• Local Celebrity

    သမီးလေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မင်းရာဇာ

Sabal Thwin
[Unicode Version]

သရုပ်ဆောင်မင်းရာဇာနဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ်မင်းရာဇာရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့ပွဲ ကို သြဂုတ်လ ၁ရက်နေ့က မူကြိုကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သမီးလေးအတွက်  မွေးနေ့ဆုတောင်းတွေကိုလည်း ဖေဖေ မင်းရာဇာက အခုလို ရေးသား ထားပါတယ်။

34672571_246908486076329_6460526455599136768_n.jpg

Photo: Min Yarzar Fb

 

အက်ရှင်မင်းသားချော သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်တဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ်မင်းရာဇာရဲ့  အသက် ၄ နှစ်ပြည့်မွေးနေ့ကို သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းက သမီးလေးတက်ရောက်ပညာသင်ကြားနေတဲ့ မူကြိုကျောင်းမှာ ပြုလုပ်ခဲ့ပြီး မွေးနေ့ ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါသေးတယ်။

'' ကမ္ဘာပေါ်မှာအချစ်ရဆုံးလေးပါ။လေးနှစ်ပြည့်သွားပြီ အသက်ရှည်ကျန်းမာချမ်းသာပြီး လူသားအားလုံးအတွက် အကျိုးပြုနိုင်မည့် ပညာတက် ကြီးဖြစ်ပါစေ သမီးလေးရေ။သမီးလေးတွက်ဆုတောင်းပေးချင်တဲ့သူငယ်ချင်းတွေများရှိလားဗျာ'' ဆိုပြီးတော့ ဇူလိုင်လ ၂ရက်နေ့ ည ၀၀:၃၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။

38135322_301093100657867_6939620642899623936_n.jpg

Photo: Min Yarzar Fb

 

သရုပ်ဆောင်မင်းရာဇာနဲ့ မဖူးငုံပွင့် တို့ဟာ သမီးလေး   ကို ၂၀၁၄ ခုနှစ်သြဂုတ်လ ၁ ရက်နေ့ က ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး သစ်သစ်မင်းရာဇာ ရဲ့ မွေးနေ့အတွက်ကိုလည်း ပရိသတ်တွေက အားရဝမ်းသာစွာနဲ့ မွေးနေ့ဆု တောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။

38235106_301094013991109_6985469719432134656_n.jpg

Photo: Min Yarzar Fb

အနုပညာသမားချင်း မကောင်းဘူးဆိုရင် ကောင်းတာဖြစ်လာဖို့ လမ်းပြပေးရမယ်ဆိုတဲ့ မင်းရာဇာ 

အက်ရှင်ဇာတ်ကားတွေ နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။

38260545_301092753991235_580071952215965696_n.jpg

Photo: Min Yarzar Fb

 

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

[Zawgyi Version]


Photo: Min Yarzar Fb

 



Photo: Min Yarzar Fb

 


Photo: Min Yarzar Fb



Photo: Min Yarzar Fb

 




ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs