• Local Celebrity
    ထိုင်းမှာရှိတဲ့ ပရဟိတအသင်းသားတွေနဲ့ တွေ့ဆုံခဲ့တဲ့ ခိုင်နှင်းဝေ
Ei Ei Myat
[Unicode Version]

သရုပ်ဆောင် ခိုင်နှင်းဝေဟာ မြန်မာနိုင်ငံမှာ ခိုင်နှင်းဝေပရဟိတအသင်းကို တည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို အား သွန်ခွန်စိုက် လုပ်ကိုင်နေသူပါ။ အခုဆိုရင် ခိုင်နှင်းဝေကို ချစ်တဲ့ ပရိသတ်ကြောင့် ခိုင်နှင်းဝေပရဟိအသင်းက ထိုင်းနိုင်ငံမှာ ပါ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်နေပါပြီ။

37908867_2171725093043426_9142552670878302208_n.jpg

Photo : ခိုင်နှင်းဝေ FB

 

သရုပ်ဆောင် ခိုင်နှင်းဝေဟာ လက်ရှိမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေပါတယ်။ ထိုင်းမှာရက်ရှည်နေထိုင်နေပြီး သူမရဲ့ အသင်းသားတွေနဲ့ တွေ့ဆုံကာ ပရဟိတအလုပ်တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ထိုင်းငံရောက် မြန်မာလုပ်သားတွေ ဖွဲ့စည်းထားတဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းဟာ ထိုင်းနိုင်ငံ ခိုလမြို့မှာ ရှိတယ်လို့ သိရပါတယ်။

37943298_2171742456375023_1553126999629758464_n.jpg

Photo : ခိုင်နှင်းဝေ FB

 

"အဝေးကနေ ကျွန်မကိုချစ်တဲ့ မေတ္တာတရားတွေနဲ့ကြိုးစားပမ်းစား ပရဟိတတွေလုပ်နေရတဲ့ ကျမရဲ့ အသင်းကြီးကိုနွေးထွေးစွာ ရင်းနှီးမှုဖြင့် တွေ့ဆုံရင်း လက်ရှိကူညီနေတဲ့ အမျိုးသမီးလေး အမျိုးသားက ချစ်ဟန်ဆောင်ပြီး ပစ်ပြေးသွားတဲ့ မြန်မာအမျိုးသမီးလေး စိတ်ဓါတ်တွေ အရမ်းကျ အလုပ်လဲပြုတ်သွားတဲ့အတွက် ကျွန်မတို့အသင်းက နောက်အလုပ်တခုရအောင်ကြိုးစားပေးနေတဲ့ မိန်းကလေးလဲရှိတဲ့အတွက် ကျွန်မကိုယ်တိုင်သွားရောက်အားပေးဆုံးမစကားတွေပြောခဲ့ပါတယ်" လို့ သူမက ဇူလိုင် (၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာတွေ့ရပါတယ်။

37893694_2171742419708360_4424911166468259840_n.jpg

Photo : ခိုင်နှင်းဝေ FB

LGBT ကို Support လုပ်တဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တဲ့ ခိုင်နှင်းဝေ 

သူမရဲ့ ခိုင်နှင်းဝေ ပရဟိတအသင်းက ပြုလုပ်တဲ့ ပရဟိတအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကိုလည်း ထိုင်းမှာရှိတဲ့ မြန်မာပြည် သူပြည်သား များက တက်ရောက်အားပေးခဲ့တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအနေနဲ့ ဒုက္ခရောက်နေသော မြန်မာပြည်သားတွေကို တစ်ဖက်တစ်လမ်းကနေပါဝင် ကူညီ လှူဒါန်း လိုပါက ထိုင်းနိုင်ငံခိုလမြို့ခိုင်နှင်းဝေပရဟိတအသင်းကိုယ်စားလှယ် ခေါင်းဆောင်များဆီ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းနဲ့ဆက်သွယ်လိုပါက  0949053787 (ကိုသိန်းတိုးအောင်)၊ ဦးအေဝမ်း---0634937126 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။

37920063_2171725999710002_8716928782008582144_n.jpg

Photo : ခိုင်နှင်းဝေ FB

 

သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားခဲ့ဖူးပါတယ်။

37950436_2171725856376683_3700421746378145792_n.jpg

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ ျမန္မာႏိုင္ငံမွာ ခိုင္နွင္းေဝပရဟိတအသင္းကို တည္ေထာင္ထားၿပီး ပရဟိတအလုပ္ေတြကို အား သြန္ခြန္စိုက္ လုပ္ကိုင္ေနသူပါ။ အခုဆိုရင္ ခိုင္ႏွင္းေဝကို ခ်စ္တဲ့ ပရိသတ္ေၾကာင့္ ခုိင္ႏွင္းေ၀ပရဟိအသင္းက ထုိင္းႏိုင္ငံမွာ ပါ ကူညီမႈေတြ လုပ္ေဆာင္ေပးႏုိင္ေနပါၿပီ။

Photo : ခိုင္ႏွင္းေဝ FB

 

သရုပ္ေဆာင္ ခိုင္ႏွင္းေဝဟာ လက္ရွိမွာ ထိုင္းႏိုင္ငံသို႕ ေရာက္ရွိေနပါတယ္။ ထိုင္းမွာရက္ရွည္ေနထိုင္ေနၿပီး သူမရဲ႕ အသင္းသားေတြနဲ႕ ေတြ႕ဆံုကာ ပရဟိတအလုပ္ေတြ ေဆာင္ရြက္ေနတယ္လို႕ သိရပါတယ္။ထုိင္းငံေရာက္ ျမန္မာလုပ္သားေတြ ဖြဲ႕စည္းထားတဲ့ ခိုင္ႏွင္းေဝ ပရဟိတအသင္းဟာ ထိုင္းႏိုင္ငံ ခိုလၿမိဳ႕မွာ ရွိတယ္လို႕ သိရပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

 

"အေဝးကေန ကၽြန္မကိုခ်စ္တဲ့ ေမတၱာတရားေတြနဲ႔ႀကိဳးစားပမ္းစား ပရဟိတေတြလုပ္ေနရတဲ့ က်မရဲ႕ အသင္းႀကီးကိုေႏြးေထြးစြာ ရင္းႏွီးမႈျဖင့္ ေတြ႕ဆံုရင္း လက္ရွိကူညီေနတဲ့ အမ်ိဳးသမီးေလး အမ်ိဳးသားက ခ်စ္ဟန္ေဆာင္ၿပီး ပစ္ေျပးသြားတဲ့ ျမန္မာအမ်ိဳးသမီးေလး စိတ္ဓါတ္ေတြ အရမ္းက် အလုပ္လဲျပဳတ္သြားတဲ့အတြက္ ကၽြန္မတို႔အသင္းက ေနာက္အလုပ္တခုရေအာင္ႀကိဳးစားေပးေနတဲ့ မိန္းကေလးလဲရွိတဲ့အတြက္ ကၽြန္မကိုယ္တိုင္သြားေရာက္အားေပးဆံုးမစကားေတြေျပာခဲ့ပါတယ္" လို႕ သူမက ဇူလိုင္ (၂၈) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထား တာေတြ႕ရပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

LGBT ကို Support လုပ္တဲ့ ဆိုင္ေလးတစ္ဆိုင္ဖြင့္လိုက္တဲ့ ခိုင္ႏွင္းေဝ 

သူမရဲ႕ ခိုင္ႏွင္းေဝ ပရဟိတအသင္းက ျပဳလုပ္တဲ့ ပရဟိတအေၾကာင္း သိေကာင္းစရာ ေဆြးေႏြးပြဲကိုလည္း ထိုင္းမွာရွိတဲ့ ျမန္မာျပည္ သူျပည္သား မ်ားက တက္ေရာက္အားေပးခဲ့တာကို ေတြ႕ရပါတယ္။ ထိုင္းႏိုင္ငံေရာက္ျမန္မာျပည္သားမ်ားအေနနဲ႔ ဒုကၡေရာက္ေနေသာ ျမန္မာျပည္သားေတြကို တစ္ဖက္တစ္လမ္းကေနပါဝင္ ကူညီ လႉဒါန္း လိုပါက ထိုင္းႏိုင္ငံခိုလၿမိဳ႕ခိုင္ႏွင္းေဝပရဟိတအသင္းကိုယ္စားလွယ္ ေခါင္းေဆာင္မ်ားဆီ လွဴဒါန္းႏိုင္မွာ ျဖစ္ပါတယ္။

ဖုန္းနဲ႔ဆက္သြယ္လိုပါက  0949053787 (ကိုသိန္းတိုးေအာင္)၊ ဦးေအဝမ္း---0634937126 တို႔သို႔ ဆက္သြယ္လႉဒါန္းႏိုင္တယ္လုိ႔လည္း သိရပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

 

သူမဦးစီးတဲ့ ပရဟိတအသင္းႀကီးဟာ ထိုင္းနိုင္ငံမွာပါ ရွိလာႏိုင္တဲ့အတြက္ သူမအေနနဲ႕ အရမ္းကို ဂုဏ္ယူမိတယ္လို႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

"ဘယ္ေနရာေရာက္ေရာက္ ကၽြန္မကို အႏုပညာရွင္အျဖစ္ ခ်စ္ခင္မႈေရာ ပရဟိတသမားအျဖစ္ လက္ခံေပးၿပီး ကၽြန္မအားေပး စကား ေတြအတြက္ သူတို႕ စိတ္ဓာတ္ခြန္အားရတယ္ဆိုတဲ့အတြက္ ကၽြန္မဝမ္းသာမိပါတယ္။ ထိုင္းႏိုင္ငံမွာ ကၽြန္မအသင္း ရွိလာတဲ့ အတြက္လည္း ဂုဏ္ယူမိပါတယ္" လို႔ ခုိင္ႏွင္းေဝရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂) ရက္ေန႕က ေရးသားခဲ့ဖူးပါတယ္။

Photo : ခိုင္ႏွင္းေဝ FB

 

ခုိင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြနဲ႔ ပတ္သက္လာရင္ စြမ္းစြမ္းတမံေဆာင္ရြက္ေနသူတစ္ဦးပါ။ United Act ရဲ႕ ကေလး သူငယ္ လူကုန္ကူးမႈ တားဆီးေရးဆိုင္ရာ အထူးသံတမန္ ခန္႕အပ္ျခင္း ခံရတဲ့ ခုိင္ႏွင္းေဝက အမ်ဳိးသမီးေတြနဲ႔ ကေလးေတြအတြက္ အားတက္သေရာ ပါဝင္ကူညီေဆာင္ရြက္ေပးေနသူ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs