• Local Celebrity
    ရေကြီးတဲ့ နေရာတွေမှာ လိုအပ်တာတွေ သွားလှူခဲ့တဲ့ ဟန်တီနဲ့ ထွန်းကိုကို
Ei Ei Myat
[Unicode Version]

အလှမယ် ဟန်တီနဲ့ ထွန်းကိုကိုတို့ဟာ ရေကြီးနေတဲ့ ပဲခူးဘက်မှာ လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲတယ်လို့ သိရပါတယ်။ အလှမယ်လေး ဟန်တီက လတ်တလော ပရိဟတလုပ်ငန်းတွေ တော်တော်လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

37994072_2056959961001702_1922757996861980672_n.jpg 

အလှမယ် ဟန်တီနဲ့ ပရဟိတမင်းသားလေး ထွန်းကိုကိုတို့က ဒီနေ့(ဇူလိုင်၂၈ရက်)မှာ ရေကြီးနေတဲ့ ပဲခူးမြို့မှာ လိုအပ်တာတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပဲခူးဘက်မှာ ရေကြီးနေတဲ့ နေရာတွေကို သရုပ်ဆောင် ထွန်းကိုကိုရဲ့ ပရဟိတအသင်းအဖွဲ့နဲ့အတူ အလှမယ် ဟန်တီပါ လိုက်ပါပြီး လိုအပ်တာတွေ လုပ်အားပေးခဲ့တာပါ။

"ပဲခူးရေတွေကြီးနေတဲ့နေရာမှာဒီလိုလုပ်အားတွေသွားပေးကြပါတယ်။" ဆိုပြီး ဟန်တီရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၂၈ရက်)က ရေးသားထားတာတွေ့ရပါတယ်။

37956589_2056959711001727_4111785257198419968_n.jpg

အလှူအတန်းတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဟန်တီ 

အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ ဟန်တီနဲ့ ထွန်းကိုကိုတို့ရဲ့ အလှူပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးပီတိတွေ ဖြစ်နေကြပါတယ်။ထွန်းကိုကိုဟာ လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းများကိုလည်း အားတတ်သရော ပါဝင်လုပ်ကိုင်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ Asia model award ကို ဒုတိယအကြိမ် ရရှိဖူးခဲ့သူဖြစ်ပြီး  2013 Asia Model Festival FACE of ASIA တုန်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပထမဆုကို ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

37883967_2056959781001720_5056156391295680512_n.jpg 

အလှမယ် ဟန်တီကတော့ မကြာခင်ကမှ Miss Myanmar World 2018 ရဲ့ Crown ကို ပူပူနွေးနွေးလေး ရရှိထားသူ ဖြစ်ပါတယ်။ သူမဟာ ယခင်ကတည်းက ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်တတ်သူ တစ်ဦးဖြစ်သလို ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း ပရဟိတအလုပ်တွေကို အားသွန်ခွန် စိုက် လုပ်ကိုင်လာသူ တစ်ဦးဖြစ်ပါတယ်။

သူမရရှိထားတဲ့ ဆုကြေးငွေတွေကိုလည်း ဘဏ်အကောင့်သီးသန့်ဖွင့်ထားပြီး နောက်ပိုင်းမှာ ပြုလုပ်မယ့် ပရဟိတလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

37880247_2056959877668377_465887695441231872_n.jpg

မကြာခင် Miss World ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရတော့မယ့် မြန်မာကိုယ်စားပြု ဟန်တီဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ သွားရောက် ယှဉ်ပြိုင် တဲ့အခါမှာလည်း သူမကို ဆက်ပြီးအားပေးကြပါဦးလို့ဆိုပါတယ်။ မြန်မာကို ကမ္ဘာက သိအောင် အကုန်လုံးအတူတူ လုပ်ဆောင် ချင် ပါတယ်တဲ့။

ဟန်သီတစ်ယောက်တည်းနဲ့လည်း မပြည့်စုံတဲ့အတွက် ပရိသတ်တွေရဲ့ အင်တာတွေ အများကြီးလိုအပ်တာ ကြောင့်ပရိသတ်တွေ ဆက်လက်ပြီး အားပေးကြပါဦးလို့ သူမက ပြောပြထားပါသေးတယ်။

37945969_2056959624335069_623815945017622528_n.jpg 

အလှမယ် ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

[Zawgyi Version]

အလွမယ္ ဟန္တီနဲ႕ ထြန္းကိုကိုတို႕ဟာ ေရႀကီးေနတဲ့ ပဲခူးဘက္မွာ လိုအပ္တာေတြ သြားေရာက္လွဴဒါန္းခဲတယ္လို႕ သိရပါတယ္။ အလွမယ္ေလး ဟန္တီက လတ္တေလာ ပရိဟတလုပ္ငန္းေတြ ေတာ္ေတာ္လုပ္ေဆာင္လာတာကိုလည္း ေတြ႕ရပါတယ္။

 

အလွမယ္ ဟန္တီနဲ႕ ပရဟိတမင္းသားေလး ထြန္းကိုကိုတို႕က ဒီေန႕(ဇူလိုင္၂၈ရက္)မွာ ေရႀကီးေနတဲ့ ပဲခူးၿမိဳ႕မွာ လိုအပ္တာေတြ သြားေရာက္ လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။ ပဲခူးဘက္မွာ ေရႀကီးေနတဲ့ ေနရာေတြကို သရုပ္ေဆာင္ ထြန္းကိုကိုရဲ႕ ပရဟိတအသင္းအဖြဲ႕နဲ႕အတူ အလွမယ္ ဟန္တီပါ လိုက္ပါၿပီး လိုအပ္တာေတြ လုပ္အားေပးခဲ့တာပါ။

"ပဲခူးေရေတြႀကီးေနတဲ့ေနရာမွာဒီလိုလုပ္အားေတြသြားေပးၾကပါတယ္။" ဆိုၿပီး ဟန္တီရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇူလိုင္(၂၈ရက္)က ေရးသားထားတာေတြ႕ရပါတယ္။

အလွဴအတန္းေတြနဲ႕ ေမြးေန႕ကို ျဖတ္သန္းခဲ့တဲ့ ဟန္တီ 

အႏုပညာေမာင္ႏွမေတြ ျဖစ္ၾကတဲ့ ဟန္တီနဲ႕ ထြန္းကိုကုိတို႕ရဲ႕ အလွဴပံုရိပ္ေလးေတြကိုၾကည့္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးပီတိေတြ ျဖစ္ေနၾကပါတယ္။ထြန္းကိုကိုဟာ လက္ရွိမွာ အႏုပညာအလုပ္ေတြလည္း လုပ္ကိုင္ေနသလို ပရဟိတလုပ္ငန္းမ်ားကိုလည္း အားတတ္သေရာ ပါဝင္လုပ္ကိုင္ေပးေနသူ တစ္ဦးျဖစ္ပါတယ္။

ေမာ္ဒယ္သရုပ္ေဆာင္ ထြန္းကိုကိုဟာ Asia model award ကို ဒုတိယအႀကိမ္ ရရွိဖူးခဲ့သူျဖစ္ၿပီး  2013 Asia Model Festival FACE of ASIA တုန္းကလည္း ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႕ ပထမဆုကို ရရွိခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

 

အလွမယ္ ဟန္တီကေတာ့ မၾကာခင္ကမွ Miss Myanmar World 2018 ရဲ႕ Crown ကို ပူပူေႏြးေႏြးေလး ရရွိထားသူ ျဖစ္ပါတယ္။ သူမဟာ ယခင္ကတည္းက ပရဟိတလုပ္ငန္းေတြ လုပ္ကိုင္တတ္သူ တစ္ဦးျဖစ္သလို ၿပိဳင္ပြဲၿပီးေနာက္ပိုင္းမွာလည္း ပရဟိတအလုပ္ေတြကို အားသြန္ခြန္ စိုက္ လုပ္ကိုင္လာသူ တစ္ဦးျဖစ္ပါတယ္။

သူမရရွိထားတဲ့ ဆုေၾကးေငြေတြကိုလည္း ဘဏ္အေကာင့္သီးသန္႕ဖြင့္ထားၿပီး ေနာက္ပိုင္းမွာ ျပဳလုပ္မယ့္ ပရဟိတလုပ္ငန္းေတြမွာ အသံုးျပဳသြားမယ္လို႕ သိရပါတယ္။

မၾကာခင္ Miss World ၿပိဳင္ပြဲႀကီးကို သြားေရာက္ယွဥ္ၿပိဳင္ရေတာ့မယ့္ ျမန္မာကိုယ္စားျပဳ ဟန္တီဟာ ႏိုင္ငံတကာ စင္ျမင့္ထက္မွာ သြားေရာက္ ယွဥ္ၿပိဳင္ တဲ့အခါမွာလည္း သူမကို ဆက္ၿပီးအားေပးၾကပါဦးလို႕ဆုိပါတယ္။ ျမန္မာကို ကမၻာက သိေအာင္ အကုန္လံုးအတူတူ လုပ္ေဆာင္ ခ်င္ ပါတယ္တဲ့။

ဟန္သီတစ္ေယာက္တည္းနဲ႕လည္း မျပည့္စံုတဲ့အတြက္ ပရိသတ္ေတြရဲ႕ အင္တာေတြ အမ်ားႀကီးလုိအပ္တာ ေၾကာင့့္ပရိသတ္ေတြ ဆက္လက္ၿပီး အားေပးၾကပါဦးလို႕ သူမက ေျပာျပထားပါေသးတယ္။

 

အလွမယ္ ဟန္တီဟာ Miss Supranational 2014 ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးခဲ့သူ တစ္ဦးျဖစ္ၿပီး Top 10 Finalist အထိ တက္လွမ္းနိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Miss Supranational Asia & Oceania ေရြးခ်ယ္ခံရသူ တစ္ဦးျဖစ္သလို  Miss Supranational Internet ဆုကိုလည္း ရရွိထားသူ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs