• Local Celebrity
    အထီးကျန်ခြင်းကို အနိုင်ရခဲ့တာကြာပြီဆိုတဲ့ အေသင်ချိုဆွေ
Ei Ei Myat
[Unicode Version]

အရင်ကနဲ့ မတူတော့တဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှု ခံနေရတဲ့ အေသင်ချိုဆွေက အထီးကျန်ခြင်းကို အနိုင်ရခဲ့တာ ကြာပါပြီတဲ့။ ပျော်ချင်ယောင် ဆောင်နေတယ်ဘဲ ထားဦး နေတတ်သွားပြီလေ ဒါဟာ အနိုင်ရခြင်း တစ်မျိုးပဲလို့ သူမက ဆိုပါတယ်။

36382034_2577791209112847_7361818788544643072_n.jpg

Photo : အေသင်ချိုဆွေ FB

 

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်တဲ့ အဆိုေတော် အေသင်ချိုဆွေက သူ့ရဲ့ ခံစားချက်တချို့ကို ဖွင့်ဟလာပါတယ်။ အဆို တော်အေသင်ချိုဆွေဟာ အရင်ကနဲ့ မတူတဲ့ ခန္ဓာကိုယ်အလှကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသူတစ်ဦးဖြစ်ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီ ဖြစ်တဲ့ အေသင်ချိုဆွေဟာ သူမရဲ့ ခံစားချက်တွေနဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှု အကြောင်း တွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမြဲတမ်း တင်ဖြစ်နေသူတစ်ဦးပါ။ ဇူလိုင်လ(၂၅) ရက်နေ့က အေသင်ချိုဆွေဟာ သူမရဲ့ ခံစားချက်စာသားတချို့ကို ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

36223157_2574057116152923_2895039580795305984_n.jpg

Photo : အေသင်ချိုဆွေ FB

 

အထီးကျန်ခြင်းကို အနိုင်ရခဲ့တာကြာပြီဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ခံစားချက်တချို့ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

"အထီးကျန်ခြင်းကိုအနိုင်ရခဲ့တာကြာပြီ။ ပျော်ချင်ယောင်ဆောင်နေတယ်ဘဲထားဦး။ နေတတ်သွားပြီလေ ဒါအနိုင်ရခြင်းတမျိုးဘဲ။ ဘယ်သူ့ ဘဝမှ မရိုးရှင်းဘူး၊မဖြောင့်ဖြူးဘူး၊ မဖြူစင်လွန်းဘူး ....... နေတတ်ဖို့ဘဲလိုတယ်..။ နေတတ်ရမယ်... နေနိုင်ရမယ် ။ အကောင်းဆုံး အတ္တကြီး နိုင်ရမယ်။ တကိုယ်ကောင်းဆန်နိုင်ရမယ် ဒါမှ လူပီသမယ်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၅) ရက်နေ့ ရေးသားထားတာ တွေ့ရပါတယ်။

ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ သူမရဲ့ စာသားလေးက ပရိသတ်တွေနဲ့ ထပ်တူကျခဲ့တာကိုလည်း တွေ့ရပါတယ်။

37272286_2597843293774305_3281002165400764416_n.jpg

Photo : အေသင်ချိုဆွေ FB

ချေတယ်လို့ ပြောကြတဲ့အပေါ် ပြန်ဖြေရှင်းလိုက်တဲ့ အေသင်ချိုဆွေ 

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ဟာ ဇူလိုင်(၁၀) ရက်နေ့က Comeback Song အနေနဲ့ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေလက်ထဲ အရောက်ပေးခဲ့ပါတယ်။ အခုလက်ရှိအချိန်ထိ single တစ်ယောက်ဖြစ်နေ တဲ့ အေသင်ဟာ Single is the Best ပါပဲတဲ့။

"Single ပါပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ Single is the Best Ever အဲ့တော့ ထပ်ပြီးတော့လည်း Relationship တွေဘာတွေ ထပ်ထားဖို့ လည်း အစီအစဉ်မရှိပါဘူး။အေသင်လွတ်လွတ်လပ်လပ် ဒီတိုင်းလေး နေရတာ ပိုသဘောကျတယ်။စိတ်ပူရမယ့်သူလည်းမရှိဘူး။ သဝန်တိုရ မယ့် သူလည်းမရှိဘူး။အရမ်းအေးချမ်းတယ်" လို့ သူမက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားတာပါ။

37426866_10156572755643988_2520673274745061376_n.jpg

Photo : အေသင်ချိုဆွေ FB

 

အချစ်ရေးကို စိတ်မဝင်စားသေးတဲ့ သူမက အပျိုကြီးပဲ ဖြစ်တော့မလားမသိဘူးလို့လည်း ဆိုပါတယ်။

"အပျိုကြီး ဖြစ်လည်း ဖြစ်သွားနိုင်တယ်။ ဒီလိုနေရတာ ပိုပျော်ဖို့ ကောင်းလို့ ချစ်ရတဲ့သူလည်း ပင်ပန်းတယ်။ Idol တွေရဲ့ Relationship တွေကို ကြည့်ရတာလည်း ဓာတ်ပုံလေးတွေ တက်လာရင်သာ ပျော်ဖို့ကောင်းတာ။တကယ်တမ်း သူတို့လည်း သူတို့ပြဿနာတွေ အများကြီးရှိကြ တယ်။ မပြောတတ်ဘူးခေတ်ကြီးကိုက တစ်မျိုးကြီး ဖြစ်လာသလိုပဲ"လို့ သူမက ဆက်လက် ပြောပြခဲ့ပါတယ်။

34483610-1807329306021675-8152306162163777536-n.jpg 

သူမက လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီး ဆက်လုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်တဲ့။ သီချင်းအသစ်တွေ လုပ်နေသလိုမကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိပါတယ်။

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာလား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ် အားပေးမှုရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

[Zawgyi Version]

အရင္ကနဲ႕ မတူေတာ့တဲ့ ခႏၶာကိုယ္အလွေၾကာင့္ ပရိသတ္ေတြရဲ႕ အာရံုစိုက္မႈ ခံေနရတဲ့ ေအသင္ခ်ိဳေဆြက အထီးက်န္ျခင္းကို အႏုိင္ရခဲ့တာ ၾကာပါၿပီတဲ့။ ေပ်ာ္ခ်င္ေယာင္ ေဆာင္ေနတယ္ဘဲ ထားဦး ေနတတ္သြားၿပီေလ ဒါဟာ အႏုိင္ရျခင္း တစ္မ်ိဳးပဲလို႕ သူမက ဆုိပါတယ္။

Photo : ေအသင္ခ်ိဳေဆြ FB

 

အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္လာၿပီျဖစ္တဲ့ အဆိုေေတာ္ ေအသင္ခ်ိဳေဆြက သူ႕ရဲ႕ ခံစားခ်က္တခ်ိဳ႕ကို ဖြင့္ဟလာပါတယ္။ အဆို ေတာ္ေအသင္ခ်ိဳေဆြဟာ အရင္ကနဲ႕ မတူတဲ့ ခႏၶာကိုယ္အလွေၾကာင့္ ပရိသတ္ေတြရဲ႕ အာရံုစိုက္မႈကို ခံေနရသူတစ္ဦးျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္လာၿပီ ျဖစ္တဲ့ ေအသင္ခ်ိဳေဆြဟာ သူမရဲ႕ ခံစားခ်က္ေတြနဲ႕ သူမရဲ႕ အႏုပညာလႈပ္ရွားမႈ အေၾကာင္း ေတြကို သူမရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ အၿမဲတမ္း တင္ျဖစ္ေနသူတစ္ဦးပါ။ ဇူလိုင္လ(၂၅) ရက္ေန႕က ေအသင္ခ်ိဳေဆြဟာ သူမရဲ႕ ခံစားခ်က္စာသားတခ်ိဳ႕ကို ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

Photo : ေအသင္ခ်ိဳေဆြ FB

 

အထီးက်န္ျခင္းကို အႏုိင္ရခဲ့တာၾကာၿပီဆိုတဲ့ စာသားေလးနဲ႕ သူမရဲ႕ ခံစားခ်က္တခ်ိဳ႕ကို ဖြင့္ဟခဲ့တာ ျဖစ္ပါတယ္။

"အထီးက်န္ျခင္းကိုအႏိုင္ရခ့ဲတာၾကာၿပီ။ ေပ်ာ္ခ်င္ေယာင္ေဆာင္ေနတယ္ဘဲထားဦး။ ေနတတ္သြားၿပီေလ ဒါအႏိုင္ရျခင္းတမ်ိဳးဘဲ။ ဘယ္သူ႔ ဘဝမွ မ႐ိုးရွင္းဘူး၊မေျဖာင့္ျဖဴးဘူး၊ မျဖဴစင္လြန္းဘူး ....... ေနတတ္ဖို႔ဘဲလိုတယ္..။ ေနတတ္ရမယ္... ေနႏိုင္ရမယ္ ။ အေကာင္းဆံုး အတၱႀကီး ႏိုင္ရမယ္။ တကိုယ္ေကာင္းဆန္ႏိုင္ရမယ္ ဒါမွ လူပီသမယ္" ဆိုၿပီးေတာ့ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂၅) ရက္ေန႕ ေရးသားထားတာ ေတြ႕ရပါတယ္။

ခံစားခ်က္အျပည့္နဲ႕ ေရးသားထားတဲ့ သူမရဲ႕ စာသားေလးက ပရိသတ္ေတြနဲ႕ ထပ္တူက်ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

Photo : ေအသင္ခ်ိဳေဆြ FB

ေခ်တယ္လို႕ ေျပာၾကတဲ့အေပၚ ျပန္ေျဖရွင္းလိုက္တဲ့ ေအသင္ခ်ိဳေဆြ 

အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာတဲ့ ေအသင္ဟာ ဇူလိုင္(၁၀) ရက္ေန႕က Comeback Song အေနနဲ႕ "အသည္းကြဲသီခ်ငး္ ေတြမဆိုေတာ့ဘူး" ဆိုတဲ့ သီခ်င္းသစ္ေလးကို ပရိသတ္ေတြလက္ထဲ အေရာက္ေပးခဲ့ပါတယ္။ အခုလက္ရွိအခ်ိန္ထိ single တစ္ေယာက္ျဖစ္ေန တဲ့ ေအသင္ဟာ Single is the Best ပါပဲတဲ့။

"Single ပါပဲ။ အရမ္းေပ်ာ္ဖို႕ေကာင္းတယ္။ Single is the Best Ever အဲ့ေတာ့ ထပ္ၿပီးေတာ့လည္း Relationship ေတြဘာေတြ ထပ္ထားဖုိ႕ လည္း အစီအစဥ္မရွိပါဘူး။ေအသင္လြတ္လြတ္လပ္လပ္ ဒီတိုင္းေလး ေနရတာ ပိုသေဘာက်တယ္။စိတ္ပူရမယ့္သူလည္းမရွိဘူး။ သဝန္တိုရ မယ့္ သူလည္းမရွိဘူး။အရမ္းေအးခ်မ္းတယ္" လို႕ သူမက Duwun Media ရဲ႕ သီးသန္႕အင္တာဗ်ဴးမွာ ေျဖဆိုေပးထားတာပါ။

Photo : ေအသင္ခ်ိဳေဆြ FB

 

အခ်စ္ေရးကို စိတ္မဝင္စားေသးတဲ့ သူမက အပ်ိဳႀကီးပဲ ျဖစ္ေတာ့မလားမသိဘူးလို႕လည္း ဆုိပါတယ္။

"အပ်ိဳႀကီး ျဖစ္လည္း ျဖစ္သြားႏိုင္တယ္။ ဒီလိုေနရတာ ပိုေပ်ာ္ဖို႕ ေကာင္းလို႕ ခ်စ္ရတဲ့သူလည္း ပင္ပန္းတယ္။ Idol ေတြရဲ႕ Relationship ေတြကို ၾကည့္ရတာလည္း ဓာတ္ပံုေလးေတြ တက္လာရင္သာ ေပ်ာ္ဖို႕ေကာင္းတာ။တကယ္တမ္း သူတုိ႕လည္း သူတို႕ျပႆနာေတြ အမ်ားႀကီးရွိၾက တယ္။ မေျပာတတ္ဘူးေခတ္ႀကီးကိုက တစ္မ်ိဳးႀကီး ျဖစ္လာသလိုပဲ"လို႕ သူမက ဆက္လက္ ေျပာျပခဲ့ပါတယ္။

သူမက လက္ရွိမွာ ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြ ပိုၿပီး ဆက္လုပ္သြားဖို႕ ျပင္ဆင္လ်က္ရွိတယ္တဲ့။ သီခ်င္းအသစ္ေတြ လုပ္ေနသလိုမၾကာခင္မွာလည္း အြန္လိုင္းကေန သီခ်င္းေတြ ျဖန္႕သြားဖို႕လည္း ရွိပါတယ္။

ေအသင္ခ်ိဳေဆြဟာ ေပါက္တဲ့အိုးဆိုတဲ့ စီးရီးေခြနဲ႕ စတင္ကာ ပရိသတ္ေတြကို ရင္းႏွီးေစခဲ့တာ ျဖစ္ၿပီး အနီးဆံုးလူ နမ္းမွာလား၊ Play Boy  စတဲ့ ေတးစီးရီးေတြသာမက အတြဲေခြမ်ားစြာပါ  ပါဝင္သီဆိုခဲ့ၿပီး သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္ အားေပးမႈရရွိတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs