• Local Celebrity
    ငွေဇင်လှိုင်း နဲ့ တူတဲ့အချက်လေးတွေကို ပြောပြလာတဲ့ မိုင်မိုင်ဆိုင်း
Ei Ei Myat
[Unicode Version]
Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မိုင်မိုင်ဆိုင်းက သူမနဲ့ ငွေဇင်လှိုင်းမှာ တူတဲ့အချက်လေးတွေ ရှိတယ်လို့ ဆိုပါ တယ်။Myanmar Idol ကြောင့်သာ ငွေဇင်လှိုင်းဟာ သူမရဲ့ ဂျူနီယာတစ်ယောက်ဖြစ်ပေမယ့် အပြင်လောကမှာတော့ ငွေဇင်လှိုင်းကို တခြားအဆိုတော်ကြီးတွေလိုပဲ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသားပါလို့ မိုင်မိုင်ဆိုင်းက ဆိုပါတယ်။
38016076_1779366455485280_1776564860658647040_n.jpg
Photo : မိုင်မိုင်ဆိုင်း FB
Myanmar Idol Season 2 ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ မိုင်မိုင်ဆိုင်းက သူမနဲ့ ငွေဇင်လှိုင်းမှာ တူတဲ့အချက်လေးတွေ ရှိတယ်လို့ ဆိုပါ တယ်။ Voting No (4) ချင်းလည်း တူသလို ပြုတ်သွားတဲ့ အဆင့် Top 4 ချင်းလည်းတူတယ်လို့ မိုင်မိုင်းဆိုင်းက ပြောပါတယ်။ နောက်ထပ် တူတာရှိပါသေးတယ်။ အဲ့ဒါကတော့ သူတို့နှစ်ယောက်စလုံး ကိတ်တာချင်းလည်း တူတယ်ဆိုပြီး မိုင်မိုင်ဆိုင်းက ပြောထားတာတွေ့ရပါတယ်။
"Voting No 4 ချင်းလည်းတူတယ် ပြုတ်သွားတဲ့အဆင့် Top 4 ချင်းလည်းတူတယ် ကိတ်တာချင်းလည်းတူတယ်။ အယ်!ရုပ်လေးကလည်း ခပ်ဆင်ဆင် ဟီဟီ   တော်တော်များများကိုတိုက်တိုက်ဆိုင်ဆိုင်တူတာ.." ဆိုပြီး ဇူလိုင် (၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာပါ။
37915956_1779366532151939_7403636621658030080_n.jpg
Photo : မိုင်မိုင်ဆိုင်း FB
တူတဲ့အချက်လေးတွေကိုပြောပြထားသလို မတူတာလေးကိုလည်း ပြောပြထားသလို ငွေဇင်လှိုင်းကိုလည်း မိုင်မိုင်ဆိုင်းက ချီးကျူးစကား ဆိုထားပါသေးတယ်။
"မတူတာက ငမိုင်က Rock လောက်ဘဲအားသန်တယ်..music အကြောင်းလည်းအဲ့လောက်နားမလည်ဘူး..ဖြစ်ချင်စိတ်ကြီးတာ ရူးသွပ်တာ ဘဲသိတယ်။ ဟီဟီ   Top 4 ရောက်တာ ကံကောင်း ။ငွေဇင်က သိပ်ကိုတော်ပါတယ် ဘယ်သီချင်းကိုမဆို သူ့သီချင်းဖြစ်အောင်လုပ်နိုင်တယ်..ဒီထက်မကအဆင့်တက်ဖို့အရည်အချင်းအများကြီးနဲ့ပြည့်စုံပါတယ်။ အသံကစားတာ mood တွေ expression တွေ အရမ်း professional ကျတယ် သီချင်းတိုင်းကိုဆိုနိုင်တယ်..." ဆိုပြီး ငွေဇင်လှိုင်းရဲ့ အားသာချက်ကို ပြောပြထားပါတယ်။
37844397_1776982065723719_9025747006584258560_n.jpg
Photo : မိုင်မိုင်ဆိုင်း FB
အကဲဖြတ်ဒိုင်အချင်းချင်း အမြင်မတူဘူးဆိုတဲ့ မျိုးကျော့မြိုင် 
Myanmar Idol ကြောင့်သာ ငွေဇင်လှိုင်းဟာ သူမရဲ့ ဂျူနီယာတစ်ယောက်ဖြစ်ပေမယ့် အပြင်လောကမှ တခြားအဆိုတော်ကြီးတွေလိုပဲ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသားပါလို့ မိုင်မိုင်ဆိုင်းက ဆိုပါတယ်။ ဒါကြောင့် ငွေဇင်လှိုင်းကို ဆက်လက်ကြိုးစားဖို့အတွက် မိုင်မိုုုင်းဆိုင်းက ပြောထားပါတယ်။
မိုုင်မိုုင်ဆိုင်းဟာ လက်ရှိမှာ ရှိုးပွဲတွေ သွားနေသလို သီချင်းအသစ်တွေ ဖန်တီးနေတယ်လို့ သိရပါတယ်။ Myanmar Idol Season 2 ကနေ လူသိများလာခဲ့တဲ့ သူမဟာ ဂီတပိုင်းမှာ ပရိသတ်အားပေးမှု ရရှိအောင် ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
37877114_2126898924245189_6581074861769097216_n.jpg
Photo : Myanmar idol
အခုဆိုရင် Myanmar Idol Season 3 ကလည်း Top 3 အထိ ရောက်ရှိလို့သွားပါပြီ။ Top 3 ထဲမှာဆိုရင် ကျန်ရှိခဲ့တဲ့ ပြိုင်ပွဲဝင်တွေက ချမ်းမြေ့မောင်ချို၊ ဖြိုးမြတ်အောင်၊ ဇော်ကြီးတို့ ကျန်ရှိခဲ့တာဖြစ်ပြီး မကြာခင် ဖိုင်နယ် ပြိုင်ပွဲကြီးမှာ ဘယ်သူက Winner ဆုကို ရရှိမလဲဆိုတာ ရင်ခုန်စိတ်လှုပ်စရှားဖို့ ကောင်းနေပါပြီ။
[Zawgyi Version]
Photo : Myanmar idol
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs