• Local Celebrity
    ရည်မှန်းချက်လေးနဲ့ ပိုက်ဆံစုနေတဲ့ ဘေဘီမောင်
Sabal Thwin
[Unicode Version]

ရည်မှန်းချက်လေးနဲ့ ပိုက်ဆံတွေစုနေတဲ့ ဘေဘီမောင်တစ်ယောက် မထင်မှတ်ထားတဲ့ အရေအတွက်လေးတွေကို မြင်လိုက်ရချိန် မှာ ဝမ်းသာခဲ့ရပါတယ်။ သူ့အနေနဲ့ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ၁၀ လပိုင်းက စပြီးရုပ်ရှင်ပြန်ရိုက်တော့မယ်လို့ ပြောပါတယ်။

37779913_695410904132694_2373049880072421376_n.jpg

Photo: Baby Maung Fb

 

သရုပ်ဆောင်ဘေဘီမောင်တစ်ယောက် အနုပညာကြေးကနေ ရရှိလာတဲ့ ပိုက်ဆံလေးတွေကို နည်းနည်းစီစုရင်း ပြည့်လာလို့ အခုတော့ စုဘူး လေး ခွဲလိုက်ရပြီတဲ့။ မထင်မှတ်ထားတဲ့ ငွေတွေ ဖြစ်လာလို့လည်း သူမ အရမ်းကိုပျော်နေတဲ့ အကြောင်းကို Duwun ပရိသတ်တွေ အတွက်  တင်ပေးလိုက်တယ်နော်။

'' ဘဝသမားဆိုတော့ပိုက်ဆံစုရတာပေါ့။  ချွေးနည်းစာလေးနဲ့စုထားတဲ့ပိုက်ဆံလေးတွေ စုဗူးလေးခွဲရတာ နှမြောပေမဲ့ ပိုက်ပိုက်တွေ အဲ့လောက်ရမယ်မှန်းမသိဘူး ပျော်တယ် ထပ်စုအုံးမယ်။ ဘာကြောင့်စုတာလဲဆိုတဲ့ရည်မှန်းချက်လေးတော့ရှိတယ် နောက်မှ ပြောပြ တော့မယ်နော်'' ဆိုပြီးတော့ ဇူလိုင်လ ၂၅ ရက်နေ့ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

37794282_695410877466030_2427276741287346176_n.jpg

Photo: Baby Maung Fb

 

ဘေဘီမောင်ဟာ ဇွန်လ တစ်လလုံးမှာတော့ ကမ္ဘာ့ဖလားဘောလုံးပွဲသတင်းတွေကို ရုပ်သံလိုင်းကနေ အချိန်ပြည့်တင်ဆက်ပေးနေတာဖြစ် တဲ့အတွက် ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ၁၀ လပိုင်းက စပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်ရိုက်မယ် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ၁၀ လပိုင်း ကျရင်တော့ ကိုခန့်တို့နဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ရှိတယ်၊ ဆရာခင်စောမျိုးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့ ရှိသေးတယ်။ ဘေဘီက အခု MRTV-4 က ရုပ်သံဇာတ်လမ်းတွဲ လမ်းရိုက်ဖို့ရှိတယ်။''လို့ နောက်ထပ်ပြုလုပ်မယ့် အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြခဲ့ပါတယ်။

ညီမငယ် အောင်မြင်မှုရလာတဲ့အတွက် ဝမ်းသာနေတဲ့ ဘေဘီမောင် 

37846633_695410894132695_2887773514037723136_n.jpg

Photo: Baby Maung Fb

 

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။  Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝင်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

[Zawgyi Version]

ရည္မွန္းခ်က္ေလးနဲ႔ ပုိက္ဆံေတြစုေနတဲ့ ေဘဘီေမာင္တစ္ေယာက္ မထင္မွတ္ထားတဲ့ အေရအတြက္ေလးေတြကုိ ျမင္လုိက္ရခ်ိန္ မွာ ဝမ္းသာခဲ့ရပါတယ္။ သူ႔အေနနဲ႔ ဇာတ္ကားရုိက္ကူးေရးေတြ နားထားေပမယ့္ ၁၀ လပုိင္းက စၿပီးရုပ္ရွင္ျပန္ရုိက္ေတာ့မယ္လုိ႔ ေျပာပါတယ္။

Photo: Baby Maung Fb

 

သရုပ္ေဆာင္ေဘဘီေမာင္တစ္ေယာက္ အႏုပညာေၾကးကေန ရရွိလာတဲ့ ပုိက္ဆံေလးေတြကုိ နည္းနည္းစီစုရင္း ျပည့္လာလုိ႔ အခုေတာ့ စုဘူး ေလး ခြဲလိုက္ရၿပီတဲ့။ မထင္မွတ္ထားတဲ့ ေငြေတြ ျဖစ္လာလုိ႔လည္း သူမ အရမ္းကုိေပ်ာ္ေနတဲ့ အေၾကာင္းကုိ Duwun ပရိသတ္ေတြ အတြက္  တင္ေပးလိုက္တယ္ေနာ္။

'' ဘဝသမားဆိုေတာ့ပိုက္ဆံစုရတာေပါ့။  ေခၽြးနည္းစာေလးနဲ႔စုထားတဲ့ပိုက္ဆံေလးေတြ စုဗူးေလးခြဲရတာ ႏွေျမာေပမဲ့ ပိုက္ပိုက္ေတြ အဲ့ေလာက္ရမယ္မွန္းမသိဘူး ေပ်ာ္တယ္ ထပ္စုအုံးမယ္။ ဘာေၾကာင့္စုတာလဲဆိုတဲ့ရည္မွန္းခ်က္ေလးေတာ့ရွိတယ္ ေနာက္မွ ေျပာျပ ေတာ့မယ္ေနာ္'' ဆုိၿပီးေတာ့ ဇူလုိင္လ ၂၅ ရက္ေန႔ည ၁၁ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Photo: Baby Maung Fb

 

ေဘဘီေမာင္ဟာ ဇြန္လ တစ္လလုံးမွာေတာ့ ကမၻာ့ဖလားေဘာလုံးပြဲသတင္းေတြကုိ ရုပ္သံလုိင္းကေန အခ်ိန္ျပည့္တင္ဆက္ေပးေနတာျဖစ္ တဲ့အတြက္ ဇာတ္ကားရုိက္ကူးေရးေတြ နားခဲ့တယ္လုိ႔ သိရပါတယ္။ အဲ့ဒါေၾကာင့္ ၁၀ လပုိင္းက စၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြ ျပန္ရုိက္မယ္ ဆုိၿပီးေတာ့ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ၁၀ လပုိင္း က်ရင္ေတာ့ ကုိခန္႔တုိ႔နဲ႔ ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ဖုိ႔ရွိတယ္၊ ဆရာခင္ေစာမ်ဳိးနဲ႔လည္း ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ဖုိ႔ ရွိေသးတယ္။ ေဘဘီက အခု MRTV-4 က ရုပ္သံဇာတ္လမ္းတြဲ လမ္းရုိက္ဖုိ႔ရွိတယ္။''လုိ႔ ေနာက္ထပ္ျပဳလုပ္မယ့္ အႏုပညာလႈပ္ရွားမႈေတြအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ညီမငယ္ ေအာင္ျမင္မႈရလာတဲ့အတြက္ ဝမ္းသာေနတဲ့ ေဘဘီေမာင္ 

Photo: Baby Maung Fb

 

ေဘဘီေမာင္ဟာ ပရိသတ္အခုိင္အမာရရွိေနတဲ့ အႏုပညာရွင္တစ္ဦးပါ။ ဗီဒီယုိဇာတ္ကား ေတြ၊ ရုပ္သံဇာတ္လမ္းတြဲေတြ နဲ႔ ရုပ္ရွင္ဇာတ္ကား ႀကီး ေတြမွာလည္း ပါဝင္သရုပ္ေဆာင္ေနသူ တစ္ဦးျဖစ္ပါတယ္။  Baby & Barani Beauty & Fashion House ဆုိတဲ့ ကုိယ္ပုိင္ဖက္ရွင္ ဆုိင္ေလး ကုိလည္း ဖြင့္လွစ္ထားပါတယ္။

အရင္တုန္းက ဆက္စီက်က် ဝတ္စားမႈမ်ဳိးနဲ႔ လူသိမ်ားခဲ့တဲ့ ေဘဘီေမာင္ဟာ အခုခ်ိန္မွာ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနၿပီျဖစ္တဲ့အတြက္ အရင္လို ခပ္ေဟာ့ေဟာ့ေတြ မဝင္ေတာ့ဘူးလို႔ ေျပာခဲ့ဖူးပါတယ္။ သ႐ုပ္ေဆာင္ဆုိတာ ပရိသတ္ေတြရဲ႕ စံျပတစ္ေယာက္ျဖစ္တဲ့ အတြက္ ဝတ္တာစားတာ ဆင္ဆင္ျခင္ျခင္ ဝတ္ေတာ့မယ္လို႔လည္း အင္တာဗ်ဴးေတြမွာ ေျဖၾကားခဲ့ဖူးပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs