• Local Celebrity
    ပရိသတ်တွေကို စိတ်မပူကြဖို့ ပြောလိုက်တဲ့ ဝိုင်းလေး
Ei Ei Myat
[Unicode Version]

ဝိုင်းလေး ကားအက်စီးဒင့်ဖြစ်တယ်ဆိုတဲ့သတင်းက အမှန်မဟုတ်ပါဘူးတဲ့။ MTV ထဲက Scene တစ်ခုပါလို့ ဆိုပါတယ်။ ဝိုင်းလေး က ပရိသတ်တွေကို စိတ်မပူဖို့လည်း ပြောထားပါတယ်။

1.JPG

Photo : ဝိုင်းလေး FB

 

ဒီနေ့(ဇူလိုင်၂၄ရက်) မနက်ပိုင်းက အဆိုတော် ဝိုင်းလေးတစ်ယောက် ကားအက်စီးဒင့် ဖြစ်တယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်ပေါ်မှာ တော်တော့်ကို ပြန့်သွားခဲ့ပါတယ်။ အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ပူသွားခဲ့ကြသလို အနုပညာမောင်နှမတွေလည်း စိတ်ပူ နေကြ တာကို တွေ့ရပါတယ်။

သို့ပေမယ့်လည်း ဝိုင်းလေးကားအက်စီးဒင့် ဖြစ်တယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ခဲ့ပါဘူး။ ဝိုင်းလေးရဲ့ သီချင်းသစ် တစ်ပုဒ်ဖြစ်တဲ့ "ဒဏ်ရာမိုး" MTV ထဲက Scene တစ်ခုသာ ဖြစ်တယ်လို့ ဝိုင်းလေးက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြောပြထားပါတယ်။

Capture.JPG

Photo : ဝိုင်းလေး FB

 

"စတာဘာနောက်တာဘာ  ဖုန်းတွေမဆက်ကြဘာနဲ့နော် ဘာမှမဖြစ်ပါဘူး။ 'ဒဏ်ရာမိုး' MTV ထဲက scene တစ်ခုပါ စိတ်မပူ ကြပါ နဲ့တော့ " ဆိုပြီး ဇူလိုင် (၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဝိုင်းလေးရဲ့ "ဒဏ်ရာမိုး" သီချင်းသစ်က ဇူလိုင်(၂၁) ရက်နေ့က Single song  အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ MTV ကိုတော့ မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ သိရပါတယ်။

37594188_10204930866069035_6963151106562064384_n.jpg

Photo : ဝိုင်းလေး FB

တစ်ယောက်တည်း ဖြစ်သွားပြီဆိုုတဲ့ ဝိုင်းလေး 

ဝိုင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေသလို အွန်လိုင်းကနေ တစ်ပုဒ်ချင်း ဖြန့်နေတာကိုလည်းေ တွ့ရပါတယ်။ သူမထွက်ရှိထားတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

36377412_10204866150971198_2565103697809899520_n.jpg

Photo : ဝိုင်းလေး FB

 

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

[Zawgyi Version]

ဝိုင္းေလး ကားအက္စီးဒင့္ျဖစ္တယ္ဆိုတဲ့သတင္းက အမွန္မဟုတ္ပါဘူးတဲ့။ MTV ထဲက Scene တစ္ခုပါလို႕ ဆုိပါတယ္။ ဝိုင္းေလး က ပရိသတ္ေတြကို စိတ္မပူဖို႕လည္း ေျပာထားပါတယ္။

Photo : ဝုိင္းေလး FB

 

ဒီေန႕(ဇူလိုင္၂၄ရက္) မနက္ပိုင္းက အဆိုေတာ္ ဝိုင္းေလးတစ္ေယာက္ ကားအက္စီးဒင့္ ျဖစ္တယ္ဆိုတဲ့ သတင္းဟာ ေဖ့စ္ဘြတ္ေပၚမွာ ေတာ္ေတာ့္ကို ျပန္႕သြားခဲ့ပါတယ္။ အဲ့ဒီသတင္းနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္ပူသြားခဲ့ၾကသလို အႏုပညာေမာင္ႏွမေတြလည္း စိတ္ပူ ေနၾက တာကို ေတြ႕ရပါတယ္။

သို႕ေပမယ့္လည္း ဝိုင္းေလးကားအက္စီးဒင့္ ျဖစ္တယ္ဆိုတဲ့ သတင္းက အမွန္မဟုတ္ခဲ့ပါဘူး။ ဝိုင္းေလးရဲ႕ သီခ်င္းသစ္ တစ္ပုဒ္ျဖစ္တဲ့ "ဒဏ္ရာမိုး" MTV ထဲက Scene တစ္ခုသာ ျဖစ္တယ္လို႕ ဝိုင္းေလးက သူမရဲ႕ ေဖ့စ္ဘြတ္မွာ ျပန္ေျပာျပထားပါတယ္။

Photo : ဝုိင္းေလး FB

 

"စတာဘာေနာက္တာဘာ  ဖုန္းေတြမဆက္ၾကဘာနဲ႔ေနာ္ ဘာမွမျဖစ္ပါဘူး။ 'ဒဏ္ရာမိုး' MTV ထဲက scene တစ္ခုပါ စိတ္မပူ ၾကပါ နဲ႔ေတာ့ " ဆိုၿပီး ဇူလိုင္ (၂၄) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

ဝိုင္းေလးရဲ႕ "ဒဏ္ရာမိုး" သီခ်င္းသစ္က ဇူလိုင္(၂၁) ရက္ေန႕က Single song  အေနနဲ႕ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ MTV ကိုေတာ့ မၾကာခင္ ပရိသတ္ေတြ လက္ထဲ အေရာက္ပို႕ေပးေတာ့မယ္လို႕ သိရပါတယ္။

Photo : ဝုိင္းေလး FB

တစ္ေယာက္တည္း ျဖစ္သြားၿပီဆိုုတဲ့ ဝိုင္းေလး 

ဝိုင္းေလးဟာ လတ္တေလာမွာ ပရိသတ္ေတြအတြက္ သီခ်င္းသစ္ေတြ ဖန္တီးေနသလို အြန္လိုင္းကေန တစ္ပုဒ္ခ်င္း ျဖန္႕ေနတာကိုလည္းေ တြ႕ရပါတယ္။ သူမထြက္ရွိထားတဲ့ သီခ်င္းတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ ခံစားခ်က္နဲ႕ ထပ္တူက်ေစခဲ့ပါတယ္။

ဝိုင္းေလးဟာ Miss Myanmar World ရဲ႕ အလွမယ္တစ္ဦးျဖစ္သလို  ဂီတေလာကမွာ ေအာင္ျမင္မႈ ရရွိဖို႕အတြက္ ႀကိဳးစားေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photo : ဝုိင္းေလး FB

 

သူမရဲ႕ သီခ်င္းေတြဟာ လက္ရွိမွာ ပရိသတ္အားေပးမႈ ရရွိထားသလိုပဲ သူမဟာ နာမည္ႀကီးဖို႕ထက္ သီခ်င္းေတြ ေအာင္ျမင္ခ်င္ တယ္ဆိုတဲ့ ခံယူခ်က္နဲ႕ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ ဝုိင္းေလးကေတာ့ အိမ္မက္ဆုံရာသီခ်င္းဆုိၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရင္းကစၿပီး ပရိသတ္ေတြ ရရွိလာတဲ့ အႏုပညာရွင္ တစ္ေယာက္ လည္း ျဖစ္ပါတယ္။

Selfie အမည္ရွိတဲ့ သူ႔ရဲ႕ တစ္ကုိယ္ေတာ္အေခြကိုလည္း ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး သီခ်င္းအမ်ားစု က လည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တာပဲ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs