• Local Celebrity
    ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသူလေးရဲ့ နာရေးကို သွားခဲ့တဲ့ ဝေဠုကျော်
Ei Ei Myat
[Unicode Version]

သစ်ကိုင်းကျိုးပြီး ဓာတ်ကြိုးပြတ်ရာက (၇)တန်းကျောင်းသူလေးတစ်ယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။ ကျောင်းသူ လေးဟာ စာထူးချွန် သူတစ်ဦးဖြစ်တာကြောင့် မိသားစု အသိုင်းအဝိုင်းနဲ့ ဒီသတင်းကို ကြားသိရတဲ့ သူတွေ တော်တော်များများ စိတ်မကောင်းဖြစ် လို့နေကြပါတယ်။ သမီးလေးရဲ့ သတင်းကို ကြားကြားချင်းမှာလည်း ဝေဠုကျော်က ကျန်ရစ်သူ မိသားစုတွေ ဆီ သွားရောက် အားပေးခဲ့တာ တွေ့ရပါတယ်။

37609871_2267555809927734_4259018896473849856_n.jpg

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

 

သထုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးပြီး ဓာတ်ကြိုး ပြတ်ကျရာ (၇)တန်းကျောင်းသူလေး တစ် ယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော်ဟာ အဲ့ဒီသတင်းကို ကြားကြားချင်းမှာပဲ သူ့ရဲ့ ဖောင်ဒေးရှင်းနဲ့အတူ ကျန်ရစ်သူ မိသားစုဆီသို့သွားရောက်တွေ့ဆုံကာ နှစ်သိမ့်စကားများ ပြောခဲ့တယ်လို့ သိရပါတယ်။

စာတော်ပြီး နှစ်တိုင်းဆုတွေ ရခဲ့တဲ့ သမီးလေးအတွက် စိတ်မကောင်းဖြစ်သလို စိတ်ထိခိုက်စရာများ ဆက်တိုက်ကြုံနေရတဲ့ မိသားစုရဲ့ စိတ်မ ကောင်းစရာများကိုလည်း ကြားသိခဲ့ရတယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

37652713_2267555193261129_5453760493346881536_n.jpg

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

မသမာသော နည်းလမ်းများနဲ့ တိုက်ခိုက်ခြင်း ခံနေရတဲ့ ဝေဠုကျော် 

သမီးလေးဟာ အဖေနဲ့အမေလမ်းခွဲလိုက်ပြီးနောက်ပိုင်း မြေးအဖိုး နှစ်ယောက်ထဲ နေနေရတဲ့ဘဝ၊ အမေဖြစ်သူက မလေးရှားမှာ အလုပ်သွား လုပ်နေပြီး မြေးအဖိုးနှစ်ယောက်ရဲ့ ဘဝကို အဝေးကနေ ထောက်ပံ့နေခဲ့ရတယ်တဲ့။ ဒီကြားထဲမှာ ဦးလေးဖြစ်သူက ကရင်ပြည်နယ် ရွှေကုက္ကိုမြိုင် ဒေသမှာ ယာလုပ်ရင်းနဲ့ ယာတဲမီးလောင်လို့ မီးငြိမ်းသတ်ရင်း ဆုံးပါးခဲ့ရသလို ဦးလေးအတွက် ရက်လည်လုပ်ဖို့ ချက်ပြုတ် လုပ်ကိုင်နေတဲ့  ညမှာပဲ သမီးလေးက ဆုံးပါးသွားခဲ့ရတာ ဖြစ်တယ်လို့ သမီးလေးရဲ့ အကြောင်းကို ပြောပြထားတာ တွေ့ရပါတယ်။

37613704_2267555536594428_7278705819837792256_n.jpg

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

 

လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကျောင်းသူအတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲ တပ်ဖွဲ့မှူး တွေက ကျန်ရစ်သူ မိသားစုကို ငွေကြေးထောက်ပံ့ကူညီတာတွေ လုပ်ပေးနေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက Duwun Media ကို ဖြေဆို ထားပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

37180558_2257694524247196_1498218677428813824_n.jpg

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

 

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ  တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည် ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။

[Zawgyi Version]

သစ္ကိုင္းက်ိဳးၿပီး ဓာတ္ႀကိဳးျပတ္ရာက (၇)တန္းေက်ာင္းသူေလးတစ္ေယာက္ ဓာတ္လိုက္ၿပီး ေသဆံုးခဲ့ပါတယ္။ ေက်ာင္းသူ ေလးဟာ စာထူးခၽြန္ သူတစ္ဦးျဖစ္တာေၾကာင့္ မိသားစု အသိုင္းအဝိုင္းနဲ႕ ဒီသတင္းကို ၾကားသိရတဲ့ သူေတြ ေတာ္ေတာ္မ်ားမ်ား စိတ္မေကာင္းျဖစ္ လို႕ေနၾကပါတယ္။ သမီးေလးရဲ႕ သတင္းကို ၾကားၾကားခ်င္းမွာလည္း ေဝဠဳေက်ာ္က က်န္ရစ္သူ မိသားစုေတြ ဆီ သြားေရာက္ အားေပးခဲ့တာ ေတြ႕ရပါတယ္။

Photo : ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း FB

 

သထံုၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ သစ္ကိုင္းက်ိဳးၿပီး ဓာတ္ႀကိဳး ျပတ္က်ရာ (၇)တန္းေက်ာင္းသူေလး တစ္ ေယာက္ ဓာတ္လိုက္ၿပီး ေသဆုံုးခဲ့တယ္လို႕ သိရပါတယ္။ ေဝဠဳေက်ာ္ဟာ အဲ့ဒီသတင္းကို ၾကားၾကားခ်င္းမွာပဲ သူ႕ရဲ႕ ေဖာင္ေဒးရွင္းနဲ႕အတူ က်န္ရစ္သူ မိသားစုဆီသုိ႕သြားေရာက္ေတြ႕ဆံုကာ ႏွစ္သိမ့္စကားမ်ား ေျပာခဲ့တယ္လို႕ သိရပါတယ္။

စာေတာ္ၿပီး ႏွစ္တိုင္းဆုေတြ ရခဲ့တဲ့ သမီးေလးအတြက္ စိတ္မေကာင္းျဖစ္သလို စိတ္ထိခိုက္စရာမ်ား ဆက္တိုက္ၾကံဳေနရတဲ့ မိသားစုရဲ႕ စိတ္မ ေကာင္းစရာမ်ားကိုလည္း ၾကားသိခဲ့ရတယ္လို႕ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Photo : ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း FB

မသမာေသာ နည္းလမ္းမ်ားနဲ႕ တိုက္ခိုက္ျခင္း ခံေနရတဲ့ ေဝဠဳေက်ာ္ 

သမီးေလးဟာ အေဖနဲ႕အေမလမ္းခြဲလိုက္ၿပီးေနာက္ပိုင္း ေျမးအဖိုး ႏွစ္ေယာက္ထဲ ေနေနရတဲ့ဘဝ၊ အေမျဖစ္သူက မေလးရွားမွာ အလုပ္သြား လုပ္ေနၿပီး ေျမးအဖိုးႏွစ္ေယာက္ရဲ႕ ဘဝကို အေဝးကေန ေထာက္ပံ့ေနခဲ့ရတယ္တဲ့။ ဒီၾကားထဲမွာ ဦးေလးျဖစ္သူက ကရင္ျပည္နယ္ ေ႐ႊကုကၠိဳၿမိဳင္ ေဒသမွာ ယာလုပ္ရင္းနဲ႕ ယာတဲမီးေလာင္လို႕ မီးၿငိမ္းသတ္ရင္း ဆံုးပါးခဲ့ရသလို ဦးေလးအတြက္ ရက္လည္လုပ္ဖို႕ ခ်က္ျပဳတ္ လုပ္ကိုင္ေနတဲ့  ညမွာပဲ သမီးေလးက ဆံုးပါးသြားခဲ့ရတာ ျဖစ္တယ္လို႕ သမီးေလးရဲ႕ အေၾကာင္းကို ေျပာျပထားတာ ေတြ႕ရပါတယ္။

Photo : ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း FB

 

လက္ရွိမွာေတာ့ ေသဆုံးသြားတဲ့ ေက်ာင္းသူအတြက္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး၊ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး၊ျမိဳ႕နယ္ရဲ တပ္ဖြဲ႕မွဴး ေတြက က်န္ရစ္သူ မိသားစုကို ေငြေၾကးေထာက္ပံ့ကူညီတာေတြ လုပ္ေပးေနတယ္လုိ႔ ခရုိင္ရဲတပ္ဖြဲ႔မွဴးက Duwun Media ကို ေျဖဆို ထားပါတယ္။

ေဝဠဳေက်ာ္ဟာ ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႕ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။

Photo : ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း FB

 

ရခိုင္အေရးကိစၥမွာလည္း ပါဝင္လႈပ္ရွားခဲ့သလို ယခုထက္တိုင္ ေမာင္ေတာဘက္မွာ လိုအပ္တာေတြကို ကူညီလုပ္ကိုင္ ေပးလ်က္ရွိပါ တယ္။ ထို႕အျပင္ ၂၀၁၆ ခုႏွစ္ရဲ႕ တစ္ႏွစ္တာအတြင္းမွာ ၾကံဳေတြ႕ခဲ့ရတဲ့ ျမန္မာႏိုင္ငံရဲ႕ စစ္ေဘး၊မီးေဘး၊ေရေဘး၊ေျမၿပိဳမႈေတြမွာ အလ်င္အျမန္အကူ အညီေပးနုိင္သူ  တစ္ဦးျဖစ္တဲ့ ေဝဠဳေက်ာ္ကေတာ့ 7Day News Journal ရဲ႕ သူရဲေကာင္းဆုကို ရရွိခဲ့ပါတယ္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာ(၁၅) ရက္ေန႕ကလည္း ေဝဠဳေက်ာ္ဟာ ရခိုင္ျပည္နယ္နဲ႕ ရခိုင္အက်ိဳးစီးပြားကို စြမ္းစြမ္းတမံ ေဆာင္ရြက္ႏိုင္ခဲ့တဲ့ အတြက္ ရခိုင္ဂုဏ္ေဆာင္ဆုကို ခ်ီးျမွင့္ျခင္းခံခဲ့ရပါတယ္။ပရဟိတလုပ္ငန္းမ်ားကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ကိုင္ေနတဲ့ ေဝဠဳေက်ာ္နဲ႕ သူတည္ ေထာင္ထားတဲ့ ေဖာင္ေဒးရွင္းကေတာ့ အခက္အခဲေတြ႕ေနသူျပည္သူမ်ားအတြက္ အားေဆးတစ္ခြက္လို႕ဆိုရမွာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs