• Local Celebrity
    Roar Roar လေးရဲ့ ငယ်ငယ်ကပစ္စည်းတွေကို ပြန်လှူခဲ့တဲ့ ဆုပန်ထွာ
Ei Ei Myat
[Unicode Version]

ဆုပန်ထွာတို့ မိသားစုလေးဟာအလှူရေစက် လက်နဲ့ မကွာဆိုသလိုပါပဲ။ဒီနေ့မှာလည်း လှိုင်သာယာမှာ ရှိတဲ့ ကလေးလေးတွေ အတွက် Roar Roar လေး ငယ်စဉ်က သုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို ကလေးလေးအတွက် ပြန်လှူဖြစ်ခဲ့တယ်တဲ့။

37881996_2228598480501645_475137848111005696_n.jpg

Photo : ဆုပန်ထွာ FB

 

သရုပ်ဆောင် ဆုပန်ထွာက လှိုင်သာယာမှာရှိတဲ့ သစ်တံခါးဆရာတော်ကြီးကို လာဖူးရင် အပြန်မှာ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအ လှူက ဘုန်းဘုန်းကြီးဆီကအပြန် ကလေးတွေ အများကြီးကိုတွေ့လို့ Roar Roar လေး ငယ်စဉ်က သုံးခဲ့တဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ ကို ကလေးတွေအတွက်  ပြန်လှူခဲ့တာ ဖြစ်ပါတယ်။

37887261_2228598577168302_1552645954702671872_n.jpg

Photo : ဆုပန်ထွာ FB

 

လက်ဆောင်ပစ္စည်းလေးတွေရတဲ့ ကလေးလေးတွေ ပျော်နေတာကြည့်ပြီး သူမလည်း ပျော်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့လေးတွေတစ်ခုပေးရင်တစ်ယောက်ပျော်သွားတာလေးကြည့်ပြီး၊ကိုယ်လဲအပျော်လေးတွေကူးပါတယ်။တကယ်လိုအပ်တဲ့နေရာကျတော့ လည်းသူတို့အတွက်တန်ဖိုးရှိလိုက်တာ။ နို့ဗူးတွေ၊အရုပ်တွေ၊ကစားစရာလေးတွေ၊အိန်းကျီလေးတွေ၊ဖိနပ်တွေ၊ခြေအိတ်တွေ၊ ဦးထုပ်လေးတွေ အိုသူတို့အတွက်ပေးလို့တောင်မလောက်နိုင်ဘူး။ Roar Roar လေးကိုငယ်ငယ်က လက်ဆောင်ပေးကြ တဲ့ပစ္စည်းလေးတွေလဲ ပါတာမို့ ပေးတဲ့ သူတွေလည်းကုသိုလ်ရကြမှာသေချာပါတယ်နော်။ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၈) ရက်နေ့ ရေးသားထားတာပါ။

37878878_2228599310501562_7588877010651316224_n.jpg

Photo : ဆုပန်ထွာ FB

 

သူမအနေနဲ့ ဒီနေ့မှာ အမှတ်မထင်ဆုံခဲ့တဲ့ ကလေးအမေတွေကိုလည်း ချစ်သလို ကလေးလေးတွေကိုလည်း ချစ်တယ်လို့ ပြောထားပါသေ းတယ်။

"နို့ဗူးဆို့နေတဲ့ကလေးလေးတွေအတွက်ပေးလို့တောင်မလောက်ခဲ့ဘူး။ ဖိနပ်ကလေးတွေဆို လည်းသေချာစီးပေးပြီး တကယ်တော်တဲ့ သူမှ ပေးဖြစ် ပါတယ်။ ကလေးတွေရဲ့လိုချင်တဲ့မျက်လုံးလေးတွေ၊ ခေးမေမေတွေရဲ့ အလုအယက် ကိုယ့်သားသမီးအတွက် ဘာနဲ့သင့်တော်မလဲ ဆိုပြီးအပြေးအလွှား ကလေးချီပြေးလာတာလေးတွေ။ မျက်လုံးထဲမှာရော၊ရင်ထဲမှာရော ချစ်စရာပုံလေးတွေမို့ ချစ်တယ်။ ဒီနေ့အမှတ်တမဲ့ ခဏဆုံခဲ့ရတဲ့ခေးမေတွေကိုချစ်တယ်။ကလေးလေးတွေကိုလည်းချစ်တယ်။ သူတို့လေးတွေကြည့်ပြီး အားလုံးအဆင်ပြေကြဖို့ ပျော်ကြဖို့ဆုတောင်းပေးရင်း" ဆိုပြီး သူမက ဆက်လက်ပြောပြထားတာပါ။

37876161_2228598737168286_5964638327695998976_n.jpg

Photo : ဆုပန်ထွာ FB

မောင်ကောင်းပြည့်တို့ မိသားစုနဲ့ အပြုံးတွေဝေနေတဲ့ ဆုပန်ထွာ 

ဆုပန်ထွာတို့ မိသားစုလေးဟာအလှူရေစက် လက်နဲ့ မကွာဆိုသလိုပါပဲ။ ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းလှူဒါန်းဖြစ်သလို အကူအညီ လိုရင် လိုတဲ့သူတိုင်းကိုလည်း လက်မနှေးပဲ ကူညီတတ်တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ ဝေဖန် တိုက်ခိုက်မှုများစွာရဲ့ ကြားကနေ လက်ထပ်ဖြစ်ခဲ့တဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။

37904012_2228598930501600_5752273588140900352_n.jpg

Photo : ဆုပန်ထွာ FB

 

ဆုပန်ထွာဟာ သားလေးRoar Roar Kyaw မွေးပြီးတဲ့နောက် မိသားစုကိုလည်း အချိန်ပေးဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း လက်မလွှတ်တမ်းဆောင်ရွက်နေသလို ဂီတဘက်မှာလည်း ဖျော်ဖြေရေးတွေ သီဆိုနေရတယ်လို့ သိရပါတယ်။

[Zawgyi Version]

ဆုပန္ထြာတုိ႔ မိသားစုေလးဟာအလွဴေရစက္ လက္နဲ႔ မကြာဆုိသလုိပါပဲ။ဒီေန႕မွာလည္း လိႈင္သာယာမွာ ရွိတဲ့ ကေလးေလးေတြ အတြက္ Roar Roar ေလး ငယ္စဥ္က သံုးခဲ့တဲ့ အသံုးအေဆာင္ပစၥည္းေလးေတြကို ကေလးေလးအတြက္ ျပန္လွဴျဖစ္ခဲ့တယ္တဲ့။

Photo : ဆုပန္ထြာ FB

 

သရုပ္ေဆာင္ ဆုပန္ထြာက လိႈင္သာယာမွာရွိတဲ့ သစ္တံခါးဆရာေတာ္ႀကီးကို လာဖူးရင္ အျပန္မွာ အလွဴေလးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအ လွဴက ဘုန္းဘုန္းႀကီးဆီကအျပန္ ကေလးေတြ အမ်ားႀကီးကိုေတြ႕လို႕ Roar Roar ေလး ငယ္စဥ္က သံုးခဲ့တဲ့ အသံုးအေဆာင္ ပစၥည္းေလးေတြ ကို ကေလးေတြအတြက္  ျပန္လွဴခဲ့တာ ျဖစ္ပါတယ္။

Photo : ဆုပန္ထြာ FB

 

လက္ေဆာင္ပစၥညး္ေလးေတြရတဲ့ ကေလးေလးေတြ ေပ်ာ္ေနတာၾကည့္ၿပီး သူမလည္း ေပ်ာ္ခဲ့တယ္လို႕ ဆုိပါတယ္။

"သူတို႔ေလးေတြတစ္ခုေပးရင္တစ္ေယာက္ေပ်ာ္သြားတာေလးၾကည့္ၿပီး၊ကိုယ္လဲအေပ်ာ္ေလးေတြကူးပါတယ္။တကယ္လိုအပ္တဲ႕ေနရာက်ေတာ့ လည္းသူတို႔အတြက္တန္ဖိုးရွိလိုက္တာ။ ႏို႔ဗူးေတြ၊အ႐ုပ္ေတြ၊ကစားစရာေလးေတြ၊အိန္းက်ီေလးေတြ၊ဖိနပ္ေတြ၊ေျခအိတ္ေတြ၊ ဦးထုပ္ေလးေတြ အိုသူတို႔အတြက္ေပးလို႔ေတာင္မေလာက္ႏိုင္ဘူး။ Roar Roar ေလးကိုငယ္ငယ္က လက္ေဆာင္ေပးၾက တဲ႕ပစၥည္းေလးေတြလဲ ပါတာမို႔ ေပးတဲ႕ သူေတြလည္းကုသိုလ္ရၾကမွာေသခ်ာပါတယ္ေနာ္။ " ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလိုင္(၂၈) ရက္ေန႕ ေရးသားထားတာပါ။

Photo : ဆုပန္ထြာ FB

 

သူမအေနနဲ႕ ဒီေန႕မွာ အမွတ္မထင္ဆံုခဲ့တဲ့ ကေလးအေမေတြကိုလည္း ခ်စ္သလို ကေလးေလးေတြကိုလည္း ခ်စ္တယ္လို႕ ေျပာထားပါေသ းတယ္။

"ႏို႔ဗူးဆို႔ေနတဲ႕ကေလးေလးေတြအတြက္ေပးလို႔ေတာင္မေလာက္ခဲ႕ဘူး။ ဖိနပ္ကေလးေတြဆို လည္းေသခ်ာစီးေပးၿပီး တကယ္ေတာ္တဲ႕ သူမွ ေပးျဖစ္ ပါတယ္။ ကေလးေတြရဲ႕လိုခ်င္တဲ႕မ်က္လံုးေလးေတြ၊ ေခးေမေမေတြရဲ႕ အလုအယက္ ကိုယ့္သားသမီးအတြက္ ဘာနဲ႕သင့္ေတာ္မလဲ ဆိုၿပီးအေျပးအလႊား ကေလးခ်ီေျပးလာတာေလးေတြ။ မ်က္လံုးထဲမွာေရာ၊ရင္ထဲမွာေရာ ခ်စ္စရာပံုေလးေတြမို႔ ခ်စ္တယ္။ ဒီေန႔အမွတ္တမဲ့ ခဏဆံုခဲ႕ရတဲ႕ေခးေမေတြကိုခ်စ္တယ္။ကေလးေလးေတြကိုလည္းခ်စ္တယ္။ သူတို႔ေလးေတြၾကည့္ၿပီး အားလံုးအဆင္ေျပၾကဖို႔ ေပ်ာ္ၾကဖို႔ဆုေတာင္းေပးရင္း" ဆိုၿပီး သူမက ဆက္လက္ေျပာျပထားတာပါ။

Photo : ဆုပန္ထြာ FB

ေမာင္ေကာင္းျပည့္တုိ႔ မိသားစုနဲ႔ အျပဳံးေတြေဝေနတဲ့ ဆုပန္ထြာ 

ဆုပန္ထြာတုိ႔ မိသားစုေလးဟာအလွဴေရစက္ လက္နဲ႔ မကြာဆုိသလုိပါပဲ။ ၾကာသာပေတးေန႔တုိင္း ဆြမ္းေလာင္းလွဴဒါန္းျဖစ္သလုိ အကူအညီ လုိရင္ လုိတဲ့သူတုိင္းကုိလည္း လက္မေႏွးပဲ ကူညီတတ္တဲ့ ဇနီးေမာင္ႏွံျဖစ္ပါတယ္။ သရုပ္ေဆာင္ ဆုပန္ထြာနဲ႔ ကုိဥကၠာေက်ာ္တုိ႔ဟာ ေဝဖန္ တုိက္ခုိက္မႈမ်ားစြာရဲ႕ ၾကားကေန လက္ထပ္ျဖစ္ခဲ့တဲ့ ဇနီးေမာင္ႏွံျဖစ္ပါတယ္။

ဆုပန္ထြာဟာ သူ႔ရဲ႕ ဘဝမွာ ခင္ပြန္းျဖစ္တဲ့ ကုိဥကၠာေက်ာ္ရဲ႕ ခ်စ္ျခင္းတစ္ခုတည္းနဲ႔တင္ ျပည့္စုံေနၿပီလုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ သာယာေပ်ာ္ရႊြင္တဲ့ မိသားစု ဘဝတစ္ခုကုိ ဦးေဆာင္ တည္ေဆာက္ေပးတဲ့ ခင္ပြန္းျဖစ္တာေၾကာင့္လည္း သူ႔ရဲ႕ ဘဝမွာ အစစအရာရာ ျပည့္စုံခဲ့တယ္လုိ႔ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာဖြင့္ေျပာျပခဲ့ဖူးပါေသးတယ္။

Photo : ဆုပန္ထြာ FB

 

ဆုပန္ထြာဟာ သားေလးRoar Roar Kyaw ေမြးၿပီးတဲ့ေနာက္ မိသားစုကုိလည္း အခ်ိန္ေပးျဖစ္သလုိ အႏုပညာအလုပ္ေတြလည္း ဆက္တုိက္ ေဆာင္ရြက္ ေနရတာျဖစ္ပါတယ္။ သရုပ္ေဆာင္အလုပ္ကုိလည္း လက္မလႊတ္တမ္းေဆာင္ရြက္ေနသလုိ ဂီတဘက္မွာလည္း ေဖ်ာ္ေျဖေရးေတြ သီဆုိေနရတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs