• Local Celebrity
    မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ စီစဉ်ထားတဲ့ ဝိုင်းလေး
Ei Ei Myat
[Unicode Version]

ဝိုင်းလေးက မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူလုပ်ဖို့ စီစဉ်နေပါတယ်။ သူမရဲ့ မွေးနေ့က သြဂုတ်လ(၃) ရက်နေ့ ဖြစ်ပါတယ်။ မွေးနေ့မှာ ပရိသတ်တွေနဲ့ ပရဟိတကျောင်းလေးတခုမှာ သွားလှူဖို့ စီစဉ်နေတာပါ။

37763537_10204947292319681_3227571732856438784_n.jpg 

အဆိုတော် ဝိုင်းလေးက သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ အလှူတစ်ခု ပြုလုပ်ဖို့အတွက် စီစဉ်ထားပါတယ်။ သြဂုတ်လ(၃)ရက်နေ့ တွင် ကျရောက်မယ့် သူမရဲ့ မွေးနေ့အလှူမှာ သူမနဲ့အတူတူ အလှူလုပ်ဖို့အတွက် ပရိသတ်တွေကို ဖေ့စ်ဘွတ်ကနေ ဖိတ်ခေါ်ထားတာ တွေ့ ရပါတယ်။

"မင်္ဂလာပါ သြဂုတ်လ ၃ ရက်နေ့ မှာ ကျရောက်တော့မဲ့ ဝိုင်းလေးရဲ့ မွေးနေ့အတွက် အားလုံးနဲ့ အတူအလှူဒါနတခုပြုလုပ်ချင်ပါတယ်။ ကျောင်းလေးကတော့ မဟာနွယ်ပရဟိတ ကျောင်းဖြစ်ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၅) ရက်နေ့က ရေးသားထားပါတယ်။

37792888_10204947293039699_2582111617978204160_n.jpg

ပရိသတ်တွေကို စိတ်မပူကြဖို့ ပြောလိုက်တဲ့ ဝိုင်းလေး  

ပရိတ်တွေနဲ့အတူ သွားလှူဖို့ စီစဉ်ထားတဲ့ နေရာလေးက ဒဂုံမြို့သစ်၊ အရှေ့ပိုင်းမြို့နယ်မှာ ရှိတဲ့ "မဟာနွယ်ပရဟိတကျောင်းတိုက်"ကို သွားလှူဒါန်းမှာ ဖြစ်ပါတယ်။ အလှူငွေ ပါဝင်လှူဒါန်းလိုတဲ့ သူများအနေနဲ့ သူမကို ဆက်သွယ်ပြီး ပါဝင်လှူဒါန်းနိုင်တယ်လို့လည်း ပြောထားတာတွေ့ရပါတယ်။

ဝိုင်းလေးဟာ လတ်တလောမှာ ပရိသတ်တွေအတွက် သီချင်းသစ်တွေ ဖန်တီးနေသလို အွန်လိုင်းကနေ တစ်ပုဒ်ချင်း ဖြန့်နေတာကိုလည်းေ တွ့ရပါတယ်။ သူမထွက်ရှိထားတဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။

37101518_10204913606917567_3992670498226962432_n.jpg 

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို  ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

37123202_10204913606397554_7197601650284953600_n.jpg 

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

[Zawgyi Version]

ဝိုင္းေလးက ေမြးေန႕မွာ ပရိသတ္ေတြနဲ႕အတူ အလွဴလုပ္ဖို႕ စီစဥ္ေနပါတယ္။ သူမရဲ႕ ေမြးေန႕က ၾသဂုတ္လ(၃) ရက္ေန႕ ျဖစ္ပါတယ္။ ေမြးေန႕မွာ ပရိသတ္ေတြနဲ႕ ပရဟိတေက်ာင္းေလးတခုမွာ သြားလွဴဖို႕ စီစဥ္ေနတာပါ။

အဆိုေတာ္ ဝိုင္းေလးက သူမရဲ႕ ေမြးေန႕မွာ ပရိသတ္ေတြနဲ႕အတူ အလွဴတစ္ခု ျပဳလုပ္ဖို႕အတြက္ စီစဥ္ထားပါတယ္။ ၾသဂုတ္လ(၃)ရက္ေန႕ တြင္ က်ေရာက္မယ့္ သူမရဲ႕ ေမြးေန႕အလွဴမွာ သူမနဲ႕အတူတူ အလွဴလုပ္ဖို႕အတြက္ ပရိသတ္ေတြကို ေဖ့စ္ဘြတ္ကေန ဖိတ္ေခၚထားတာ ေတြ႕ ရပါတယ္။

"မဂၤလာပါ ၾသဂုတ္လ ၃ ရက္ေန႔ မွာ က်ေရာက္ေတာ့မဲ့ ဝိုင္းေလးရဲ႕ ေမြးေန႔အတြက္ အားလံုးနဲ႔ အတူအလႉဒါနတခုျပဳလုပ္ခ်င္ပါတယ္။ ေက်ာင္းေလးကေတာ့ မဟာႏြယ္ပရဟိတ ေက်ာင္းၿဖစ္ပါတယ္" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂၅) ရက္ေန႕က ေရးသားထားပါတယ္။

ပရိသတ္ေတြကို စိတ္မပူၾကဖို႕ ေျပာလိုက္တဲ့ ဝိုင္းေလး  

ပရိတ္ေတြနဲ႕အတူ သြားလွဴဖို႕ စီစဥ္ထားတဲ့ ေနရာေလးက ဒဂံုၿမိဳ႕သစ္၊ အေရွ႕ပိုင္းၿမိဳ႕နယ္မွာ ရွိတဲ့ "မဟာႏြယ္ပရဟိတေက်ာင္းတိုက္"ကို သြားလွဴဒါန္းမွာ ျဖစ္ပါတယ္။ အလွဴေငြ ပါဝင္လွဴဒါန္းလိုတဲ့ သူမ်ားအေနနဲ႕ သူမကို ဆက္သြယ္ၿပီး ပါဝင္လွဴဒါန္းႏိုင္တယ္လို႕လည္း ေျပာထားတာေတြ႕ရပါတယ္။

ဝိုင္းေလးဟာ လတ္တေလာမွာ ပရိသတ္ေတြအတြက္ သီခ်င္းသစ္ေတြ ဖန္တီးေနသလို အြန္လိုင္းကေန တစ္ပုဒ္ခ်င္း ျဖန္႕ေနတာကိုလည္းေ တြ႕ရပါတယ္။ သူမထြက္ရွိထားတဲ့ သီခ်င္းတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ ခံစားခ်က္နဲ႕ ထပ္တူက်ေစခဲ့ပါတယ္။

ဝိုင္းေလးဟာ Miss Myanmar World ရဲ႕ အလွမယ္တစ္ဦးျဖစ္သလို  ဂီတေလာကမွာ ေအာင္ျမင္မႈ ရရွိဖို႕အတြက္ ႀကိဳးစားေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

သူမရဲ႕ သီခ်င္းေတြဟာ လက္ရွိမွာ ပရိသတ္အားေပးမႈ ရရွိထားသလိုပဲ သူမဟာ နာမည္ႀကီးဖို႕ထက္ သီခ်င္းေတြ ေအာင္ျမင္ခ်င္ တယ္ဆိုတဲ့ ခံယူခ်က္နဲ႕ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ ဝုိင္းေလးကေတာ့ အိမ္မက္ဆုံရာသီခ်င္းဆုိၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရင္းကစၿပီး ပရိသတ္ေတြ ရရွိလာတဲ့ အႏုပညာရွင္ တစ္ေယာက္ လည္း ျဖစ္ပါတယ္။

Selfie အမည္ရွိတဲ့ သူ႔ရဲ႕ တစ္ကုိယ္ေတာ္အေခြကိုလည္း ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး သီခ်င္းအမ်ားစု က လည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တာပဲ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs