• Local Celebrity

    နာရေးကူညီမှုအသင်းမှာ လုပ်အားပေးခဲ့တဲ့ မေသက်ခိုင်

Ei Ei Myat
[Unicode Version]

ပရဟိတအလုပ်တွေ လုပ်နေရရင် ပျော်နေတဲ့ သူမက အားလပ်ချိန်လေးတွေမှာ နာရေးကူညီမှု အသင်းတွင် ပါဝင်ကူညီလျက် ရှိပါတယ်။ သွေးလှူဒါန်းခြင်းကိုလည်း ခဏခဏလုပ်တတ်တဲ့ သူမက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လှူဒါန်းထားသူ ဖြစ်ပါတယ်။

37705666_2575241309168076_6929608301038534656_n.jpg

Photo : မေသက်ခိုင် FB

 

သရုပ်ဆောင် မေသက်ခိုင်ဟာ သူမရဲ့ အားလပ်ချိန်လေးတွေကို ပရဟိတအလုပ်လေးတွေနဲ့ကုန်ဆုံးတတ်သူပါ။ ဒီနေ့(ဇူလိုင်၂၄ရက်)မှာလည်း မေသက်ခိုင်ဟာ သူငယ်ချင်းတွေနဲ့အတူ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ပရဟိတအလုပ်လေးတွေ ပါဝင်ကူ ညီလုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

မိုးထဲလေထဲမှာ သူငယ်ချင်းတွေနဲ့အတူ လုပ်အားပေးဖြစ်ခဲ့တာပါ။ သူမရဲ့ လုပ်အားပေးမှုကိုလည်း ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားပြီး ပြောထားတာ တွေ့ရပါတယ်။

37681273_2575241965834677_9008582603577491456_n.jpg

Photo : မေသက်ခိုင် FB

 

"နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်အားပေးအသင်းသူ ရုပ်ရှင်သရုပ်ဆောင် မေသက်ခိုင် နှင့် သူငယ်ချင်းများမှ အများပြည်သူတို့အတွက် အားလပ်သောအချိန်များတွင် ပေးဆပ်ကူညီလျှက်ရှိရာ ကွယ်လွန်သူ ဦးသောင်းအေး အသက်(၅၄)နှစ်အား မင်္ဂလာဒုံမြို့နယ် နေအိမ်မှ ရေဝေးသုဿာန်သို့ နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်ကာ ပို့ဆောင်ကူညီပေးခဲ့သည်"ဆိုပြီး ဇူလိုင်(၂၄)ရက်နေ့က ကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

37710042_2575242185834655_6459750200389926912_n.jpg

Photo : မေသက်ခိုင် FB

မေသက်ခိုင်ပြောပြတဲ့ ပြိုကွဲသွားခဲ့တဲ့ မိသားစုလေးအကြောင်း 

မေသက်ခိုင်ဟာ ရန်ကုန်ကို ပြန်ရောက်နေတဲ့ အချိန်အတောအတွင်းလေးမှာ ဦးကျော်သူ နာရေးကူညီမှုအသင်းနဲ့အတူ ပရဟိတအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ ဇူလိုင်(၁၂) ရက်နေ့ကလည်း နာရေးကူညီမှုအသင်းနဲ့အတူ လုပ်အားပေးခဲ့သလို ဇွန်လ(၂၅) ရက်တုန်းကလည်း (၄)ကြိမ်မြောက် သွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။

မေသက်ခိုင်ဟာ ဖေဖော်ဝါရီလ တုန်းက လည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

34962411_404884143347622_5849107555724296192_n.jpg

Photo : မေသက်ခိုင် FB

 

ေမေသက်ခိုင်က ၂၀၁၆ခုနှစ် သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရ အလှူအဖြစ် ခန္ဓာကိုယ် တစ်ခုလုံုးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။

31793385_376822309487139_7234545910993125376_n.jpg

Photo : မေသက်ခိုင် FB

 

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

[Zawgyi Version]

ပရဟိတအလုပ္ေတြ လုပ္ေနရရင္ ေပ်ာ္ေနတဲ့ သူမက အားလပ္ခ်ိန္ေလးေတြမွာ နာေရးကူညီမႈ အသင္းတြင္ ပါဝင္ကူညီလ်က္ ရွိပါတယ္။ ေသြးလွဴဒါန္းျခင္းကိုလည္း ခဏခဏလုပ္တတ္တဲ့ သူမက သူမရဲ႕ ခႏၶာကိုယ္တစ္ခုလံုးကိုလည္း လွဴဒါန္းထားသူ ျဖစ္ပါတယ္။

Photo : ေမသက္ခိုင္ FB

 

သရုပ္ေဆာင္ ေမသက္ခိုင္ဟာ သူမရဲ႕ အားလပ္ခ်ိန္ေလးေတြကို ပရဟိတအလုပ္ေလးေတြနဲ႕ကုန္ဆံုးတတ္သူပါ။ ဒီေန႕(ဇူလိုင္၂၄ရက္)မွာလည္း ေမသက္ခိုင္ဟာ သူငယ္ခ်င္းေတြနဲ႕အတူ ဦးေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္း(ရန္ကုန္)နဲ႕အတူ ပရဟိတအလုပ္ေလးေတြ ပါဝင္ကူ ညီလုပ္ကိုင္ေပးေနတာ ေတြ႕ရပါတယ္။

မိုးထဲေလထဲမွာ သူငယ္ခ်င္းေတြနဲ႕အတူ လုပ္အားေပးျဖစ္ခဲ့တာပါ။ သူမရဲ႕ လုပ္အားေပးမႈကိုလည္း ဦးေက်ာ္သူက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေရးသားၿပီး ေျပာထားတာ ေတြ႕ရပါတယ္။

Photo : ေမသက္ခိုင္ FB

 

"နာေရးကူညီမႈအသင္း(ရန္ကုန္) ၏ လုပ္အားေပးအသင္းသူ ရုပ္ရွင္သရုပ္ေဆာင္ ေမသက္ခိုင္ ႏွင့္ သူငယ္ခ်င္းမ်ားမွ အမ်ားျပည္သူတို႔အတြက္ အားလပ္ေသာအခ်ိန္မ်ားတြင္ ေပးဆပ္ကူညီလွ်က္ရွိရာ ကြယ္လြန္သူ ဦးေသာင္းေအး အသက္(၅၄)ႏွစ္အား မဂၤလာဒံုျမိဳ႕နယ္ ေနအိမ္မွ ေရေ၀းသုႆာန္သို႔ နိဗၺာန္ယာဥ္ျဖင့္ သယ္ေဆာင္ကာ ပို႔ေဆာင္ကူညီေပးခဲ့သည္"ဆိုၿပီး ဇူလိုင္(၂၄)ရက္ေန႕က ေက်ာ္သူရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

Photo : ေမသက္ခိုင္ FB

ေမသက္ခုိင္ေျပာျပတဲ့ ၿပိဳကြဲသြားခဲ့တဲ့ မိသားစုေလးအေၾကာင္း 

ေမသက္ခိုင္ဟာ ရန္ကုန္ကို ျပန္ေရာက္ေနတဲ့ အခ်ိန္အေတာအတြင္းေလးမွာ ဦးေက်ာ္သူ နာေရးကူညီမႈအသင္းနဲ႕အတူ ပရဟိတအလုပ္ေတြ လုပ္ကိုင္လ်က္ရွိပါတယ္။ ဇူလိုင္(၁၂) ရက္ေန႕ကလည္း နာေရးကူညီမႈအသင္းနဲ႕အတူ လုပ္အားေပးခဲ့သလုိ ဇြန္လ(၂၅) ရက္တုန္းကလည္း (၄)ႀကိမ္ေျမာက္ ေသြးလွဴဒါန္းျခင္းကို ျပဳလုပ္ခဲ့ပါတယ္။

ေမသက္ခုိင္ဟာ ေဖေဖာ္ဝါရီလ တုန္းက လည္း ႏွလုံးေရာဂါနဲ႔ ခြဲစိတ္မႈခံယူရမယ့္ ကေလးေလးအတြက္ ေသြးလွဴေပးခဲ့ပါေသးတယ္။ ကေလးငယ္ေလးရဲ႕ ခြဲစိတ္မႈဟာေအာင္ျမင္ခဲ့လုိ႔ ဝမ္းသာပီတိျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

Photo : ေမသက္ခိုင္ FB

 

ေေမသက္ခိုင္က ၂၀၁၆ခုႏွစ္ သူမရဲ႕ ေမြးေန႕တုန္းကလည္း ေမြးေန႕အမွတ္တရ အလွဴအျဖစ္ ခႏၶာကိုယ္ တစ္ခုလံုုးကို ခႏၶာေဗဒဌာန ေဆးတကၠသိုလ္(၂)၊ ရန္ကုန္တြင္ လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။ သရုပ္္ေဆာင္ေမသက္ခိုင္ဟာ အႏုပညာေလာကနဲ႔ နည္းနည္း အလွမ္းေဝးေနခဲ့တာျဖစ္ပါတယ္။

ဇာတ္ကားရိုက္ကူးမႈေတြ မေတြ႕ရေတာ့တဲ့ ေမသက္ခိုင္ကို ပရိသတ္ေတြက ဇာတ္ကားျပန္ရိုက္ဖို႕ ေတာင္းဆိုထားတာေတြလည္း Comment ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရပါတယ္။

Photo : ေမသက္ခိုင္ FB

 

ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔ ခ်စ္စဖြယ္အသံေလးကို ပိုင္ဆုိင္ထားတဲ့ ေမသက္ခုိင္ဟာ ပရိသတ္ေတြခ်စ္တဲ့ အားေပးတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္သလုိ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီေမသဥၨာဦးရဲ႕ အႏုပညာမ်ဳိးဆက္သစ္ တူမေတာ္စပ္သူ ေလးျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs