• Local Celebrity
    "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားအတွက် သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင်
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကတုံးအစစ်တုံးပြီး သီလရှင်ဝတ်ခဲ့ပါတယ်။ အရင်က ကတုံးအတုနဲ့ရိုက်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ရှိပေမယ့်လည်း ကတုံးအတုက သိသာနေလို့ ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကား တစ်ကား ကို သူမကြောင့် ထိခိုက်မှာစိုးတဲ့အတွက် ကတုံးအစစ်တုံးခဲ့တာပါတဲ့။

37687848_1775952342473510_4692993378588033024_n.jpg

Photo : ပန်းချီစိုးမိုး FB

 

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးနေတဲ့ "ကမ္မဖလ" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးမှာ သီလရှင်ဝတ်ရမယ့် ဇာတ်ဝင်ခန်းအတွက် သရုပ်ဆောင် စိုးပြည့်သဇင်က ကတုံးအစစ်တုံးပြီး သီလရှင် ဝတ်ခဲ့တယ်လို့ သိရပါတယ်။

စိုးပြည့်သဇင် သီလရှင်ဝတ်တဲ့ ဇာတ်ဝင်ခန်း ဓာတ်ပုံလေးတွေကို ဒါရိုက်တာ ပန်းချီစိုးမိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားရင်း ယခုလို ပြောပြထားပါသေးတယ်။

37684267_1775952435806834_1812782305526153216_n.jpg

Photo : ပန်းချီစိုးမိုး FB

ပရိသတ်တွေအီမသွားအောင် သီချင်းဆိုပုံတွေ ပြောင်းထားတဲ့ စိုးပြည့်သဇင် 

"ကမ္မဖလ ရုပ်ရှင်ကားကြီးအတွက် စိုးပြည့်သဇင်က တကယ်သီလရှင်ဝတ်ပြီး ကတုံးအစစ်တုံးတာပါ ( ပထမက ကတုံးအတုနဲ့ ရိုက်ထား ပါတယ်။ ကတုံးအတုက သိသာနေလို့ ဆရာကတုံး အစစ်တုံးချင်လား သမီး သီလရှင်ဝတ်လိုက်မယ်  ကတုံးအစစ်တုံးလိုက်မယ် ) ဆိုပြီး သီလရှင် အစစ်ဝတ်တာပါ" ဆိုပြီး ဇူလိုင် (၂၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

37679986_511140585976087_2946204641429291008_n.jpg

Photo : ပန်းချီစိုးမိုး FB

 

ပထမပိုင်းမှာ စိုးပြည့်သဇင်အနေနဲ့ ကတုံးအတုနဲ့ ရိုက်ထားခဲ့တာ ရှိပေမယ့်လည်း သူမကြောင့် ဇာတ်အိမ်ကောင်းတဲ့ ဇာတ်ကားတစ်ကားကို ထိခိုက်မှာ စိုးတဲ့အတွက် ကတုံးအစစ်တုံးပြီး သီလရှင် ဝတ်မှာ ဖြစ်တယ်လို့ အင်တာဗျူး တော်တော်များများ မှာ ဖြေဆိုပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း သူမရဲ့ ဆံပင်အရှည်ကို ယောကျ်ားကေ ညှပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

37728318_1775963682472376_2402261447301136384_n.jpg

Photo : ပန်းချီစိုးမိုး FB

 

စာရေးဆရာကြီး တင့်တယ်ရဲ့ ကမ္မဖလ ဝတ္ထုကို ဒါရိုက်တာ ပန်းချီစိုးမိုးက ပြန်လည်ရိုက်ကူးတာ  ဖြစ်ပြီး သရုပ်ဆောင်ပြေတီဦး၊သူထူးစံ၊ စိုးရန်အောင်၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်၊ မေပန်းချီတို့က ပါဝင်ထားတယ်လို့ သိရပါတယ်။

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

37624275_229905587644524_5637817391216852992_n.jpg

Photo : စိုးပြည့်သဇင် FB

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ စိုးျပည့္သဇင္ဟာ "ကမၼဖလ" ရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ကတံုးအစစ္တံုးၿပီး သီလရွင္ဝတ္ခဲ့ပါတယ္။ အရင္က ကတံုးအတုနဲ႕ရိုက္ထားခဲ့တဲ့ ဇာတ္ဝင္ခန္းေတြ ရွိေပမယ့္လည္း ကတံုးအတုက သိသာေနလို႕ ဇာတ္အိမ္ေကာင္းတဲ့ ဇာတ္ကား တစ္ကား ကို သူမေၾကာင့္ ထိခိုက္မွာစိုးတဲ့အတြက္ ကတံုးအစစ္တံုးခဲ့တာပါတဲ့။

Photo : ပန္းခ်ီစိုးမိုး FB

 

သရုပ္ေဆာင္ စိုးျပည့္သဇင္ဟာ ဒါရိုက္တာ ပန္းခ်ီစိုးမိုး ရိုက္ကူးေနတဲ့ "ကမၼဖလ" ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားႀကီးမွာ သီလရွင္ဝတ္ရမယ့္ ဇာတ္ဝင္ခန္းအတြက္ သရုပ္ေဆာင္ စိုးျပည့္သဇင္က ကတံုးအစစ္တံုးၿပီး သီလရွင္ ဝတ္ခဲ့တယ္လို႕ သိရပါတယ္။

စိုးျပည့္သဇင္ သီလရွင္ဝတ္တဲ့ ဇာတ္ဝင္ခန္း ဓာတ္ပံုေလးေတြကို ဒါရိုက္တာ ပန္းခ်ီစိုးမိုးရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္ထားရင္း ယခုလုိ ေျပာျပထားပါေသးတယ္။

Photo : ပန္းခ်ီစိုးမိုး FB

ပရိသတ္ေတြအီမသြားေအာင္ သီခ်င္းဆုိပံုေတြ ေျပာင္းထားတဲ့ စိုးျပည့္သဇင္ 

"ကမၼဖလ ရုပ္ရွင္ကားႀကီးအတြက္ စိုးျပည့္သဇင္က တကယ္သီလရွင္၀တ္ၿပီး ကတံုးအစစ္တံုးတာပါ ( ပထမက ကတံုးအတုနဲ႔ ရိုက္ထား ပါတယ္။ ကတံုးအတုက သိသာေနလို႔ ဆရာကတံုး အစစ္တံုးခ်င္လား သမီး သီလရွင္၀တ္လိုက္မယ္  ကတံုးအစစ္တံုးလိုက္မယ္ ) ဆိုၿပီး သီလရွင္ အစစ္၀တ္တာပါ" ဆိုၿပီး ဇူလိုင္ (၂၄) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

Photo : ပန္းခ်ီစိုးမိုး FB

 

ပထမပိုင္းမွာ စိုးျပည့္သဇင္အေနနဲ႕ ကတံုးအတုနဲ႕ ရိုက္ထားခဲ့တာ ရွိေပမယ့္လည္း သူမေၾကာင့္ ဇာတ္အိမ္ေကာင္းတဲ့ ဇာတ္ကားတစ္ကားကို ထိခိုက္မွာ စိုးတဲ့အတြက္ ကတံုးအစစ္တံုးၿပီး သီလရွင္ ဝတ္မွာ ျဖစ္တယ္လို႕ အင္တာဗ်ဴး ေတာ္ေတာ္မ်ားမ်ား မွာ ေျဖဆိုေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္လည္း သူမရဲ႕ ဆံပင္အရွည္ကို ေယာက်္ားေက ညွပ္ခဲ့တာ ျဖစ္တယ္လို႕ သိရပါတယ္။

Photo : ပန္းခ်ီစိုးမိုး FB

 

စာေရးဆရာႀကီး တင့္တယ္ရဲ႕ ကမၼဖလ ဝတၳဳကို ဒါရိုက္တာ ပန္းခ်ီစိုးမိုးက ျပန္လည္ရိုက္ကူးတာ  ျဖစ္ၿပီး သရုပ္ေဆာင္ေျပတီဦး၊သူထူးစံ၊ စိုးရန္ေအာင္၊ မိုးေဟကို၊ ေအးျမတ္သူ၊ စိုးျပည့္သဇင္၊ ေမပန္းခ်ီတို႔က ပါဝင္ထားတယ္လို႕ သိရပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ အႏုပညာရွင္မေလး စိုးျပည့္ဟာ အသက္(၁၈)ႏွစ္အရြယ္နဲ႕ အကယ္ဒမီရရွိခဲ့သူျဖစ္ပါတယ္။သူအကယ္ဒမီ ရရွိခဲ့တဲ့ ဇာတ္ကားကေတာ့ "မိုးညအိမ္မက္ျမဴ" ရုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။

Photo : စိုးျပည့္သဇင္ FB

 

စိုးျပည့္သဇင္ကေတာ့ သရုပ္ေဆာင္ပိုင္းမွာသာမက အဆိုပိုင္းမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။ သီခ်င္းပိုင္း နဲ႕ ပတ္သက္ၿပီး ခ်စ္သူေရြးမယ္ ေတးစီးရီးနဲ႕ အခ်စ္ကို ရွာေဖြေတြ႕ရွိျခင္း ဆိုတဲ့ ေတးစီးရီးမ်ားကို ထြက္ရွိထားသူ တစ္ဦး ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs