• Local Celebrity
    လပြည့်နေ့မှာ စတုဒီသာ ကျွေးမယ့် ခင်လှိုင်
Ei Ei Myat
[Unicode Version]

ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်ရဲ့ အိမ်မှာ စတုဒီသာကျွေးမှာတဲ့နော်။ ပရိသတ်တွေကိုလည်း လာခဲ့ဖို့အတွက် သူ့က ဖိတ်ခေါ်ထားပါသေးတယ်။

37831498_2083971741673782_71388356528832512_n.jpg 

ပရိသတ်တွေရဲ့ အချစ်တော် ခင်လှိုင်ဟာ သူ့ရဲ့ အိမ်မှာ စတုဒီသာ ကျွေးဖို့ ရှိတာကြောင့် ပရိသတ်တွေ လာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ် ထားပါတယ်။ ဇူလိုင်(၂၇) ရက်နေ့ ဝါဆိုလပြည့်နေ့မှာ သုဝဏ္ဏမှာရှိတဲ့ ခင်လှိုင်ရဲ့ နေအိမ်တွင် ဝါဆိုသင်္ကန်းကပ်လှူရင်းနဲ့ (၇) ရက်သား သမီးများဖြစ်ကြတဲ့ ပရိသတ်တွေကို စတုဒီသာ ကျွေးမွေးသွားမှာ  ဖြစ်တယ်လို့ သူက ဆိုပါတယ်။

37669746_2078068842264072_7204979721199681536_n.jpg 

သူရဲ့ ဖေ့စ်ဘွတ်ကနေ အလှူကို လာဖို့အတွက် ယခုလို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

"ကျွန်တော်လေးစားချစ်ခင်ရပါသော ၇ ရက် သားသမီးချစ်မိတ်ဆွေပရိတ်သတ်အပေါင်းတို့ခင်ဗျာ၂၇.၇.၂၀၁၈ ဝါဆိုလပြည့်နေ့ ကျွန်တော် အိမ် မှာဘုရားနေကဇာတင် ဝါဆိုသင်္ကန်းကပ်အလှူတော်နှင့် (၇) ရက်သားသမီး ပရိတ်သတ်အပေါင်းတို့အား စတုဒီသာ ထမင်း၊ ဘဲဥဟင်း၊ သီးစုံပဲဟင်း၊ ငါးခြောက်အစပ်ကြော်တို့ကိုကျွေးပါမည်။ လာရောက်သုံးဆောင်ကြပါခင်ဗျာ ကျွန်တော်နှင့် ရင်းနှီးခင်မင်ကြသော မိတ်ဆွေများ ကိုလဲ ဖိတ်စာနဲ့ မဖိတ်နိုင်တဲ့အတွက် fb ကနေဖိတ်လိုက်ပါတယ်နော် အလုပ်မအားလို့သီးသန့်မဖိတ်နိုင်တာကိုခွင့်လွှတ်ကြပါခင်ဗျာ" ဆိုပြီး ဇူလိုင်(၂၆)ရက်နေ့ ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

37632214_2078068748930748_3944521093045288960_n.jpg

မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင်စေတီတော်ကြီးအတွက် ခင်လှိုင်ရဲ့ အလှူ 

စတုဒီသာ ကျွေးမွေးခြင်းကို နံနက်(၉း၀၀)နာရီကနေ စတင်မှာ ဖြစ်တယ်လို့ ခင်လှိုင်က ပြောထားပါသေးတယ်။ခင်လှိုင်ရဲ့ အိမ်လိပ်စာက (၁၃/၆)မင်းဒင်(၁)လမ်း၊ ပေါ်ဆန်းမွေး၊ သုဝဏ္ဏပန်းခြံအနီးဖြစ်ပါတယ်။ သူ့တင်ထားတဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေက လာခဲ့မယ် ဆိုပြီး တော့ ကောမန့်တွေရေးထားတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ခင်လှိုင်ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက် ဆိုသလို လုပ်ကိုင်လျက်ရှိပါတယ်။

37656550_2075577899179833_1511651518359535616_n.jpg 

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

[Zawgyi Version]

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ခင္လိႈင္ရဲ႕ အိမ္မွာ စတုဒီသာေကၽြးမွာတဲ့ေနာ္။ ပရိသတ္ေတြကိုလည္း လာခဲ့ဖို႕အတြက္ သူ႕က ဖိတ္ေခၚထားပါေသးတယ္။

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ခင္လိႈင္ဟာ သူ႕ရဲ႕ အိမ္မွာ စတုဒီသာ ေကၽြးဖို႕ ရွိတာေၾကာင့္ ပရိသတ္ေတြ လာေရာက္သံုးေဆာင္ဖို႕ ဖိတ္ေခၚ ထားပါတယ္။ ဇူလုိင္(၂၇) ရက္ေန႕ ဝါဆိုလျပည့္ေန႕မွာ သုဝဏၰမွာရိွတဲ့ ခင္လိႈင္ရဲ႕ ေနအိမ္တြင္ ဝါဆိုသကၤန္းကပ္လွဴရင္းနဲ႕ (၇) ရက္သား သမီးမ်ားျဖစ္ၾကတဲ့ ပရိသတ္ေတြကို စတုဒီသာ ေကၽြးေမြးသြားမွာ  ျဖစ္တယ္လို႕ သူက ဆုိပါတယ္။

သူရဲ႕ ေဖ့စ္ဘြတ္ကေန အလွဴကို လာဖို႕အတြက္ ယခုလို ဖိတ္ေခၚထားတာ ျဖစ္ပါတယ္။

"ကၽြန္ေတာ္ေလးစားခ်စ္ခင္ရပါေသာ ၇ ရက္ သားသမီးခ်စ္မိတ္ေဆြပရိတ္သတ္အေပါင္းတို႔ခင္ဗ်ာ၂၇.၇.၂၀၁၈ ဝါဆိုလျပည့္ေန႔ ကၽြန္ေတာ္ အိမ္ မွာဘုရားေနကဇာတင္ ဝါဆိုသကၤန္းကပ္အလွဴေတာ္ႏွင့္ (၇) ရက္သားသမီး ပရိတ္သတ္အေပါင္းတို႔အား စတုဒီသာ ထမင္း၊ ဘဲဥဟင္း၊ သီးစံုပဲဟင္း၊ ငါးေျခာက္အစပ္ေၾကာ္တို႔ကိုေကၽြးပါမည္။ လာေရာက္သံုးေဆာင္ၾကပါခင္ဗ်ာ ကၽြန္ေတာ္ႏွင့္ ရင္းႏွီးခင္မင္ၾကေသာ မိတ္ေဆြမ်ား ကိုလဲ ဖိတ္စာနဲ႕ မဖိတ္ႏိုင္တဲ့အတြက္ fb ကေနဖိတ္လိုက္ပါတယ္ေနာ္ အလုပ္မအားလို႔သီးသန္႔မဖိတ္ႏိုင္တာကိုခြင့္လႊတ္ၾကပါခင္ဗ်ာ" ဆိုၿပီး ဇူလိုင္(၂၆)ရက္ေန႕ ခင္လိႈင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။

မိဘေက်းဇူးဆပ္ အနႏၲေမတၱာရွင္ေစတီေတာ္ႀကီးအတြက္ ခင္လႈိင္ရဲ႕ အလွဴ 

စတုဒီသာ ေကၽြးေမြးျခင္းကို နံနက္(၉း၀၀)နာရီကေန စတင္မွာ ျဖစ္တယ္လို႕ ခင္လိႈင္က ေျပာထားပါေသးတယ္။ခင္လိႈင္ရဲ႕ အိမ္လိပ္စာက (၁၃/၆)မင္းဒင္(၁)လမ္း၊ ေပၚဆန္းေမြး၊ သုဝဏၰပန္းၿခံအနီးျဖစ္ပါတယ္။ သူ႕တင္ထားတဲ့ ပို႕စ္ေအာက္မွာေတာ့ ပရိသတ္ေတြက လာခဲ့မယ္ ဆိုၿပီး ေတာ့ ေကာမန္႕ေတြေရးထားတာကိုလည္း ေတြ႕ရပါတယ္။ သရုပ္ေဆာင္ ခင္လိႈင္ကေတာ့ ဇာတ္ကားရိုက္ကူးမႈေတြ ဆက္တုိက္ ဆိုသလို လုပ္ကိုင္လ်က္ရွိပါတယ္။

ခင္လိႈင္ဟာ အႏုပညာေလာကမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ၿပီး က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏိုင္မႈ ေတြေၾကာင့္ အႏုပညာေလာကမွာ ယခုခ်ိန္ထိ ရပ္တည္ေနႏိုင္ေနသူလည္း ျဖစ္ပါတယ္။

အလွဴအတန္းနဲ႕ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႕ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလွဴေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလွဴေငြမ်ားေကာက္ခံကာ သြားေရာက္လွဴ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs