်ပေးဖြစ်နေပြီး သာယာတဲ့ မိသားစုဘဝလေးရအောင် ကြိုးစားနေတဲ့ နန္ဒာလှိုင်ကို တိုက်ခိုက်တဲ့ သူတွေ လည်း ရှိနေတယ်ဆိုပြီး နန္ဒာလှိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁) ရက်နေ့က ရေးထားတာ တွေ့ရပါတယ်။

18056734_1573669355977722_2259776958859742202_n.jpg

Photo : နန္ဒာလှိုင် FB

တိုက်ခိုက်နေတဲ့သူတွေကို မေးခွန်းပြန်ထုတ်လိုက်တဲ့ နန္ဒာလှိုင် 

သူမရဲ့ ပရိသတ်တွေက တိုက်ခိုက်နေတဲ့ သူတွေကို ဂရုမစိုက်ဖို့ကောမန့်တွေပဲ ပြောထားကြပါသေးတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ နန္ဒာလှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

15135988_1403318543012805_5045581457674310817_n.jpg

Photo : နန္ဒာလှိုင် FB

 

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

[Zawgyi Version]

ပရိသတ္ရဲ႕ အားေပးမႈကို အခုထက္ထိ ရရွိထားတဲ့ သရုပ္ေဆာင္ နႏၵာလိႈင္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ဟာ ဇူလိုင္(၂၀) ရက္ေန႕ မနက္(၁း၀၀)နာရီ ေလာက္က အဟက္ခံရၿပီး မနက္(၉း၀၀)နာရီေလာက္မွာ အေကာင့္ျပန္ရခဲ့ပါတယ္။ ေဖ့စ္ဘြတ္အေကာင့္ကို ဟက္သြားတဲ့ ဟက္ကာေတြကို နႏၵာလိႈႈင္က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဘာမွစိတ္ဝင္စားစရာ မရွိဘူးဆိုတာ သိၿပီလားလို႕ ျပန္ေမး လိုက္ပါတယ္။

Photo : နႏၵာလိႈင္ FB

 

ဇူလိုင္(၂၀) ရက္ေန႕ မနက္အေစာပိုင္းက နႏၵာလိႈင္ရဲ႕ ေဖ့စ္ဘြတ္အေကာင့္ အဟက္ခံလိုက္ရပါတယ္။ မနက္(၁း၀၀)ေလာက္က အဟက္ခံ လိုက္ ရတာျဖစ္ၿပီး မနက္(၉း၀၀)နာရီေလာက္မွာ ေဖ့စ္ဘြတ္အေကာင့္ျပန္ရခဲ့ပါတယ္။ ေဖ့စ္ဘြတ္အေကာင့္ ျပန္ရသြားခ်ိန္ နာရီပိုင္းေလာက္ မွာ ဟက္ကာေတြကို နႏၵာလိႈင္က သူမရဲ႕ ေဖ့စ္ဘြတ္အေကာင့္ကေန စကားတစ္ခြန္း ေျပာလိုက္ပါတယ္။

Photo : နႏၵာလိႈင္ FB

 

အဲ့ဒါက "ကၽြန္မရဲ႕ fb account ကဘာမွစိတ္ဝင္စားစရာမရွိဘူးဆိုတာသိၿပီလား" ဆိုၿပီး  ဇူလိုင္ (၂၀) ရက္ေန႕က ေျပာလိုက္တာ ျဖစ္ပါတယ္။ သူမေရးထားတဲ့ စာသားေအာက္မွာ ခင္ပြန္းျဖစ္သူ ေဇသီဟက စေနာက္ၿပီး ေကာမန္႕ေလးတစ္ခု ျပန္ေပးထားတာ ေတြ႕ရပါတယ္။"Private Photo ေတြလာရွာတာထင္တယ္။ ေယာက်ၤားရဲ႕ ပံုရွာေတြ႕သြားလား ဟင္." ဆိုၿပီး ေမးထားပါတယ္။

ခင္ပြန္းျဖစ္သူရဲ႕ ေကာမန္႕ကိုလည္း နႏၵာလိႈင္က ယခုလို ျပန္ေျဖထားပါတယ္။"အဲဒါမွဒြတ္ခ အညႇစ္ခံရေတာ့မယ္" ဆိုၿပီး တစ္ေယာက္နဲ႕ တစ္ေယာက္ အျပန္ျပန္အလွန္လွန္ စေနာက္ထားၾကပါတယ္။

Photo : နႏၵာလိႈင္ FB

 

နႏၵာလိႈင္ရဲ႕ ေကာမန္႕မွာ သူတို႕ႏွစ္ဦး တစ္ဦးနဲ႕ တစ္ဦး စေနာက္ေနသလို ပရိသတ္ေတြနဲ႕လည္း အျပန္အျပန္ အလွန္္လွန္ စကားေတြ ေျပာထားၾကပါတယ္။

မိသားစုကို အခ်ိန္ေပးျဖစ္ေနၿပီး သာယာတဲ့ မိသားစုဘဝေလးရေအာင္ ႀကိဳးစားေနတဲ့ နႏၵာလိႈင္ကို တိုက္ခိုက္တဲ့ သူေတြ လည္း ရွိေနတယ္ဆိုၿပီး နႏၵာလႈိင္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၁) ရက္ေန႕က ေရးထားတာ ေတြ႕ရပါတယ္။

Photo : နႏၵာလိႈင္ FB

တိုက္ခုိက္ေနတဲ့သူေတြကို ေမးခြန္းျပန္ထုတ္လုိက္တဲ့ နႏၵာလိႈင္ 

သူမရဲ႕ ပရိသတ္ေတြက တိုက္ခိုက္ေနတဲ့ သူေတြကို ဂရုမစိုက္ဖို႕ေကာမန္႕ေတြပဲ ေျပာထားၾကပါေသးတယ္။ အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို နားထားခဲ့တဲ့ နႏၵာလိႈင္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရွိထားသူ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

႐ုပ္ရည္ေရာ ခႏၶာကိုယ္ပါ အလွဆံုး သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးခဲ့တဲ့ နႏၵာလႈိင္ဟာ အိမ္ေထာင္ျပဳၿပီး ေနာက္မွာ ေတာ့ သူမရဲ႕အိမ္ေထာင္ေရးမွာပဲ စိတ္ႏွစ္ကာ သမီးေလး ၃ ေယာက္ကို ထိန္းရင္း အိမ္ရွင္မေကာင္းတစ္ေယာက္အျဖစ္ သူမရဲ႕ ဘဝကို တည္ေဆာက္ ေနသူျဖစ္ပါတယ္။

Photo : နႏၵာလိႈင္ FB

 

အႏုပညာေလာကမွာ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ သူမဟာ ၁၉၉၈ခုႏွစ္က ေရႊနန္႕သာစံအိမ္နဲ႕ အေကာင္းဆံုးအမ်ိဳး သမီးဇာတ္ပို႕ဆုနဲ႕ ၂၀၀၆ခုႏွစ္က ေတာင္တံမန္သစၥာဇာတ္ကားနဲ႕အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု  စတဲ့ အကယ္ဒမီေရႊစင္ဆုႏွစ္ဆုကို ရရွိပိုင္ဆိုင္ခဲ့သူတစ္ေယာက္လညး္ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs