အနုပညာမောင်နှမ ၃ ဦးဖြစ်တဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦး တို့ ၃ ယောက်က ဇူလိုင်လ ၂၈ ရက်နေ့မှာ တော့ သန်လျှင်မြို့နယ်၊ တာဝလမ်းဆုံမှာရှိတဲ့ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ အလှူသွားလုပ်မယ်လို့ ညီထွဋ်ခေါင်က ပြောပါတယ်။ ဒီအလှူ လေး ကတော့ ဆုမြတ်နိုးဦးရဲ့ မွေးနေ့အကြိုအလှူလေးပါတဲ့။
Photo: Nyi Htut Kaung Fb
ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာမောင်နှမ ၃ ဦးဖြစ်တဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ဟာ ဇူလိုင်လ ၂၈ ရက်နေ့မှာ တော့ သန်လျှင်မြို့နယ်၊ တာဝလမ်းဆုံမှာရှိတဲ့ ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ နေ့လည်စာ ထမင်း၊ ဟင်းနဲ့ မုန့်တွေကို သွားရောက်လှူဒါန်းမယ်လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က Duwun Media ကို ပြောပြလာခဲ့ပါတယ်။
'' အဓိက ကတော့ အဲ့ဒီကျောင်းက အရမ်းကိုဆင်းရဲပြီးတော့ ကလေးတွေက အသားဟင်းနဲ့ ထမင်းမစားရတာတွေ တော်တော်ကြာပြီတဲ့။ သွားလှူတယ်ဆိုတာကလည်း အဲ့ဒီနေရာကို ပရိသတ်တွေသိစေချင်တာပါ။ သိပြီးတော့လည်း လာလှူစေချင်တာပေါ့နော်။ ကျောင်းသား အယောက် ၄၀၀ လောက်ရှိတယ်'' လို့ ဆိုပါတယ်။
Photo: Nyi Htut Kaung Fb
ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ မိဘမဲ့ကလေးပေါင်း အယောက် ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီအလှူလေးလုပ် ဖြစ်ခဲ့တာကလည်း မကြာခင်ကျရောက်တော့မယ့် အနုပညာညီမငယ် ဆုမြတ်နိုးဦးရဲ့ မွေးနေ့ အကြိုအလှူလည်းဖြစ်တဲ့အကြောင်း ဆက်လက် ပြောပြခဲ့ပါတယ်။
'' အကုန်လုံးကတော့ မိဘမဲ့တွေချည်းပဲ စာတွေလည်းသင်ပေးတယ်။ အနေအစားလည်း ဆင်းရဲတော့ အစ်ကိုတို့လည်း နေရာ စုံစမ်းပြီး သွားလှူဖြစ်တယ်။ လှူဖြစ်တာကလည်း ဆုမြတ်နိုးဦးက သူ့မွေးနေ့လည်း နီးပြီဆိုတော့ အစ်ကိုရယ်၊ ကျော်ကျော်ရယ်၊ သူရယ် စုပြီးတော့ သွားလှူဖြစ်လိုက်တာပါ'' လို့ သူကဆိုပါတယ်။
ဇာတ်ကားရုံတင်ခွင့်ရဖို့ နေ့တိုင်းဆုတောင်းနေရတဲ့ ညီထွဋ်ခေါင်
တကယ်လိုအပ်တဲ့ ကလေးငယ်တွေအတွက် ပြုလုပ်မယ့် အလှူအပေါ် ဝမ်းသာပီတိလေးကတော့ ဇူလိုင် ၂၈ ရက်နေ့မှ ကိုယ်တိုင်ကိုယ်ကျ လှူ ဖြစ်မှာသာ ခံစားမိမယ်လို့ ညီထွဋ်ခေါင်က ပြောပါတယ်။ ကလေးအယောက် ၄၀၀ ကို ထမင်း နဲ့ အသားဟင်း တို့ကို နေ့လည်စာအဖြစ် ကျွေးမွေးပြီး အချိုတည်းဖို့အတွက် ရေခဲမုန့် ကျွေးမယ်လို့ ဆိုပါတယ်။
Photo: Nyi Htut Kaung Fb
သရုပ်ဆောင် ညီထွဋ်ခေါင်ရယ်၊ ကျော်ကျော်ရယ်၊ ဆုမြတ်နိုးဦး တို့ဟာ တကယ်ကို ချစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းတဲ့ အနု ပညာမောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း များသောအားဖြင့် ၃ ယောက် အတူတူ ပါဝင်သရုပ်ဆောင်ထားတာတွေလည်း ရှိပါသေးတယ်။
အႏုပညာေမာင္ႏွမ ၃ ဦးျဖစ္တဲ့ ညီထြဋ္ေခါင္၊ ေက်ာ္ေက်ာ္ နဲ႔ ဆုျမတ္ႏုိးဦး တုိ႔ ၃ ေယာက္က ဇူလုိင္လ ၂၈ ရက္ေန႔မွာ ေတာ့ သန္လ်ွင္ၿမိဳ႕နယ္၊ တာဝလမ္းဆုံမွာရွိတဲ့ ဆုေတာင္းျပည့္ လူငယ္ဖြံ႔ၿဖဳိးေရး ပရဟိတေက်ာင္းမွာ အလွဴသြားလုပ္မယ္လုိ႔ ညီထြဋ္ေခါင္က ေျပာပါတယ္။ ဒီအလွဴ ေလး ကေတာ့ ဆုျမတ္ႏုိးဦးရဲ႕ ေမြးေန႔အႀကိဳအလွဴေလးပါတဲ့။
Photo: Nyi Htut Kaung Fb
ပရိသတ္အခုိင္အမာရရွိထားတဲ့ အႏုပညာေမာင္ႏွမ ၃ ဦးျဖစ္တဲ့ ညီထြဋ္ေခါင္၊ ေက်ာ္ေက်ာ္ နဲ႔ ဆုျမတ္ႏုိးဦးတုိ႔ဟာ ဇူလုိင္လ ၂၈ ရက္ေန႔မွာ ေတာ့ သန္လ်ွင္ၿမိဳ႕နယ္၊ တာဝလမ္းဆုံမွာရွိတဲ့ ဆုေတာင္းျပည့္ လူငယ္ဖြံ႔ၿဖဳိးေရး ပရဟိတေက်ာင္းမွာ ေန႔လည္စာ ထမင္း၊ ဟင္းနဲ႔ မုန္႔ေတြကုိ သြားေရာက္လွဴဒါန္းမယ္လို႔ သရုပ္ေဆာင္ ညီထြဋ္ေခါင္က Duwun Media ကုိ ေျပာျပလာခဲ့ပါတယ္။
'' အဓိက ကေတာ့ အဲ့ဒီေက်ာင္းက အရမ္းကုိဆင္းရဲၿပီးေတာ့ ကေလးေတြက အသားဟင္းနဲ႔ ထမင္းမစားရတာေတြ ေတာ္ေတာ္ၾကာၿပီတဲ့။ သြားလွဴတယ္ဆုိတာကလည္း အဲ့ဒီေနရာကုိ ပရိသတ္ေတြသိေစခ်င္တာပါ။ သိၿပီးေတာ့လည္း လာလွဴေစခ်င္တာေပါ့ေနာ္။ ေက်ာင္းသား အေယာက္ ၄၀၀ ေလာက္ရွိတယ္'' လုိ႔ ဆုိပါတယ္။
Photo: Nyi Htut Kaung Fb
ဆုေတာင္းျပည့္ လူငယ္ဖြံ႔ၿဖဳိးေရး ပရဟိတေက်ာင္းမွာ မိဘမဲ့ကေလးေပါင္း အေယာက္ ၄၀၀ ေက်ာ္ရွိတယ္လုိ႔ သိရပါတယ္။ ဒီအလွဴေလးလုပ္ ျဖစ္ခဲ့တာကလည္း မၾကာခင္က်ေရာက္ေတာ့မယ့္ အႏုပညာညီမငယ္ ဆုျမတ္ႏုိးဦးရဲ႕ ေမြးေန႔ အႀကိဳအလွဴလည္းျဖစ္တဲ့အေၾကာင္း ဆက္လက္ ေျပာျပခဲ့ပါတယ္။
'' အကုန္လုံးကေတာ့ မိဘမဲ့ေတြခ်ည္းပဲ စာေတြလည္းသင္ေပးတယ္။ အေနအစားလည္း ဆင္းရဲေတာ့ အစ္ကုိတုိ႔လည္း ေနရာ စုံစမ္းၿပီး သြားလွဴျဖစ္တယ္။ လွဴျဖစ္တာကလည္း ဆုျမတ္ႏုိးဦးက သူ႔ေမြးေန႔လည္း နီးၿပီဆုိေတာ့ အစ္ကုိရယ္၊ ေက်ာ္ေက်ာ္ရယ္၊ သူရယ္ စုၿပီးေတာ့ သြားလွဴျဖစ္လုိက္တာပါ'' လုိ႔ သူကဆုိပါတယ္။
ဇာတ္ကားရုံတင္ခြင့္ရဖုိ႔ ေန႔တုိင္းဆုေတာင္းေနရတဲ့ ညီထြဋ္ေခါင္
တကယ္လုိအပ္တဲ့ ကေလးငယ္ေတြအတြက္ ျပဳလုပ္မယ့္ အလွဴအေပၚ ဝမ္းသာပီတိေလးကေတာ့ ဇူလုိင္ ၂၈ ရက္ေန႔မွ ကုိယ္တုိင္ကုိယ္က် လွဴ ျဖစ္မွာသာ ခံစားမိမယ္လုိ႔ ညီထြဋ္ေခါင္က ေျပာပါတယ္။ ကေလးအေယာက္ ၄၀၀ ကုိ ထမင္း နဲ႔ အသားဟင္း တုိ႔ကုိ ေန႔လည္စာအျဖစ္ ေကၽြးေမြးၿပီး အခ်ဳိတည္းဖုိ႔အတြက္ ေရခဲမုန္႔ ေကၽြးမယ္လို႔ ဆုိပါတယ္။
Photo: Nyi Htut Kaung Fb
သရုပ္ေဆာင္ ညီထြဋ္ေခါင္ရယ္၊ ေက်ာ္ေက်ာ္ရယ္၊ ဆုျမတ္ႏုိးဦး တုိ႔ဟာ တကယ္ကုိ ခ်စ္စရာလည္းေကာင္း ေပ်ာ္စရာလည္းေကာင္းတဲ့ အႏု ပညာေမာင္ႏွမ ၃ ေယာက္ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကား၊ ဗီဒီယုိ ဇာတ္ကားန႔ဲ ရုပ္သံဇာတ္လမ္းတြဲေတြမွာလည္း မ်ားေသာအားျဖင့္ ၃ ေယာက္ အတူတူ ပါဝင္သရုပ္ေဆာင္ထားတာေတြလည္း ရွိပါေသးတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.